မကြာသေးမီက အမေရိကန် California ပြည်နယ် San Francisco မြို့ရှိ နေအိမ်တစ်လုံးကို ပြန်လည်ပြုပြင်မွမ်းမံနေသည့် ဆောက်လုပ်ရေးလုပ်သားများဟာ အိမ်ရဲ့ကွန်ကရစ်ကြမ်းပြင်အောက်၌ သေးငယ်တဲ့ကလေးခေါင်းတလားတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ထို့နောက် ၎င်းတို့က ဤကလေးဟာ 1800 ခုနှစ်များမှဖြစ်သည်ကို မကြာမီမှာဘဲ သိရှိခဲ့ကြရပါတယ်။ NTD ရုပ်မြင်သံကြားအရ Ericka Karner အမည်ရှိအမျိုးသမီးဟာ အလုပ်သမားအချို့အား သူမ၏နေအိမ်ကို ပြန်လည်ပြုပြင်ရန် တောင်းဆိုခဲ့ပေမဲ့ ၎င်းတို့ဟာ ကွန်ကရစ်ကြမ်းပြင်အောက်မှာ ၎င်းအခေါင်းတလားကို တွေ့ရှိခဲ့ကြပါတယ်။ အစပိုင်းမှာ ၎င်းတို့က ကလေးရဲ့နာမည်ကို မသိတဲ့အတွက် Miranda လို့ နာမည်ပေးခဲ့ပေမယ့် အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းဖြစ်တဲ့ Garden of Innocence က တစ်နှစ်ကျော်ကြာ မှတ်တမ်းမျိုးစုံ ပြုစုခဲ့ပြီး ၊နောက်ပိုင်းမှာ သူမကို ၂ နှစ်နဲ့ ၁၀ လအရွယ် ကလေး Edith Howard Cook လို့ သတ်မှတ်ခဲ့ကြပါတယ်။
.
Garden of Innocence မှကျင်းပသည့် သမိုင်းမှတ်တမ်းများကို အခြေခံ၍ ဤကလေးဟာ အာဟာရချို့တဲ့မှုကြောင့် 1876 ခုနှစ် အောက်တိုဘာလ 13 ရက်နေ့တွင် သေဆုံးခဲ့ကြောင်း ထင်ရှားပါတယ်။ သူမဟာ Edith ဟုတ်မဟုတ် သေချာသိရှိနိုင်ရန် အဖွဲ့အစည်းမှ Peter Cook အမည်ရှိအမျိုးသားအား ကလေးမလေးရဲ့မြစ်အဖြစ် မှတ်တမ်းတင်ဖို့ DNA စစ်ဆေးမှုခံယူရန် တောင်းဆိုခဲ့ပြီး ရလဒ်တွေကလည်း positive ဖြစ်နေခဲ့ပါတယ်။ ထို့ပြင် Edith ဟာ လူမှုရေးအရ ထင်ရှားကျော်ကြားတဲ့ စုံတွဲတစ်တွဲရဲ့ ပထမဆုံးသမီးဖြစ်တယ်လို့လည်း မှတ်တမ်းတွေအရ သိရပါတယ်။
.
သို့ပေမဲ့ သူမမိဘတွေရဲ့လူမှုအဆင့်အတန်းကို ထည့်သွင်းစဉ်းစားတဲ့အနေနဲ့ ဒီကလေးမလေးဟာ အာဟာရချို့တဲ့လို့ သေဆုံးရတာကတော့ အတော်လေး ဆန်းကြယ်နေပါတယ်။
.
ယခုအခါ Ericka Karner ပိုင်ဆိုင်သည့် နေအိမ်အောက်၌ သူမကို အဘယ်ကြောင့် မြှုပ်နှံထားရသည့် အခြားသော လျှို့ဝှက်ဆန်းကြယ်မှုနှင့်ပတ်သက်၍ အဆိုပါနေရာဟာ Odd Fellows သင်္ချိုင်းဖြစ်ခဲ့ဖူးကြောင်း ထင်ရှားပြီး လွန်ခဲ့တဲ့ 1930 ခုနှစ်များမှာ ၎င်းသင်္ချိုင်းကို ရွှေ့ပြောင်းခဲ့ကာ ရုပ်အလောင်းများကို တည်နေရာအသစ်သို့ ရွှေ့ပြောင်းခဲ့ပေမဲ့လည်း ၊ Edith ရဲ့ရုပ်အလောင်းကိုတော့ လျစ်လျူရှုထားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရပါတယ်။
.
ရုပ်အလောင်းကို အခေါင်းသေးသေးလေးထဲမှာ အပြည့်အ၀ ထိန်းသိမ်းထားခဲ့တာကြောင့် ကလေးမလေးဟာ 1800 ခုနှစ်များက လာသည်ကို ယုံရခက်စရာဖြစ်နေခဲ့ပါတယ်။ DNA သာမစစ်ဆေးခဲ့ရင်တော့ Edith လေးဟာ သူမရဲ့အလောင်းကိုမတွေ့ရှိမီ ရက်အနည်းငယ်အလိုမှာဘဲ သေဆုံးသွားခဲ့တယ်လို့သာ ယုံကြည်မိသွားနိုင်ပါတယ်။ ထို့ပြင် Garden of Innocence ဟာ အလှူငွေ ဒေါ်လာ 10,000 ဖြင့် Edith လေးကို သင့်လျော်စွာ သင်္ဂြိုလ်ပေးနိုင်ခဲ့ပါတယ်။
Mia (Mckzone daily)
Reference : rachfeed
Be the first to comment on "လွန်ခဲ့တဲ့ ၁၈၀၀ ခုနှစ်များထဲက သေဆုံးသွားခဲ့တဲ့ ကလေးမလေးရဲ့ ပုံမပျက်သေးတဲ့ရုပ်အလောင်းကို နေအိမ်ရဲ့အောက်၌ တွေ့ရှိခဲ့"