အသက် 34 နှစ်အရွယ် သတ္တုပွဲစားတစ်ဦးဖြစ်တဲ့ Abraham Reyes အမည်ရှိအမျိုးသားတစ်ဦးဟာ လွန်ခဲ့သည့် နှစ်အနည်းငယ်က သူ့ရဲ့ အဒေါ်ထံမှ အတော်လေး ထူးဆန်းတဲ့ မိသားစု အမွေခံပစ္စည်းကို လက်ခံရရှိခဲ့ပြီး ၎င်းကို လုံခြုံတဲ့ ငွေသွင်းသေတ္တာထဲ၌ သိမ်းဆည်းထားခဲ့ပါတယ်။ ၎င်းအမွေခံပစ္စည်းက အဘိုးဖြစ်သူထံမှ မျိုးဆက်တစ်ခုမှ မျိုးဆက်တစ်ခုသို့ ကူးဆက်လာခဲ့ပြီး Reyes ဟာ ၎င်းက အဖိုးတန်သောအရာတစ်ခုလို့လည်း တစ်ခါမှမတွေးထင်ထားခဲ့ပါဘူး။ အဘိုးဖြစ်သူက ၎င်းထူးဆန်းတဲ့အမွေခံပစ္စည်းကို ဖိလစ်ပိုင်နိုင်ငံ၊ Palawan မြို့က ရခဲ့တာကိုသိတဲ့အပြင် ၎င်းတို့မိသားစုဆွေမျိုးများက သွားနဲ့တူတဲ့ အဖြူရောင် ‘ကျောက်တုံး’ ပဲလို့ ထင်ခဲ့ကြတာပါ။
.
ဒါပေမယ့် Reyes ဟာ ၎င်းရဲ့ အသွင်သဏ္ဍာန်က ပုလဲနဲ့မတူပေမဲ့ ၎င်းက အနည်းဆုံးတော့ အဖိုးတန်ပုလဲတစ်မျိုးမျိုးတော့ဖြစ်ရမယ်လို့ အခိုင်အမာဆိုထားခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ၎င်းတို့ရဲ့အဘိုးဖြစ်သူက ၎င်းကို လွန်ခဲ့တဲ့ ၁၉၅၉ ခုနှစ်မှာ တံငါသည်တစ်ဦးထံမှ ဝယ်ခဲ့တဲ့ ဂုံးကောင်ကြီးတစ်ခု၌ တွေ့ရှိခဲ့ခြင်းကြောင့်ဘဲ ဖြစ်ပါတယ်။ အဒေါ်ဖြစ်သူကလည်း သူ့ရဲ့သံသယကို သဘောတူနေခဲ့တာကြောင့် နောက်ဆုံး Reyes ဟာ အာရှအနုပညာအတိုင်ပင်ခံ Anthony Wu ရဲ့အကူအညီနဲ့ New York City မှာရှိတဲ့ Gemological Institute of America မှာ ၎င်းအမွေဆက်ခံပစ္စည်းရဲ့ ပုံစံအမှန်ကို စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
.
၎င်းတို့ရဲ့အံ့အားသင့်စရာကတော့ ၎င်း ထူးဆန်းတဲ့ ‘ကျောက်’ ဟာ အမှန်တကယ်ပင် ပုလဲတုံးကြီးဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးမှာ အလေးချိန် 61 ပေါင်ရှိသည့် Reyes တို့၏မိသားစုအမွေဆက်ခံမှုကြီးဟာ မကြာသေးမီက ကမ္ဘာ့အကြီးဆုံးဟု ယူဆရသည့် Lao-Tzu ပုလဲတုံးကြီးရဲ့အလေးချိန်ထက် လေးဆ ပိုနေခဲ့ပါတယ်။ ထို့ပြင် “ ဒီပုလဲတုံးကြီးထက် ကြီးတဲ့အခြားပုလဲတုံးပုံစံနမူနာတော့ မရှိတော့ဘူးထင်တယ် ” ဟုလည်း Wu က ပြောကြားခဲ့ပါတယ်။ ထို့နောက် Reyes က ၎င်းကို Giga Pearl ဟု အမည်ပေးထားခဲ့ပြီး နှစ်တစ်ထောင်ကျော် သက်တမ်းရှိတဲ့ ၎င်းအဖြူနှင့် နို့နှစ်ရောင်ရှိတဲ့၎င်းပုလဲဟာ မွေးကင်းစကလေးအရွယ်ခန့်ရှိပါတယ်။
.
မကြာသေးမီက ကျွမ်းကျင်သူနှစ်ဦးက ၎င်းဟာ ၎င်းတို့မြင်ဖူးသမျှပုလဲတွေထဲမှ အကြီးဆုံးပုလဲတုံးကြီးဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၎င်းရဲ့တန်ဖိုးဟာ ဒေါ်လာ သန်း ၉၀ အထိ တန်ကြေးရှိသည်ဟုလည်း အာမခံအကဲဖြတ်သူများက ပြောကြားခဲ့ပါတယ်။ အံ့အားသင့်ဖွယ်ရှာဖွေတွေ့ရှိမှုအပြီးမှာ၊ ယခုအခါ Reyes ဟာ ၎င်းကို ကမ္ဘာကြီးသို့ပြသလိုပြီး ပုလဲကိုကိုင်ဆောင်ထိန်းထားရန် ၂၂ ကာရက်ရွှေဖြင့်ပြုလုပ်ထားသည့် ရေဘဝဲပုံသဏ္ဍာန်ကိုင်ဆောင်သူတစ်ဦးကိုလည်း တာဝန်ပေးအပ်ခဲ့ပါတယ်။
.
၎င်းပုလဲတုံးကြီးဟာ တကယ့်ကို ကြီးမားတဲ့ သွားတစ်ချောင်းနဲ့တူနေတာကို တွေ့မြင်နိုင်ပါတယ်။ “ ဒါဟာ ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်တဲ့ အရာပါ။ ခင်းကျင်းပြသဖို့ နေရာရှာချင်ပါတယ်။ ဒါကို ကမ္ဘာက သိသင့်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ” ဟု Reyes က ပြောကြားခဲ့ပါတယ်။ ဒါဟာ အံ့ဩ၊ ဝမ်းသာစရာတစ်ခုပါဘဲ ၊ အကြာကြီး လျစ်လျူရှုထားတဲ့ အရာတစ်ခုက ဒီလောက်တန်ဖိုးရှိတယ်ဆိုတာကို ဘယ်သူကသိမှာလဲနော်ဗျာ။
Mia (Mckzone daily)
Reference : goodtimes
Be the first to comment on "နှစ်အဆက်ဆက် လျစ်လျူရှုခံထားခဲ့ရတဲ့ ထူးဆန်းတဲ့မိသားစုအမွေဆက်ခံပစ္စည်းက အမေရိကန်ဒေါ်လာ သန်း ၉၀ တန်တဲ့ ပုလဲတုံးကြီးဖြစ်နေခဲ့"