လမ်းခွဲခဲ့တာ ၁ နှစ်ရှိပြီဆိုပေမဲ့ ရည်းစားဟောင်းရဲ့ ညဝတ်ဂါဝန်ကို ညတိုင်းပွေ့ဖက်ပြီး အိပ်စက်နေဆဲဖြစ်တဲ့ လူငယ်လေး



JRose (Mckzone daily)

Reference : yan

Unicode

မကြာသေးမီက အင်တာနက်သုံးစွဲသူတွေဟာ အိပ်ယာထဲမှာ အမျိုးသမီးတစ်ဦးရဲ့ ညဝတ်ဂါဝန်ကို ပွေ့ဖက်ထားတဲ့ ကောင်လေးတစ်ယောက်ရဲ့ ပုံရိပ်တွေကို မျှဝေလာခဲ့ပါတယ် ။ တကယ်တော့ ဒါက သူ့ကောင်မလေးရဲ့ ညဝတ်အင်္ကျီ ဆိုပေမယ့် သူတို့နှစ်ယောက် လမ်းခွဲခဲ့တာ တစ်နှစ်ကျော်ပါပြီ ။ ဒါပေမဲ့ ကောင်လေးက သူ့ကောင်မလေးရဲ့ အငွေ့အသက်ကို စွဲလန်းနေသေးတာကြောင့် ကောင်မလေးရဲ့ ရှပ်အင်္ကျီကို သိမ်းထားခဲ့ပါတယ် ။ ညဝတ် ၀တ်စုံကို တစ်ချက်ကြည့်လိုက်ရင် ညတိုင်းသုံးနေကျမို့ စွန်းထင်းနေတာသိသာပေမဲ့ ရည်းစားဟောင်းရဲ့ အနံ့ပျောက်သွားမာစိုးလို့ ကောင်လေးက မလျှော်ဘဲ ထားခဲ့ပါတယ် ။

လူတော်တော်များများက ယောက်ျားလေးမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိတယ်လို့တောင် ထင်ကြပါတယ် ။ ဒါပေမယ့် လူတော်တော်များများက “ရီစရာ ရယ်စရာကောင်းတဲ့ လုပ်ရပ်ရဲ့ နောက်ကွယ်မှာ အရမ်းဝမ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းတစ်ခု ရှိရမယ်” ဆိုတဲ့ အမြင်နဲ့ လူတော်တော်များများက သနားကြပါတယ် ။ သေချာတာကတော့ တစ်ယောက်နဲ့တစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်ကြတဲ့ သူတွေ အတွက် လမ်းခွဲလိုက်တာဟာ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေမယ့် တုန်လှုပ်စရာပါပဲ ။

JRose (Mckzone daily)

Be the first to comment on "လမ်းခွဲခဲ့တာ ၁ နှစ်ရှိပြီဆိုပေမဲ့ ရည်းစားဟောင်းရဲ့ ညဝတ်ဂါဝန်ကို ညတိုင်းပွေ့ဖက်ပြီး အိပ်စက်နေဆဲဖြစ်တဲ့ လူငယ်လေး"

Leave a comment

Your email address will not be published.


*