ေက်ာင္းစတက္မဲ့ ပထမဆံုးေန႔မွာပဲ ကိုယ့္ကိုအဆံုးစီရင္သြားခဲ့တဲ့ 10ႏွစ္အရြယ္ သမီးေလး

ေက်ာင္းစဖြင့္တဲ့ ရက္ေတြတိုင္းမွာ မိဘေတြက ကိုယ့္ရဲ႕သားသမီးေတြအတြက္ ေစာေစာစီးစီးထၿပီး ျပင္ဆင္စရာ႐ွိတာေတြ ျပင္ဆင္ေပးကာ ၊ ကေလးေတြကို အိပ္ယာကေန ႏိႈးထၿပီး ေက်ာင္းပို႔ေပးၾကတာက မိဘေတြရဲ႕ပံုမွန္အလုပ္တစ္ခုလိုပါပဲေလ ။ အရြယ္ေရာက္တဲ့အထိ တစ္ခ်ိဳ႕မိဘေတြက ျပဳလုပ္ေပးေနၾကဆဲပါဘဲ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံ ၊ Kuala Lumpur ၿမိဳ႕မွာ႐ွိတဲ့ 10ႏွစ္အရြယ္ သမီးေလးရဲ႕မိဘေတြဟာလည္း ပံုမွန္မိဘေတြလို ေက်ာင္းပထမဆံုးဖြင့္တဲ့ေန႔မွာ ေစာေစာစီးစီးထၿပီး သမီးေလးအတြက္ျပင္ဆင္ေပးခဲ့ၾကပါတယ္ ။ ထို႔ေနာက္ သမီးေလးကို အိပ္ယာကေနႏႈိးဖို႔ သမီးေလး အခန္းထဲသို႔ ဝင္သြားခဲ့ပါတယ္ ။

သမီးေလးကို အိပ္ယာထဲကေနႏႈိးဖို႔ စဥ္စားၿပီး အခန္းထဲဝင္လာခဲ့ေပမဲ့ အခန္းထဲသို႔ေရာက္႐ွိခဲ့ခ်ိန္မွာေတာ့ သမီးေလးဟာႀကိဳးဆြဲခ်ၿပီး ကိုယ့္ကိုအဆံုးစီရင္သြားခဲ့တာကို အမွတ္မထင္ေတြ႔႐ွိခဲ့ရပါတယ္ ။ ထို႔ေနာက္ သမီးေလးကို ေဆးရံုသို႔အလ်င္အျမန္ေခၚေဆာင္သြားခဲ့ေပမဲ့လည္း သမီးေလးဟာ အသက္မ႐ွိေတာ့ပါဘူး ။ ရဲအရာ႐ွိေတြကေတာ့ ၿပီးခဲ့တဲ့ေန႔ မနက္ခင္း 5:30 အခ်ိန္မွာ တိုင္ၾကားစာလက္ခံရ႐ွိခဲ့ပါတယ္ ။

စံုစမ္းစစ္ေဆးမႈအရ ၿပီးခဲ့တဲ့ည 9နာရီအခ်ိန္က သမီးေလးကို အသက္႐ွင္လ်က္နဲ႔ေနာက္ဆံုးေတြ႔႐ွိခဲ့တာျဖစ္ေၾကာင္း မိဘမ်ားကထြက္ဆိုခဲ့ၾကပါတယ္ ။ အျခားေသာ ျပစ္မႈက်ဴ းလြန္ခဲ့တဲ့ အေထာက္အထားမ်ိဳးလံုးဝေတြ႔႐ွိျခင္းမ်ိဳးမ႐ွိတဲ့အျပင္ ၊ သမီးငယ္ေလးကိုလည္း မိဘမ်ားက ဆူဆဲျခင္းမ်ိဳးလံုးဝမျပဳလုပ္ခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။ ႐ုပ္အေလာင္းခြဲျပီးစစ္ေဆးဖို႔အတြက္ သမီးေလးရဲ႕အေလာင္းကို ေဆးရံုသို႔ပို႔ေဆာင္ထားေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကျောင်းစဖွင့်တဲ့ ရက်တွေတိုင်းမှာ မိဘတွေက ကိုယ့်ရဲ့သားသမီးတွေအတွက် စောစောစီးစီးထပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပေးကာ ၊ ကလေးတွေကို အိပ်ယာကနေ နှိုးထပြီး ကျောင်းပို့ပေးကြတာက မိဘတွေရဲ့ပုံမှန်အလုပ်တစ်ခုလိုပါပဲလေ ။ အရွယ်ရောက်တဲ့အထိ တစ်ချို့မိဘတွေက ပြုလုပ်ပေးနေကြဆဲပါဘဲ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Kuala Lumpur မြို့မှာရှိတဲ့ 10နှစ်အရွယ် သမီးလေးရဲ့မိဘတွေဟာလည်း ပုံမှန်မိဘတွေလို ကျောင်းပထမဆုံးဖွင့်တဲ့နေ့မှာ စောစောစီးစီးထပြီး သမီးလေးအတွက်ပြင်ဆင်ပေးခဲ့ကြပါတယ် ။ ထို့နောက် သမီးလေးကို အိပ်ယာကနေနှိုးဖို့ သမီးလေး အခန်းထဲသို့ ဝင်သွားခဲ့ပါတယ် ။

သမီးလေးကို အိပ်ယာထဲကနေနှိုးဖို့ စဉ်စားပြီး အခန်းထဲဝင်လာခဲ့ပေမဲ့ အခန်းထဲသို့ရောက်ရှိခဲ့ချိန်မှာတော့ သမီးလေးဟာကြိုးဆွဲချပြီး ကိုယ့်ကိုအဆုံးစီရင်သွားခဲ့တာကို အမှတ်မထင်တွေ့ရှိခဲ့ရပါတယ် ။ ထို့နောက် သမီးလေးကို ဆေးရုံသို့အလျင်အမြန်ခေါ်ဆောင်သွားခဲ့ပေမဲ့လည်း သမီးလေးဟာ အသက်မရှိတော့ပါဘူး ။ ရဲအရာရှိတွေကတော့ ပြီးခဲ့တဲ့နေ့ မနက်ခင်း 5:30 အချိန်မှာ တိုင်ကြားစာလက်ခံရရှိခဲ့ပါတယ် ။

စုံစမ်းစစ်ဆေးမှုအရ ပြီးခဲ့တဲ့ည 9နာရီအချိန်က သမီးလေးကို အသက်ရှင်လျက်နဲ့နောက်ဆုံးတွေ့ရှိခဲ့တာဖြစ်ကြောင်း မိဘများကထွက်ဆိုခဲ့ကြပါတယ် ။ အခြားသော ပြစ်မှုကျူ းလွန်ခဲ့တဲ့ အထောက်အထားမျိုးလုံးဝတွေ့ရှိခြင်းမျိုးမရှိတဲ့အပြင် ၊ သမီးငယ်လေးကိုလည်း မိဘများက ဆူဆဲခြင်းမျိုးလုံးဝမပြုလုပ်ခဲ့ရကြောင်း သိရှိရပါတယ် ။ ရုပ်အလောင်းခွဲပြီးစစ်ဆေးဖို့အတွက် သမီးလေးရဲ့အလောင်းကို ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment