ပြီးခဲ့တဲ့ မတ် ၂၉ ရက်နေ့က မျှဝေခဲ့တဲ့ YouTube ဗီဒီယိုတစ်ခုမှာ Supercar Blondie လို့လူသိများတဲ့ influencer အမျိုးသမီးတစ်ဦးက ဒူဘိုင်းရှိ ကားပါကင်တစ်ခုမှာ Jeric အမည်ရှိ ဖိလစ်ပိုင်နိုင်ငံပြည်ပလုပ်သားတစ်ဦးကို Hyundai Elantra ကားအသစ်စက်စက်တစ်စီး မိတ်ဆက်ပေးခြင်းဖြင့် အံ့အားသင့်စေခဲ့ပါတယ်။ Supercar Blondie က စစချင်း Jeric ကို ” နားထောင် ၊ ဒီနေ့ မင်းအတွက် အံ့သြစရာတစ်ခုရှိတယ် ” လို့ ပြောပြီး ကားအသစ်စက်စက်တစ်စီး မိတ်ဆက်ပေးခဲ့တာဘဲ ဖြစ်ပါတယ်။ Abir အမည်ရှိ Jeric ရဲ့သူဌေးက Jeric အား Hyundai Elantra ကားအသစ်စက်စက်ဖြင့် အံ့အားသင့်စေခဲ့တဲ့ အဓိကတရားခံဖြစ်ပါတယ်။
.
ထို့ပြင် Abir က ၎င်းတို့ရဲ့ရုံးက လူတိုင်းရဲ့အထင်ကြီးလေးစားမှုကိုခံနေရတဲ့ Jeric ရဲ့အကြောင်းကို “ Jeric က ကျွန်တော့်ရဲ့ ရုံးလက်ထောက်တစ်ယောက် မဟုတ်ပါဘူး ၊ သူက ကျွန်တော့်အဖွဲ့ရဲ့အဓိကအဖွဲ့ဝင်တစ်ယောက်ပါ ၊ သူက လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ကျွန်တော်တို့နှင့် လက်တွဲလာခဲ့တယ်၊ သူက အိတ်အလွတ်တစ်လုံးနှင့်လာခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်ပါ၊ သူ့အစ်ကို läw နဲ့ သူ့အစ်မတို့အကူအညီနဲ့ One Business Center မှာ သူ့ကို အလုပ်ရအောင် ကူညီပေးခဲ့တာပါ “ လို့ ပြောကြားခဲ့ပါတယ်။
.
ကမ္ဘာတစ်ဝှမ်းလုံးရင်ဆိုင်နေရတဲ့ လက်ရှိအခြေအနေကြောင့် လစာဖြတ်တောက်ခံနေရပေမဲ့လည်း Jeric ရဲ့နှုတ်ခမ်းပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားခြင်းမရှိခဲ့ကြောင်းလည်း Abir က ဆက်လက်ပြောကြားခဲ့ပါတယ်။ YouTube ဗီဒီယိုမှာတော့ Supercar Blondie က ရုတ်တရက်ပေါ်လာတာနဲ့ Jeric က အံ့အားသင့်သွားခဲ့ပြီး ကျော်ကြားတဲ့လူတစ်ယောက်အားမြင်လိုက်ရတဲ့အခါမှာ Jeric ရဲ့မျက်နှာပေါ်မှာ အမှန်တကယ် ပျော်ရွှင်မှုအရိပ်အယောင်များရှိနေတာကို မြင်တွေ့ရမှာပါ။
.
Supercar Blondie ရဲ့အဆိုအရ Jeric ရဲ့လုပ်ဖော်ကိုင်ဖက်များကလည်း Jeric မည်မျှကြိုးစားလုပ်ဆောင်ခဲ့ကြောင်းကို ပြောပြခဲ့ကြပါတယ်။ ဒါဟာ မယုံနိုင်လောက်အောင်ပါပဲ ၊ အလုပ်ကြိုးစားတဲ့ ဖိလစ်ပိုင်အမျိုးသားလေးဟာ နောက်ဆုံးတော့ သူရရှိခဲ့တဲ့ အံ့အားသင့်မှုကြောင့် ဝမ်းသာမျက်ရည်ကျသွားခဲ့ပါတယ်။ ထို့နောက် Jeric က ချက်ချင်း ဖိလစ်ပိုင်ရှိသူ့မိခင်ထံဖုန်းလှမ်းဆက်ပြီး သတင်းကောင်းကို သူ့မိခင်အား ပြောပြခဲ့ပါသေးတယ်။ ” ဒါက အမေ့အတွက်ဘဲ။ ဒီမနက် အမေ့ဆီကို စာပို့မိလို့ ကျွန်တော် ငိုခဲ့သေးတယ်။
.
သူမ အထီးကျန်နေမယ်ဆိုတာ ကျွန်တော် သိနေတယ်။ သူမက ဖိလစ်ပိုင်မှာပါ၊ ဒါ့ကြောင့် ဒီအရာက သူမအတွက်ပါဘဲ။ ကြီးမားတဲ့အကူအညီ နှင့် ဖုံးကွယ်ရာမှ ပေါ်လာတဲ့ ကံကောင်းခြင်းတစ်ခုပါပဲ ” လို့ဆိုကာ Jeric က သူ့ရဲ့သူဌေးနှင့် ကူညီပေးသူအားလုံးကို ထပ်မံ ကျေးဇူးတင်ကြောင်း ဝမ်းသာစွာ ပြောကြားခဲ့ပါသေးတယ်။
Mia (Mckzone daily)
Reference : everytruenews24
Be the first to comment on "ဇွဲလုံ့လဝီရိယရှိမှုကြောင့် မမျှော်လင့်ဘဲ သူဌေးထံမှ ကားတစ်စီးရရှိလိုက်လို့ ဝမ်းသာစွာ ငိုကြွေးနေခဲ့တဲ့ ပြည်ပလုပ်သားတစ်ဦး"