ပန်းခြံမဟုတ်ဘဲ တိရိစ္ဆာန်ဆေးကုခန်းသို့ အလိမ်ခေါ်လာခံလိုက်ရမှန်းသိသွားခဲ့တဲ့ အိမ်မွေးတိရိစ္ဆာန်လေးတို့ရဲ့ရယ်စရာတုံ့ပြန်မှုပုံရိပ်လေးများ


.

.

.

.

.

.

.

.

.

.

.

.

.

.

Jasmine (Mckzone daily)

Reference : buzznicked

Unicode

ဆေးထိုးအပ်ကြောက်လို့ ဆေးခန်းသွားရမှာ ကြောက်တဲ့လူသားအချို့တွေဘဲ အလားတူ တိရိစ္ဆာန်လေးတွေကလည်း ဆေးထိုးဖို့ ဒါမှမဟုတ် နာကျင်တဲ့ လုပ်ငန်းစဉ်တွေ ပြုလုပ်ဖို့ တိရိစ္ဆာန်ဆရာဝန်ထံသွားခြင်းကို မကြိုက်ကြပါဘူး။ သို့ပေမဲ့ ၎င်းတို့အတွက် ဆေးခန်းသွားဖို့ထက် ကားစီးရတဲ့အချိန်အများစုကိုတော့ စိတ်လှုပ်ရှားပျော်ရွှင်နေတတ်ကြပါတယ်။ အချို့သော သခင်ဖြစ်သူတွေက ၎င်းတို့ကို ပန်းခြံသွားမယ်လို့လိမ်ပြီး ဆေးခန်းပို့တတ်တဲ့အကျင့်ကြောင့် အချို့သော ဉာဏ်ပြေးတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေက သခင်ဖြစ်သူကို အမြဲမသင်္ကာ ဖြစ်နေတတ်ကြပါသေးတယ်။ အချို့ကလည်း ၎င်းတို့ ဘယ်နေရာရောက်နေမှန်း သိလိုက်တာနဲ့ ထိတ်လန့်တုန်လှုပ်စပြုလာပြီး ကားပေါ်မဆင်းဘဲ မလှုပ်တမ်း အငြိမ်နေနေတတ်ကြပါတယ်။ သို့ပေမဲ့ ဝမ်းနည်းနေတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့၎င်းကဲ့သို့သော ဆေးခန်းကြောက်တဲ့ ပုံရိပ်လေးတွေက ရယ်စရာကောင်းသလို မြင်သူတိုင်းကို ချစ်စရာကောင်းစေပါတယ်။ ဒီတော့ ဆေးခန်းမသွားချင်သလို ဆေးထိုးရမှာကြောက်နေလို့ သခင်မမြင်အောင် ပုန်းလျှိုးကွယ်လျှိုးလုပ်နေတတ်တဲ့ အိမ်မွေးတိရိစ္ဆာန်လေးတို့ရဲ့ ချစ်စရာပုံရိပ်များကို ဆက်လက်ကြည့်ရှုသွားခဲ့ကြပါအုံးဗျာ။

Jasmine (Mckzone daily)

Be the first to comment on "ပန်းခြံမဟုတ်ဘဲ တိရိစ္ဆာန်ဆေးကုခန်းသို့ အလိမ်ခေါ်လာခံလိုက်ရမှန်းသိသွားခဲ့တဲ့ အိမ်မွေးတိရိစ္ဆာန်လေးတို့ရဲ့ရယ်စရာတုံ့ပြန်မှုပုံရိပ်လေးများ"

Leave a comment

Your email address will not be published.


*