သမိုင်းတစ်လျှောက် ချစ်စရာအကောင်းဆုံးလေကြောင်းပို့ဆောင်ရေးယာဉ်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အဖြူရောင် Beluga ဝေလငါး ပုံသဏ္ဍာန်ကုန်တင်လေယာဉ် (ရုပ်သံ)

အဖြူရောင် beluga ဝေလငါးဟာ ထူးခြားသောအသွင်အပြင်၊ လိမ္မာပါးနပ်သော ကိုယ်ရည်ကိုယ်သွေးရှိပြီး ချစ်စရာအသံကို ထုတ်လွှတ်တတ်တဲ့ ရေနေသတ္တဝါတစ်မျိုးဖြစ်ပါတယ်။ ၎င်းရဲ့အဖြူရောင်အသွင်အပြင်ကြောင့် “ပင်လယ် Canary” ဟုလည်း ခေါ်တွင်ခဲ့ကြပါတယ်။ ယေဘူယျအားဖြင့်တော့ beluga ဝေလငါးတွေဟာ နက်ပြာရောင်ပင်လယ်ထဲမှာ ကူးခတ်လေ့ရှိပေမဲ့ အခုဆိုရင်တော့ သမုဒ္ဒရာထဲမှာ ကူးခတ်ရုံတင်မကဘဲ ကောင်းကင်မှာလည်း ပျံသန်းနေပြီဖြစ်ပါတယ်။ ဥရောပလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Airbus ဟာ ၎င်း၏ထူးခြားသော beluga ဝေလငါးပုံသဏ္ဍာန်ကြောင့် နာမည်ကြီးလာခဲ့တဲ့ “Airbus Beluga XL” ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ၎င်း Airbus Beluga XL ကို ပြည်ပမီဒီယာများက “ သမိုင်းတွင် ချစ်စရာကောင်းအကောင်းဆုံး လေယာဉ် ” ဟု အမည်ပေးခဲ့ကြပါတယ်။

.

အစပိုင်းမှာ လေကြောင်းလိုင်းဝန်ထမ်းများမှ ရွေးချယ်ရန် တိရိစ္ဆာန်များစွာမှ မဲပေးခဲ့ကြပြီး Beluga ဝေလငါးက မဲများရဲ့ 40% ရရှိခဲ့တာကြောင့် လေကြောင်းလိုင်းက ၎င်းတို့ရဲ့ Airbus A330 လေယာဉ်ကို မျက်လုံးနဲ့ ပါးစပ်တို့ထည့်ကာ Beluga ဝေလငါးအဖြစ် ပြောင်းလဲခဲ့ကြတာပါ။

.

၎င်းကို အဖြူရောင်စစ်စစ် ကိုယ်ထည်ပေါ်မှ တစ်ဖက်တစ်ချက်စီမှာ ချစ်စရာမျက်လုံးကြီးများနှင့် အပြာရောင်လိုင်းများဖြင့် ခြယ်သထားပါတယ်။ ၎င်းဟာ သုံးထပ်တိုက်တစ်လုံးကဲ့သို့ မြင့်မားပြီး အလေးချိန် ၁၂၅ မက်ထရစ်တန်ရှိသလို ကုန်စည် ၅၁ မက်ထရစ်တန် တင်ဆောင်နိုင်ပါတယ်။

မိုးကောင်းကင်ပေါ်မှာ ပျံသန်းနေတဲ့ ၎င်း၏ အရွယ်အစားနှင့် ပုံသဏ္ဍာန်ဟာ ဝေလငါးနှင့် အတော်လေး ဆင်တူပြီး ၎င်း၏ကိုယ်ထည်ပုံသဏ္ဍာန်ကို “ကောင်းကင်ရှိ ဝေလငါး” ဟုလည်း နာမည်ပြောင်ပေးထားကြပါတယ်။

.

Beluga လေကြောင်းလိုင်းများဟာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့၌ ပြင်သစ်မှာ ပထမဆုံးအကြိမ် စတင်ပျံသန်းခဲ့ပြီး ပထမအကြိမ် စတင်ထွက်ခွါချိန်၌ လေဆိပ်သို့ လူအများအပြား လာရောက်ရန် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အခင်းဖြစ်ပွါးရာနေရာရှိလူတိုင်းဟာ ဤ “ သမိုင်းတွင် အချစ်စရာကောင်းဆုံး လေယာဉ် ” ၏ သမိုင်းဝင် အသွင်အပြင်ကို မှတ်တမ်းတင်ရန်အတွက် ၎င်းတို့ရဲ့မိုဘိုင်းလ်ဖုန်းနှင့် တက်ဘလက်များဖြင့် ဓာတ်ပုံနှင့် ဗီဒီယိုများကို စိတ်ဝင်တစား ရိုက်ကူးခဲ့ကြပါတယ်။ ကနဦး လေယာဉ်ပျံသန်းပြီးနောက်မှာ၊ ၎င်း Beluga လေယာဉ်ဟာ တရားဝင်အသုံးမပြုမီ 10 လကြာ ပျံသန်းမှုစမ်းသပ်မှုကို အောင်မြင်ရမည်ဖြစ်ပါတယ်။

.

လက်ရှိအချိန်မှာတော့ Beluga လေယာဉ်ဟာ ခရီးသည်များကို ဧည့်ခံရန် မဖွင့်သေးဘဲ ဥရောပတစ်ဝှမ်းရှိ ရိက္ခာများ ပို့ဆောင်ရန်အတွက်သာ တာဝန်ရှိပါတယ်။ ထို့ပြင် ကုန်တင်လေယာဉ်အဖြစ်၊ Beluga ဝေလငါးလေယာဉ်၏ပါးစပ်ကို ဖွင့်နိုင်ပြီး ကုန်ပစ္စည်းများ တင်ဆောင်ရာတွင် အဆင်ပြေစေပါတယ်။ Airbus ဟာ လာမဲ့ 2023 ခုနှစ်မှာ ၎င်းကဲ့သို့ အလားတူ ကုန်တင်သင်္ဘော 5 စီးကိုလည်း တည်ဆောက်ရန် မျှော်မှန်းထားပါသေးတယ်။

” ကလေးတွေက ဒီလေယာဉ်ကို အရမ်းသဘောကျနေကြတယ် ၊ အဲဒါက ကျွန်တော်တို့ ကုမ္ပဏီရဲ့ ကိုယ်စားလှယ် လေယာဉ် ဖြစ်လာနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ် ” ဟု Airbus ရဲ့ စီမံကိန်း အကြီးအကဲ Bertrand George က ပြောကြားခဲ့ပါတယ်။ Airbus Beluga XL ကို ခရီးသည်တင်လေယာဉ်အဖြစ် တီထွင်ထုတ်လုပ်ရန် အစီအစဉ်မရှိသေးပေမဲ့လည်း အနာဂတ်မှာ အများသူငှာ ဖွင့်လှစ်နိုင်လိမ့်မယ်ဟု အင်တာနက်အသုံးပြုသူများက ယုံကြည်နေကြပြီး တစ်ခြားသောနိုင်ငံတွေမှာလည်း ဝေလငါးတွေ ကောင်းကင်မှာ ပျံသန်းနေတာကို မြင်တွေ့ခွင့်ရဖို့အတွက်လည်း မျှော်လင့်နေကြပါတယ်။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "သမိုင်းတစ်လျှောက် ချစ်စရာအကောင်းဆုံးလေကြောင်းပို့ဆောင်ရေးယာဉ်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အဖြူရောင် Beluga ဝေလငါး ပုံသဏ္ဍာန်ကုန်တင်လေယာဉ် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*