ကေလးငယ္ေတြ အေပ်ာ္စီးခ်ားရဟတ္ စီးနင္ေနတုန္း စက္ခ်ိဳ႕ယြင္မႈေၾကာင့္ မေသရံုတမယ္ ဒုကၡေရာက္ခဲ့ရတဲ့အျဖစ္ (႐ုပ္သံ)

ႏွစ္သစ္ကူး ရံုးပိတ္ရက္ ၊ ေက်ာင္းပိတ္ရက္ေတြမွာ အပန္းေျဖဥယ်ာဥ္ေတြ အလည္သြားလိုက္ရတာ ၊ ကိုယ္ႏွစ္သက္တဲ့ အရာေတြေဆာ့ကစားလိုက္ရတာဟာ ကေလးငယ္ေတြအတြက္ တကယ့္ေပ်ာ္ရႊင္မႈတစ္ခုပါပဲ ။ ဒီတစ္ေခါက္ ဖိလစ္ပိုင္ႏိုင္ငံ ၊ Antipolo ၿမိဳ႕မွာ ျဖစ္ပ်က္ခဲ့တဲ့ ကေလးအေပ်ာ္စီး ခ်ားရဟတ္ရဲ႕ ႐ုတ္တရက္စက္ခ်ိဳ႕ယြင္းၿပီး လိုက္ပါစီးနင္သူေတြကို ဒုကၡေရာက္ေစခဲ့တဲ့အျဖစ္ဟာ Facebook အသံုးျပဳသူေတြအၾကား အေတာ္ေလးေရပန္းစားေနလ်က္႐ွိပါတယ္ ။ Video ထဲမွာ ျမင္ေတြ႔ရတဲ့အတိုင္ တစ္ခံုကို ႏွစ္ေယာက္ထိုင္စီးလို႔ရတဲ့ ခ်ားရဟတ္ဟာ 360 ‘ လွည့္ပတ္ေနခဲ့တာပါ ။

ကံဆိုစြာနဲ႔ပဲ ခ်ားရဟတ္လွည့္ပတ္ေနတုန္း ထိုင္ခံုေတြကို ခ်ိတ္ဆြဲထားခဲ့တဲ့ သံေခ်ာင္းႀကီးဟာ ျပဳတ္ထြက္သြားခဲ့လို႔ စီးႏွင္းလိုက္ပါသူ ေကာင္မေလးတစ္ေယာက္ျပဳတ္က်သြားခဲ့ရပါတယ္ ။ သို႔ေပမဲ့လည္း သူမဟာ ေလးဖက္ကုန္းသြားၿပီး ခ်က္ခ်င္းေဒါင့္ဖက္နားမွာ ခိုးေအာင္းေနခဲ့တာပါ ။ ထိုအခ်ိန္မွာမွ စက္ဆရာဟာ အလ်က္အျမန္စက္ကို ရစ္ပစ္ခဲ့ၿပီး အဆိုပါထိုင္ခံုတြင္လိုက္ပါစီးနင္းခဲ့တဲ့ ကေလးငယ္ႏွစ္ေယာက္လံုး ဒဏ္ရာရ႐ွိသြားခဲ့ရပါတယ္ ။

ယခုကဲ့သို႔ ျဖစ္စဥ္မ်ိဳးဟာ မၾကာခဏျဖစ္ပ်က္ခဲ့လို႔ မဆန္းေတာ့ဘူးဆိုေပမဲ့လည္း တာဝန္႐ွိသူမ်ားအေနျဖင့္ အဆိုပါလုပ္ငန္းႏွင့္ လုပ္ကိုင္စားေသာက္ေနေသာ စက္ကိုင္ဆရာမ်ားကို ထိထိေရာက္ေရာက္စစ္ေဆးၿပီးမွသာ လုပ္ငန္းမ်ားကိုလုပ္ကိုင္ခြင့္ေပးသင့္ေၾကာင္း လူအမ်ားက မ်ိဳးစံုေဝဖန္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

နှစ်သစ်ကူး ရုံးပိတ်ရက် ၊ ကျောင်းပိတ်ရက်တွေမှာ အပန်းဖြေဥယျာဉ်တွေ အလည်သွားလိုက်ရတာ ၊ ကိုယ်နှစ်သက်တဲ့ အရာတွေဆော့ကစားလိုက်ရတာဟာ ကလေးငယ်တွေအတွက် တကယ့်ပျော်ရွှင်မှုတစ်ခုပါပဲ ။ ဒီတစ်ခေါက် ဖိလစ်ပိုင်နိုင်ငံ ၊ Antipolo မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ကလေးအပျော်စီး ချားရဟတ်ရဲ့ ရုတ်တရက်စက်ချို့ယွင်းပြီး လိုက်ပါစီးနင်သူတွေကို ဒုက္ခရောက်စေခဲ့တဲ့အဖြစ်ဟာ Facebook အသုံးပြုသူတွေအကြား အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။ Video ထဲမှာ မြင်တွေ့ရတဲ့အတိုင် တစ်ခုံကို နှစ်ယောက်ထိုင်စီးလို့ရတဲ့ ချားရဟတ်ဟာ 360 ‘ လှည့်ပတ်နေခဲ့တာပါ ။

ကံဆိုစွာနဲ့ပဲ ချားရဟတ်လှည့်ပတ်နေတုန်း ထိုင်ခုံတွေကို ချိတ်ဆွဲထားခဲ့တဲ့ သံချောင်းကြီးဟာ ပြုတ်ထွက်သွားခဲ့လို့ စီးနှင်းလိုက်ပါသူ ကောင်မလေးတစ်ယောက်ပြုတ်ကျသွားခဲ့ရပါတယ် ။ သို့ပေမဲ့လည်း သူမဟာ လေးဖက်ကုန်းသွားပြီး ချက်ချင်းဒေါင့်ဖက်နားမှာ ခိုးအောင်းနေခဲ့တာပါ ။ ထိုအချိန်မှာမှ စက်ဆရာဟာ အလျက်အမြန်စက်ကို ရစ်ပစ်ခဲ့ပြီး အဆိုပါထိုင်ခုံတွင်လိုက်ပါစီးနင်းခဲ့တဲ့ ကလေးငယ်နှစ်ယောက်လုံး ဒဏ်ရာရရှိသွားခဲ့ရပါတယ် ။

ယခုကဲ့သို့ ဖြစ်စဉ်မျိုးဟာ မကြာခဏဖြစ်ပျက်ခဲ့လို့ မဆန်းတော့ဘူးဆိုပေမဲ့လည်း တာဝန်ရှိသူများအနေဖြင့် အဆိုပါလုပ်ငန်းနှင့် လုပ်ကိုင်စားသောက်နေသော စက်ကိုင်ဆရာများကို ထိထိရောက်ရောက်စစ်ဆေးပြီးမှသာ လုပ်ငန်းများကိုလုပ်ကိုင်ခွင့်ပေးသင့်ကြောင်း လူအများက မျိုးစုံဝေဖန်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment