အထီးကျန်လွန်းလို့ဆိုပြီး ခင်ပွန်းဖြစ်သူကို နောက်ထပ် မယား သုံးယောက်နဲ့ လက်ထပ်ခွင့်ပြုခဲ့တဲ့ ဇနီးသည်တစ်ဦး (ရုပ်သံ)

အကယ်လို့ ကျွန်တော်တို့ထံမှာ ကျွန်တော်တို့ရဲ့လက်တွဲဖော်က အခြားသော ကျွန်တော်တို့ရဲ့လုပ်ဖော်ကိုင်ဖက်နှင့် လက်ထပ်ခြင်းဆိုင်ရာ ပြဿနာများပေါ်ပေါက်လာရင်တော့ “ တတိယကမ္ဘာစစ်ကြီး ” ဖြစ်သွားနိုင်ပေမဲ့လည်း မလေးရှားနိုင်ငံ Kelantan ပြည်နယ်ရှိ အိမ်ထောင်သည်စုံတွဲတစ်တွဲမှာတော့ ထိုသို့သော တင်းမာတဲ့ကိစ္စမျိုးဖြစ်မလာခဲ့ပါဘူး။ တကယ်တော့ ဒီအမျိုးသမီးတစ်ဦးက သူမရဲ့ခင်ပွန်းကို ၁ ယောက် ၊ ၂ ယောက်မဟုတ်ပဲ နောက်ထပ်မယား ၃ ယောက်ကို လက်ထပ်ယူဖို့ မီးစိမ်းပြလိုက်တာပါဘဲ။ အကြောင်းပြချက်က ရိုးရှင်းပေမဲ့လည်း သင်မျှော်လင့်ထားသည့်အရာတော့မဟုတ်နေဘဲ တကယ်တမ်း သူမဟာ အထီးကျန်ပြီး စကားပြောဖော် အပေါင်းအသင်းများ လိုအပ်နေလို့ဘဲဖြစ်ပါတယ်။

.

ကန်ထရိုက်တာတစ်ဦးဖြစ်သည့် သူမရဲ့ခင်ပွန်း Wali ဟာ မကြာခဏ အလုပ်သွားလေ့ရှိပြီး အိမ်သို့ အမြဲမပြန်လာခြင်းက သူမကို အထီးကျန်သလို ခံစားရစေခဲ့ပါတယ်။ ယခုနှစ်မှာ အသက် ၃၁ နှစ်ရှိပြီးဖြစ်တဲ့ အဆိုပါ ပထဆုံး ဇနီးဖြစ်သူ Mimi အမည်ရှိအမျိုးသမီးဟာ သူမ၏ခင်ပွန်းက သူမရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဒုတိယမြောက် ဇနီးကို ယူလိုက်တဲ့အခါ သူမလိုချင်တဲ့အရာကိုရရှိခဲ့ပါတယ်။ “ဟုတ်ပါတယ်၊ ကျွန်မမှာ ကိုယ်ပိုင်အခြေအနေတွေရှိတယ်၊ ဒါပေမယ့် ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် ၊ အဲဒါတွေကို ကျွန်မ ထုတ်မပြနိုင်ဘူး။ ” လို့ မယားကြီး Mimi က ပြောကြားခဲ့ပါတယ်။

.

ထို့ပြင် Mimi က ခင်ပွန်းဖြစ်သူဟာ ပြီးခဲ့တဲ့အပတ်က လေးယောက်မြောက်ဇနီးကို ဒီဇင်ဘာလ 21 ရက်နေ့မှာ လက်ထပ်ခဲ့ပြီး တတိယမြောက်ဇနီးကလည်း ၎င်းကို ခွင့်ပြုပေးခဲ့ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ ၎င်းစတုတ္တမြောက်မင်္ဂလာပွဲနှင့်ပတ်သက်ပြီး “ ကျွန်မတို့ လေးယောက်လုံးကို ညီတူညီမျှ ဆက်ဆံနေသရွေ့တော့ ကျွန်မ စိတ်မဆိုးပါဘူး” ဟု တတိယမြောက်ဇနီးက ပြောကြားခဲ့ပါသေးတယ်။ ခင်ပွန်း Wali မှာ 2014 ခုနှစ်ကတည်းက လက်ထပ်ခဲ့သည့် Mimi အပြင် သူဟာ 26 နှစ်နှင့် 25 နှစ်စတဲ့ အသီးသီးအသက်အရွယ်ရှိကြတဲ့ Lina ၊ Ani နှင့် Tiha တို့နှင့်လည်း လက်ထပ်ထားပါတယ်။

.

ဇနီးသည်အားလုံးဟာ မတူညီသော အသေးစားစီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေလျက်ရှိကြပါတယ်။ လက်ရှိ Wali မှာ Mimi နဲ့ရတဲ့ အသက် 7 နှစ်အရွယ် သမီးလေးတစ်ယောက်ရှိပြီး Lina နဲ့ ရတဲ့ အသက် 4 နှစ်အရွယ် သားလေးတစ်ယောက်တို့ရှိနေတယ်လို့လည်း သိရပါတယ်။ ထုံးစံအတိုင်း netizen များစွာကလည်း ဒီကိစ္စနှင့်ပတ်သက်ပြီး ပြောစရာတွေအများကြီးရှိနေခဲ့ကြပါတယ်။ တချို့က ၎င်းအခြေအနေတွေအကြောင်း ဟာသပြောနေချိန်မှာ တခြားသူတွေကတော့ ဒါက တကယ်ကောင်းရဲလားလို့ တွေးနေခဲ့ကြပါတယ်။

” သားကြီးတို့၊ ဒါက မင်းတစ်ယောက်တည်းဖြစ်နေရတဲ့အကြောင်းရင်းဘဲ ၊ သူတောင် အကုန်လုံးကို လက်ထပ်လိုက်တာဘဲ ၊ မင်းတို့လည်း အဲ့လုပ်လိုက်တော့ ” ၊ ” သူ့မိန်းမက အထီးကျန်နေလို့ ၊ ယောက်ျားလေးသူငယ်ချင်းတွေနဲ့ လက်ထပ်ချင်ရင်ကော ခင်ပွန်းက ခွင့်ပြုရဲလားလို့ တွေးမိတယ် ” ၊ ” မယားကြီးမှာ သူငယ်ချင်းလုပ်ဖို့အတွက် ဆိုရှယ်အက်ပလီကေးရှင်းတစ်ခုမှ မရှိဘူးလား။” ၊ ” ဒါဟာ အစီရင်ခံဖို့ဘဲ ၊ ပံ့ပိုးဖို့ ထိုက်တန်တဲ့အရာ မဟုတ်ဘူး။” ဟူစတဲ့ မှတ်ချက်များစွာဖြင့် တုံ့ပြန်နေခဲ့ကြပါတယ်။ စာဖတ်သူတို့ကော ကိုယ့်ရဲ့လက်တွဲဖော်က အခြားတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်ထားဖို့ တောင်းဆိုလာရင်ကော ဘယ်လို တုံ့ပြန်ကြမှာလဲဗျာ။

Mia (Mckzone daily)

Reference : worldofbuzz

Be the first to comment on "အထီးကျန်လွန်းလို့ဆိုပြီး ခင်ပွန်းဖြစ်သူကို နောက်ထပ် မယား သုံးယောက်နဲ့ လက်ထပ်ခွင့်ပြုခဲ့တဲ့ ဇနီးသည်တစ်ဦး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*