အာထရာဆောင်းရိုက်ရင်း ကိုယ်ဝန်ရှိနေမှန်းသိလိုက်ရလို့ အံ့ဩပြီး မျက်လုံးပြူးနေခဲ့တဲ့ လေလွင့်ကြောင်လေးတစ်ကောင်ရဲ့ရယ်စရာမြင်ကွင်း

Greenland ကျွန်းမှာ လေလွင့်တိရိစ္ဆာန်များစွာရှိပြီး နိုင်ငံရဲ့ရှည်လျားတဲ့ဆောင်းရာသီမှာ နှင်းမုန်တိုင်းများနှင့် ပြင်းထန်တဲ့အအေးဓာတ်များဟာ နွေဦးရာသီမရောက်မီအထိ ကြာရှည်နိုင်တာကြောင့် လေလွင့်တိရိစ္ဆာန်များအတွက် ကျက်စားရန် အလွန်ခက်ခဲနိုင်ပါတယ်။ ၎င်းတို့အတွက်၊ ကြမ်းတမ်းတဲ့ရာသီအတွက် လုံခြုံသောနေရာတစ်ခုရှာဖွေရန် အရေးကြီးပြီး လေလွင့်တိရိစ္ဆာန်အများစုဟာ ပိုမိုခံနိုင်ရည်ရှိသော အပူချိန်ရှိတဲ့နေရာတွေမှာ ဆောင်းခိုကြရပါတယ်။ 2018 ခုနှစ် ဧပြီလ၌၊ Greenland ၏မြို့တော် Nuuk မြို့ရဲ့လမ်းများပေါ်မှာ လေလွင့်နေခဲ့တဲ့ တက်ဘီကြောင်မလေးတစ်ကောင်ဟာ စေတနာ့ဝန်းထမ်းများကြောင့် Dyrenes Venner ( Greenland ရှိတိရိစ္ဆာန်များကာကွယ်စောင့်ရှောက်သူ ) ဟုအမည်ရတဲ့ ဂေဟာတစ်ခုဆီသို့ ခေါ်ဆောင်သွားခံခဲ့ရပါတယ်။

.

ထို့နောက် ဂေဟာရှိ စေတနာ့ဝန်ထမ်းများက ကြောင်လေးကို Ulla လို့အမည်ပေးခဲ့ကြပြီး Ulla အား အမိုးအကာအောက်မှာ လုံခြုံပြီး နွေးထွေးစွာ နေထိုင်စေကာ ပြုစုစောင့်ရှောက်ပေးခဲ့ကြပါတယ်။ Ulla ဟာ အမိုးအကာရှိ အခြားကြောင်များ၊ ခွေးများ နှင့် ဖော်ဖော်ရွေရွေရှိနေခဲ့ပါတယ်။ သို့ပေမဲ့ Ulla ဟာ အသက်တစ်နှစ်သာရှိသေးပေမဲ့လည်း သူမရောက်လာကတည်းက ကယ်ဆယ်ရေးသမားများက သူမရဲ့မိခင်နည်းလမ်းတွေကို သတိမပြုမိခဲ့ကြပါဘူး။ သူမနှင့်ပတ်သက်တဲ့ အထူးအဆန်းတစ်ခုခုရှိနေတာကြောင့် သူမဟာ လျှို့လျှို့ဝှက်ဝှက်နေထိုင်နေတယ်လို့သာ သံသယဖြစ်ခဲ့ကြပါတယ်။

.

သို့ပေမဲ့ ဂေဟာရှိဝန်ထမ်းများက ရက်သတ္တပတ်များကုန်လွန်သွားတဲ့အခါမှာတော့ Ulla ဟာ အထူးသဖြင့် သူမရဲ့ ခန္ဓာကိုယ်ရှိ နေရာတစ်ခုမှာ အပိုပေါင်များ တိုးလာကာ စိုးရိမ်ဖွယ်ရာနှုန်းဖြင့် ကိုယ်အလေးချိန်တက်လာသည်ကို သတိပြုမိခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ မသင်္ကာလာတာကြောင့် ဝန်ထမ်းများက Ulla ကို Greenland ရှိ တစ်ခုတည်းသော တိရိစ္ဆာန်ဆေးကုဌာနသို့ ခေါ်ဆောင်သွားပြီး အာထရာဆောင်းရိုက်ပေးခဲ့ကြပါတယ်။ ထို့နောက် ၎င်းဟာ အတည်ဖြစ်နေပြီး ကြောင်ငယ်လေးဟာ မကြာမီ မိခင်ဖြစ်လာတော့မည်ဖြစ်ကြောင်း အာထရာဆောင်းဖန်သားပြင်ပေါ်မှာ ပြသလာခဲ့ပါတယ်။ Ulla ရဲ့အာထရာဆောင်းရိုက်နေတဲ့ပုံရိပ်ကို အခန်းထဲက ဝန်ထမ်းတိုင်းက ဖမ်းယူရိုက်ကူးမိခဲ့ကြပြီး ၊ အာထရာဆောင်းရိုက်စဉ်အတွင်း Ulla ရဲ့ သူမကိုယ်ဝန်ရှိနေတာကို ထိတ်လန့်နေတဲ့ သူမရဲ့တုံ့ပြန်မှုကလည်း အတော်လေး ရယ်စရာကောင်းနေခဲ့ပါတယ်။ ဂေဟာ၏ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် Tone Frank ကလည်း Ulla ရဲ့ မျက်လုံးပြူးသွားတဲ့အမူအရာကို ကောင်းစွာ ရိုက်ကူးထားနိုင်ခဲ့ပါသေးတယ်။

.

ထို့နောက် Frank က ၎င်းသတင်းစကားနဲ့ ဓာတ်ပုံတွေကိုမျှဝေခဲ့ပြီး သူမရဲ့ဘုတ်အဖွဲ့ဝင်များအား ပုံပြကာ စကားပြောနေရင်း သူမမသိလိုက်ခင်လေးမှာ Ulla ဟာ Reddit app မှာ လူပြောများ ပျံ့နှံ့သွားခဲ့ပါတယ်။ Ulla လေးဟာ သူမရဲ့အာထရာဆောင်းရိုက်နေတဲ့ပုံရိပ်များကြောင့် အင်တာနက်မှာ ကျော်ကြားလာခဲ့သလို နောက်ဆုံးမှာ သူမကို မွေးစားမဲ့ ကောင်းမွန်တဲ့ထာဝရနေအိမ်အသစ်ကိုလည်း ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။

.

.

Netizens များက တက်ဘီကြောင်လေးနှင့် သူမရဲ့မိသားစုအသစ်အတွက် ပျော်ရွှင်နေကြပေမဲ့လည်း ရယ်စရာကောင်းတဲ့မှတ်ချက်များ ထွက်ပေါ်လာဆဲဖြစ်ပါတယ်။ ” သူတို့က အတော်လေး အဆင်ပြေနေတယ်၊ Ulla လေးက အခုအချိန်မှာ နေရာပိုနည်းနည်း လိုအပ်နေတယ်လို့တွေးပြီး သူမရဲ့မိသားစုအသစ်က သူမအပေါ် စိတ်ရှည်သည်းခံပြီး နားလည်မှုရှိပါတယ် ” ဟု Dyrenes Venner ကလည်း Facebook ပေါ်တွင် ရေးသားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဂေဟာရဲ့ဘုတ်အဖွဲ့ဝင်တစ်ဦးက Ulla ဟာ ကြောင်ပေါက်လေး ငါးကောင်မွေးဖွားခဲ့ကြောင်းလည်း ဖော်ပြပေးခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : gtgoodtimes

Be the first to comment on "အာထရာဆောင်းရိုက်ရင်း ကိုယ်ဝန်ရှိနေမှန်းသိလိုက်ရလို့ အံ့ဩပြီး မျက်လုံးပြူးနေခဲ့တဲ့ လေလွင့်ကြောင်လေးတစ်ကောင်ရဲ့ရယ်စရာမြင်ကွင်း"

Leave a comment

Your email address will not be published.


*