သမီးလေးနဲ့ အသက်၂၄နှစ်ကွာဟတယ်ဆိုပေမဲ့ သမီးထက် ပို၍ပင်နုပျိုပြီး hot ဖြစ်နေတဲ့ အသက် 45 နှစ်အရွယ် မိခင်တစ်ဦး



.

.

.

.

.

.

JRose (Mckzone daily)

Reference : yan

Unicode

မကြာသေးမီက စင်ကာပူနိုင်ငံရှိ Jamie Chua လို့ခေါ်တဲ့ အသက် 45 နှစ်အရွယ် အမျိုးသမီးရဲ့ 21 နှစ်အရွယ် Calista ဆိုတဲ့ သမီးလေးမွေးနေ့ပါတီမှာ မိခင်နဲ့သမီး တူညီတဲ့ ၀တ်စားဆင်ယင်မှုနဲ့ မိတ်ကပ်စတိုင်ကို ရွေးချယ်ခဲ့ပါတယ် ။ အသားအရေ နုပျိုမှုအပြင် Jamie Chua နဲ့ Calista တို့ရဲါ ဝတ်စားဆင်ယင်မှုများကြောင့် ဧည့်သည်များနဲ့ အင်တာနက်သုံးစွဲသူများက ‘ညီအစ်မတွေလား’လို့ တပြိုင်နက် ကြွေးကြော်ခဲ့ကြပါတယ် ။ “မိခင်” Jamie Chua ဟာ ယခင်က စင်္ကာပူရှိ “ageless woman” ဆိုတဲ့ အမည်ဖြင့် ပရိသတ်များရဲ့ နှစ်ခြိုက်မှုကို ခံခဲ့ရသော်လည်း သူမနဲ့ သူမရဲ့သမီးကြား 24 နှစ် အသက်ကွာဟချက်က မည်သုမှ မယုံကြည်နိုင်ပါ ။

Jamie Chua က လက်ရှိမှာ ကလေး(၂)ဦးမိခင်တစ်ဦးဖြစ်ပြီး သမီးနဲ့ သားတစ်ဦးဖြစ်ပါတယ် ။ ဒါပေမဲ့ သူမရဲ့အိမ်ထောင်ရေးက အဆင်မပြေဘဲ သူမနဲ့ သူမရဲ့ခင်ပွန်း ကွာရှင်းပြတ်စဲခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ ။ သူမရဲ့အမျိုးသားဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်တယ်လို့ သိရှိရပါတယ် ။ လက်ရှိမှာတော့ Jamie Chua ဟာ အလှကုန်လုပ်ငန်းနယ်ပယ်မှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဖက်ရှင်စတိုင်၊ ဘဝနေထိုင်မှုပုံစံ ဒါမှမဟုတ် ခရီးစဉ်တွေအကြောင်း ဝေမျှဖို့ YouTube ချန်နယ်ကိုလည်း ပိုင်ဆိုင်ထားပါတယ် ။

JRose (Mckzone daily)

Be the first to comment on "သမီးလေးနဲ့ အသက်၂၄နှစ်ကွာဟတယ်ဆိုပေမဲ့ သမီးထက် ပို၍ပင်နုပျိုပြီး hot ဖြစ်နေတဲ့ အသက် 45 နှစ်အရွယ် မိခင်တစ်ဦး"

Leave a comment

Your email address will not be published.


*