သစ္စာရှိခွေးလေးတစ်ကောင်က ၎င်းရဲ့လူသားသူငယ်ချင်းအတွက် ခက်ခဲသည့်အချိန်ကာလအတွင်း ၎င်းရဲ့အခင်ဆုံးလူသားသူငယ်ချင်းရဲ့ဘေးမှာ အတူရှိနေပေးခြင်းက အလွန် ကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်တစ်ခုပါဘဲ။ ခုလည်း ဒီကောင်လေးက သူ့ညီမနဲ့ ရန်ဖြစ်မိတဲ့အတွက် အမေဖြစ်သူက သူ့အား ဆုံးမတဲ့အခါ၊ မိသားစုရဲ့ခွေးလေးတစ်ကောင်က ၎င်းတို့ကို ဘာကြောင့် သန်မာတဲ့ ယောက်ျားကြီးတွေရဲ့ အချစ်ဆုံးသူငယ်ချင်းလို့ ခေါ်တာလဲဆိုတာကို လူတိုင်းကို ပြသခဲ့ပါတယ်။ ဒီခွေးလေးဟာ သူ့ရဲ့အခင်ဆုံးလူသားလေးနဲ့အတူတူ အပြစ်ခံပေးနေခဲ့ရုံနဲ့ အင်တာနက်ရဲ့နှလုံးသားကို အနိုင်ရသွားခဲ့ပါတယ်။ အဆိုပါ အသက် 3 နှစ်အရွယ် Peyton အမည်ရှိကောင်လေးနှင့် သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ ခွေးလေး Dash တို့ဟာ အမြဲလိုလို အချိုမြိန်ဆုံးသော ခင်မင်ရင်းနှီးမှုကို မျှဝေနေကျ့ဖြစ်ပါတယ်။
.
.
Peyton လေး မမွေးခင်မှာတောင် Peyton ၏မိခင်ဖြစ်သူက စစ်မှန်စွာ နူးညံ့သိမ်မွေ့တဲ့ခွေးကြီးမျိုး Dash ကို သူမရဲ့ဗိုက်ပေါ်ခေါင်းတင်စေခဲ့ပြီး သူ့ကလေးနှင့် သံယောဇဉ် ချည်နှောင်ခွင့်ပြုခဲ့ပါတယ်။ ထို့ကြောင့် သားလေး Peyton နဲ့ Dash တို့က ထာဝရ သူငယ်ချင်းကောင်းတွေဖြစ်လာကြမှာကို သူမ ကြိုသိနေခဲ့ပါတယ်။ ယခုအခါ ၎င်းတို့ဟာ ခွဲလို့လည်းမရ၊ အတူတူစား၊ အတူတူအိပ်ကြပြီး အတူတူ ပျှော်ရွှင်မှုကို ရှာဖွေကြပါတယ်။ ဒါပေမယ့် မိသားစုဝင်များက Peyton နဲ့ Dash တို့ကြားရဲ့နှောင်ကြိုးဟာ အခုအဖြစ်အပျက်ဖြစ်မလာခင်အထိ ထူးထူးခြားခြား ဖြစ်နေမယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြပါဘူး။ အကြောင်းက အဆော့မှတ်လွန်းတဲ့ Peyton ဟာ သူ့ညီမကို လှည့်စားပြီး မကြာခဏ ပြဿနာတက်အောင်လုပ်တတ်ပေမယ့် ဒီတစ်ခါတော့ သူဟာ စည်းကျော်သွားတာကြောင့် မိခင်ဖြစ်သူက သူ့ကို သင်ခန်းစာတစ်ခုပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ထို့ကြောင့် မိခင်ဖြစ်သူဟာ သူ့ကို တစ်နေ့တာရဲ့ကျန်ရှိတဲ့အချိန်များကို အခန်းထဲမှာ တစ်ယောက်တည်းနေရန် သို့မဟုတ် ဧည့်ခန်းထောင့်မှာ အချိန်အနည်းငယ်ယူပြီး မတ်ရပ်ရန်ဆိုပြီး ရွေးချယ်ခွင့်နှစ်ခုပေးခဲ့ပါတယ်။ Peyton ဟာ သူ့ရဲ့သစ္စာရှိသူငယ်ချင်း Dash လေးက ဘယ်လိုအခြေအနေဖြစ်ဖြစ် သူ့ကို ပစ်မထားဘူးဆိုတာကို ကောင်းကောင်းသိထားတာကြောင့် သူဟာ နောက်ဆုံးမှာ ဧည့်ခန်းထောင့်မှာ မတ်တပ်ရပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ သို့ပေမဲ့ မိခင်ဖြစ်သူကို အံ့အားသင့်သွားစေတဲ့အရာကတော့ ကောင်လေးက ဧည့်ခန်းထောင့်နားကို ရောက်တာနဲ့ Dash က ကောင်လေးနောက်ကို လိုက်လာပြီး ဘာပဲဖြစ်ဖြစ် သူ့ဘေးမှာ အမြဲရှိနေမယ်ဆိုတာကို ပြတဲ့အနေနဲ့ ကောင်လေးရဲ့ဘေးမှာ တန်းထိုင်ချခဲ့ပါတယ်။ ဒီလို နှလုံးသား အရည်ပျော်သွားတဲ့ မြင်ကွင်းကြောင့် မိခင်ဖြစ်သူဟာ မျက်ရည်တွေ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားခဲ့ရပါတယ်။
,
.
” Peyton က Dash ကို သူ့လက်လေးနဲ့ဖက်ထားတဲ့ပုံက အရမ်းချစ်စရာကောင်းနေလို့ ကျွန်မ အကြာကြီးတောင် စိတ်မဆိုးနိုင်ခဲ့ဘူး ၊ Peyton က အပြစ်ပေးခံရတော့ Dash လေးကလည်း သူ့သူငယ်ချင်းက သူ့ကိုလိုအပ်နေမှန်း သိနေပုံရတယ် ” ဟု Peyton ၏မိခင် Jillian Marie Smith က The Dodo သို့ ရှင်းပြခဲ့ပါတယ်။ ထို့ကြောင့် မိခင်ဖြစ်သူဟာ လက်တလော အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားတဲ့ Peyton နှင့် Dash လေးတို့ရဲ့ဓာတ်ပုံတစ်ပုံကိုလည်း အမိအရဖမ်းယူထားခဲ့လိုက်ပါတယ်။ ထို့ပြင် မိခင်ဖြစ်သူက ၎င်းဓာတ်ပုံကို ” မင်းက အပြစ်ပေးခံနေရပေမဲ့ မင်းရဲ့အချစ်ဆုံးသူငယ်ချင်းက မင်းရဲ့အချိန်တွေကို တစ်ယောက်တည်း ထမ်းဆောင်ခွင့်မပေးသောအခါ ” ဟူတဲ့ caption ဖြင့်လည်း ရေးသားဖော်ပြခဲ့ပါသေးတယ်။
Mia (Mckzone daily)
Reference : 3lstories
Be the first to comment on "အမှားမလုပ်ခဲ့ပေမဲ့ အပြစ်ပေးခံနေရတဲ့ အချစ်ဆုံးလူသားသူငယ်ချင်းလေးနှင့်အတူ အပြစ်ခံယူခဲ့တဲ့ သစ္စာရှိခွေးလေး"