အခြားသူများယုံကြည်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ပြည်ပလုပ်သားများဟာ ချွင်းချက် အလုပ်ရှင်ကောင်းများနှင့်တွေ့တဲ့သူနျားမပါဘဲ အခြားနိုင်ငံတွေမှာ အိမ်အကူ သို့မဟုတ်အကူအညီပေးသူများအဖြစ် လုပ်ကိုင်နေကြတဲ့သူတွေရဲ့အလုပ်ဟာ မလွယ်ကူလှပါဘူး။ ဝမ်းနည်းစရာကောင်းတာက မိသားစုနဲ့ ဝေးကွာသွားရတဲ့ အိမ်အကူအချို့ဟာ ဆက်ဆံခံရသင့်သလို ဆက်ဆံမခံရကြပါဘူး။ ခုလည်း ဟောင်ကောင်က အိမ်အကူဟောင်းတစ်ယောက်ရဲ့ အဖြစ်အပျက်ကလည်း စိတ်မကောင်းစရာပါဘဲ။ အဆိုပါအိမ်အကူဟာ ဖေ့စ်ဘုတ်ခ်ပို့စ်တစ်ခုမှာ သူမ ထိုအိမ်မှာအလုပ်လုပ်ခဲ့စဉ်က သူမဟာ အဝတ်လျှော်ခန်းရှိ အဝတ်လျှော်စက်နှစ်လုံး၏အပေါ်တွင် အိပ်ခဲ့ရတဲ့အကြောင်းကို ပြန်လည် မျှဝေခဲ့ပါတယ်။
.
ဟောင်ကောင်မှာ အိမ်အကူအလုပ်သမားများအတွက် ၆ ပေရှည်သော အိပ်ရာခင်းကို အလုပ်ရှင်များအားလုံးက ပေးဆောင်ရန် လိုအပ်သည့် စည်းမျဉ်းတစ်ခုရှိပါတယ်။ သို့ပေမဲ့ အကူဖြစ်သူ သူမက မျှဝေထားတဲ့ Facebook မှာ သူမရဲ့ အိပ်ယာက ၆ ပေထက် ပိုတိုနေတဲ့ ရေခဲသေတ္တာလိုဖြစ်နေကြောင်း ဆိုခဲ့ပါတယ်။ ၎င်းအခန်းငယ်လေးက ညစ်နွမ်းပြီး စက်တွေအလုပ်လုပ်တဲ့အခါ သူမက အနံ့အသက်ကို ခံနိုင်အောင် ကြိုးစားခဲ့ရပါသေးတယ်။ ထို့ပြင် သူမဟာ ၎င်းပို့စ်နှင့်အတူ အလုပ်ရှင်ထံမှ နိုင်ထက်စီးနင်းပြုခံခဲ့ရတဲ့ အကြောင်းများကိုလည်း ပြောပြခဲ့ပါတယ်။ သူမရဲ့အလုပ်ရှင်က အမြဲတမ်း ဒေါသထွက်နေတာကြောင့် အဆိုပါအကူအညီပေးသူဟာ စိတ်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရပါတယ်။
.
ထို့ပြင် မိဘများက အကူအညီပေးသူကို မလေးစားကြောင်း သိကာ အလုပ်ရှင်ရဲ့ကလေးများကလည်း သူမကို မလေးစားခဲ့ကြပါဘူး။ ကလေးတွေကို အမူအကျင့်ကောင်းတွေ သင်ပေးတဲ့အခါ ကလေးတွေက သူမကို ” အဆိုးဆုံး ကူညီသူ ” လို့ ခေါ်ခဲ့ကြပြီး F လိုစကားလုံးမျိုးကိုလည်း သုံးပြီး ဆဲလွှတ်ခဲ့ကြပါတယ်။ ပိုဆိုးတာက ဟောင်ကောင်မှာ အိမ်အကူအလုပ်သမားတွေကို အပတ်စဉ် 24 နာရီအားလပ်ရက်ရခွင့်ရှိတဲ့ စည်းမျဉ်းတွေရှိပေမဲ့ အလုပ်ရှင်က သူမအတွက် ဒီသတ်မှတ်ချက်တွေကို မဖြည့်ဆည်းပေးခဲ့ပါဘူး။
.
သူမဟာ အလုပ်ရှင်ရဲ့ကလေးတွေကို စာကြည့်ပေးဖို့အတွက် သူမရဲ့တရားဝင်အားလပ်ရက်ဖြစ်နေရင်တောင် အားလပ်ရက်တိုင်း ည ၇ နာရီခွဲမှာ အိမ်အရောက်ပြန်ခဲ့ရပါတယ်။ သို့ပေမဲ့ အံ့ဩစရာမကောင်းအောင်ဘဲ လက်ရှိမှာ အဆိုပါအိမ်အကူဟာ ၎င်းအလုပ်ရှင်အိမ်မှ ထွက်လာခဲ့ပြီးပြီဖြစ်ပြီး သူမဟာ အခြားသော နိုင်ငံခြားသားအိမ်အကူအလုပ်သမားများကို သတိထားရန်အတွက် သူမလုပ်ခဲ့တဲ့ အလုပ်ရှင်ရဲ့ အိမ်လိပ်စာ 4B Po Tak Mansion Happy Valley သို့ အလုပ်ဝင်မလုပ်ကြဖို့ သတိပေးခဲ့ပါတယ်။
Mia (Mckzone daily)
Reference : rachfeed
Be the first to comment on "စာနာစိတ်မရှိတဲ့အလုပ်ရှင်ရဲ့အိမ်၌ အလုပ်လုပ်ခဲ့တဲ့ကာလတစ်လျှောက်လုံးမှာ အဝတ်လျှော်စက်နှစ်လုံးရဲ့အပေါ်၌သာ အိပ်စက်ခဲ့ရတဲ့ အိမ်အကူတစ်ဦး"