အခြားဒီဇိုင်းပုံစံတွေနဲ့ မတူဘဲ တမူထူးခြားတဲ့ လူ့ခန္ဓာဗေဒအစိတ်အပိုင်းပုံစံဖြင့် အသုံးဆောင်ပစ္စည်းများကို ဖန်တီးခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာ



.

.

.

.

.

.

Mia (Mckzone daily)

Reference : buzznicked

Unicode

ဖက်ရှင်ဒီဇိုင်နာ Konstantin Kofta က လူ့ခန္ဓာဗေဒရဲ့ မတူညီသော အစိတ်အပိုင်းများနဲ့တူတဲ့ ဆက်စပ်ပစ္စည်းများကို ဖန်တီးပြီး ဖက်ရှင်ရေစီးကြောင်းအသစ်ကို စတင်လိုက်ပါတယ် ။ ခြစ်ရာရှိတဲ့ လူ့အရေပြား၊ ခြေဗလာနဲ့ သိသိသာသာ ဆင်တူတဲ့ ဖိနပ်များနဲ့ သင့်ပခုံးပေါ်မှာ တစ်ယောက်ယောက် အမြဲကိုင်လေ့ရှိတဲ့ ကျောပိုးအိတ်များ ပါဝင်ပါတယ် ။ ဖိနပ်က ခြေဗလာနဲ့တူအောင် ပြုလုပ်ထားပြီး သွေးပြန်ကြောများ၊ ခြေသည်းများနဲ့ ခြေချောင်းများမှာ အတွန့်များပင်ရှိပါတယ် ။ ပိုက်ဆံအိတ်ကိုတော့ လူ့လက်နဲ့တူပြီး တစ်ချက်ကြည့်လိုက်လျှင် လက်ဖြင့် ဆုတောင်းနေပုံရပေမဲ့ အဆိုပါအရာများရဲ့ အသေးစိတ်အချက်များမှာ စိတ်လှုပ်ရှားစရာ ဖြစ်စေပါတယ် ။

ကျောရိုးနဲ့ ပခုံးဓါးများပါတဲ့ ကျောပိုးအိတ်က အဝတ်အစားများနဲ့ ကောင်းစွာရောစပ်ထားတာကြောင့် ၎င်းက ဝတ်ဆင်သူနဲ့ သက်ဆိုင်လုနီးပါးဖြစ်နိုင်ပုံရပါတယ် ။ ပခုံးပေါ်မှာ တစ်ယောက်ယောက်က အချိန်တိုင်းကိုင်ထားတဲ့အတိုင်း ပြုလုပ်ထားတဲ့ ကျောပိုးအိတ်က လမ်းပေါ်မှာ မြင်တွေ့တဲ့လူတွေကို နည်းနည်းတော့ စိတ်ရှုပ်ပြီး လန့်သွားစေနိုင်ပါတယ် ။ ဒီဖက်ရှင်ဒီဇိုင်းတွေက ကြည့်လိုက်ရင်လွယ်မလိုလိုနဲ့ ဒီအပိုင်းတစ်ခုစီတိုင်းကို ဖန်တီးဖို့ အရည်အချင်းတွေအများကြီးယူခဲ့ရတယ်ဆိုတာ သေချာပါတယ် ။

Mia (Mckzone daily)

Be the first to comment on "အခြားဒီဇိုင်းပုံစံတွေနဲ့ မတူဘဲ တမူထူးခြားတဲ့ လူ့ခန္ဓာဗေဒအစိတ်အပိုင်းပုံစံဖြင့် အသုံးဆောင်ပစ္စည်းများကို ဖန်တီးခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာ"

Leave a comment

Your email address will not be published.


*