ေျခလက္အဂၤါမစံုေတာ့တဲ့ ေခြးေလးကို မလိုခ်င္ေတာ့လို လမ္းေဘးမွာ စာနာမႈမ႐ွိစြန္႔ပစ္ခဲ့တဲ့ အမ်ိဳးသမီး (႐ုပ္သံ)

အိမ္ေမြးတိရစာၦန္ေတြကို ေမြးျမဴ ၾကတဲ့လူအမ်ားစုဟာဆိုရင္ သူတို႔ေလးေတြရဲ႕ အိမ္ေမြးေခြးေလးေတြ ၊ ေၾကာင္ေလးေတြကို မိသားစုဝင္တစ္ေယာက္လို ဂ႐ုတစိုက္ၾကည့္႐ႈတက္ၿပီး ၊ နာမက်န္းျဖစ္ေနခဲ့ရင္ေတာင္မွ အခ်ိန္ေပးၿပီးကုသေပးတတ္ၾကပါတယ္ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ေဖာ္ျပမဲ့ အမ်ိဳးသမီးကေတာ့ ကိုယ္လက္အဂၤါမစံုေတာ့လို႔ ၊ ျပဳစုယုယရမွာ ၿငီးေငြ႔သြားခဲ့တဲ့ သူ႔ရဲ႕ေခြးေလးကို လမ္းေဘးမွာ စာနာမႈမ႐ွိ ရက္ရက္စက္စက္စြန္႔ပစ္ခဲ့တဲ့ ႐ုပ္သံဟာ Facebook စာမ်က္ႏွာမွာ အေတာ္ေလးေရပန္းစားေနခဲ့ပါတယ္ ။

အဆိုပါ Video ဟာ တစ္မိနစ္ဝန္းက်င္သာ ၾကာျမင့္ခဲ့ၿပီး video ထဲမွာေတာ့ ကားအျဖဴေရာင္တစ္စီးကို ေမာင္းႏွင္လာခဲ့တဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ လမ္းေဘးသို႔ ကားကို ထိုးရပ္လိုက္ၿပီးေနာက္ သူ၏ကားအေနာက္ဖက္တံခါးကို ဆြဲဖြင့္ကာ ပါလာေသာ အမဲေရာင္ေခြးတစ္ေကာင္ ႏွင့္ အျခားေခြးအျဖဴတစ္ေကာင္ကို ကားေပၚကေန ဆြဲထုတ္ခဲ့ပါတယ္ ။ ေခြးအျဖဴေလးဟာ အေ႐ွ႕ဖက္ေျခတစ္ေခ်ာင္းဟာ လံုးဝမ႐ွိေတာ့ဘဲ ၊ က်န္႐ွိေနတဲ့ အျခားအေ႐ွ႕ဖက္ေျခတစ္ေခ်ာင္းမွာလည္း တစ္ဝက္ခန္႔သာ ႐ွိေတာ့တဲ့အတြက္ ေကာင္းေကာင္းလမ္းမေလ်ွာက္ႏိုင္ခဲ့ပါဘူး ။ ထို႔ေနာက္ သခင္ျဖစ္သူက ေခြးအမဲေရာင္ကို ကားေပၚသို႔ျပန္တက္ခိုင္းၿပီး တံခါးပိတ္ပစ္ခဲ့ပါတယ္ ။

ထို႔ေၾကာင့္ အျဖဴ ေရာင္ေခြးတစ္ေကာင္မွာလည္း ကားေပၚသို႔ျပန္တက္ခ်င္ခဲ့လို႔ သခင့္အနားပြတ္သပ္ခဲ့ေပမဲ့လည္း သခင္ကေတာ့ စာနာမႈမ႐ွိဘဲ လမ္းေဘးဖက္သို႔ တြန္းဖယ္ပစ္ခဲ့ပါတယ္ ။ ေခြေလးဟာ လမ္းေကာင္းေကာင္းမေလ်ွာက္ႏိုင္တဲ့အတြက္ သခင့္ရဲ႕ကားေနာက္ ေျပးမလိုက္ႏိုင္ခဲ့ဘဲ အေတာ္ေလးကို ဝမ္းနည္းေၾကကြဲေနဟန္ ဘယ္သြားလို႔ သြားရမွန္မသိျဖစ္ေနခဲ့ပံုပါ ။ သခင္ျဖစ္သူမွာေတာ့ အေနာက္ကိုေတာင္လွည့္မၾကည့္ေတာ့ဘဲ ကားကိုေမာင္းထြက္သြားခဲ့ပါတယ္ ။ အဆိုပါ video ကိုၾကည့္႐ႈခဲ့ၾကတဲ့ လူအမ်ားဟာ အဆိုပါအမ်ိဳးသမီးရဲ႕ လုပ္ရပ္ကိုအေတာ္ေလးစိတ္ဆိုးခဲ့ၾကၿပီး ၊ ေခြေလးေတြကို ကာကြယ္ေစာင့္ေ႐ွာက္ေပးတဲ့ အဖြဲ႔မ်ားကလည္း ေခြးေလးကို႐ွာေဖြၿပီး ေစာင့္ေ႐ွာက္ေပးဖို႔ ႀကိဳးစားေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အိမ်မွေးတိရစ္ဆာန်တွေကို မွေးမြူ ကြတဲ့လူအများစုဟာဆိုရင် သူတို့လေးတွေရဲ့ အိမ်မွေးခွေးလေးတွေ ၊ ကြောင်လေးတွေကို မိသားစုဝင်တစ်ယောက်လို ဂရုတစိုက်ကြည့်ရှုတက်ပြီး ၊ နာမကျန်းဖြစ်နေခဲ့ရင်တောင်မှ အချိန်ပေးပြီးကုသပေးတတ်ကြပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ အမျိုးသမီးကတော့ ကိုယ်လက်အင်္ဂါမစုံတော့လို့ ၊ ပြုစုယုယရမှာ ငြီးငွေ့သွားခဲ့တဲ့ သူ့ရဲ့ခွေးလေးကို လမ်းဘေးမှာ စာနာမှုမရှိ ရက်ရက်စက်စက်စွန့်ပစ်ခဲ့တဲ့ ရုပ်သံဟာ Facebook စာမျက်နှာမှာ အတော်လေးရေပန်းစားနေခဲ့ပါတယ် ။

အဆိုပါ Video ဟာ တစ်မိနစ်ဝန်းကျင်သာ ကြာမြင့်ခဲ့ပြီး video ထဲမှာတော့ ကားအဖြူရောင်တစ်စီးကို မောင်းနှင်လာခဲ့တဲ့ အမျိုးသမီးတစ်ယောက်ဟာ လမ်းဘေးသို့ ကားကို ထိုးရပ်လိုက်ပြီးနောက် သူ၏ကားအနောက်ဖက်တံခါးကို ဆွဲဖွင့်ကာ ပါလာသော အမဲရောင်ခွေးတစ်ကောင် နှင့် အခြားခွေးအဖြူတစ်ကောင်ကို ကားပေါ်ကနေ ဆွဲထုတ်ခဲ့ပါတယ် ။ ခွေးအဖြူလေးဟာ အရှေ့ဖက်ခြေတစ်ချောင်းဟာ လုံးဝမရှိတော့ဘဲ ၊ ကျန်ရှိနေတဲ့ အခြားအရှေ့ဖက်ခြေတစ်ချောင်းမှာလည်း တစ်ဝက်ခန့်သာ ရှိတော့တဲ့အတွက် ကောင်းကောင်းလမ်းမလျှောက်နိုင်ခဲ့ပါဘူး ။ ထို့နောက် သခင်ဖြစ်သူက ခွေးအမဲရောင်ကို ကားပေါ်သို့ပြန်တက်ခိုင်းပြီး တံခါးပိတ်ပစ်ခဲ့ပါတယ် ။

ထို့ကြောင့် အဖြူ ရောင်ခွေးတစ်ကောင်မှာလည်း ကားပေါ်သို့ပြန်တက်ချင်ခဲ့လို့ သခင့်အနားပွတ်သပ်ခဲ့ပေမဲ့လည်း သခင်ကတော့ စာနာမှုမရှိဘဲ လမ်းဘေးဖက်သို့ တွန်းဖယ်ပစ်ခဲ့ပါတယ် ။ ခွေလေးဟာ လမ်းကောင်းကောင်းမလျှောက်နိုင်တဲ့အတွက် သခင့်ရဲ့ကားနောက် ပြေးမလိုက်နိုင်ခဲ့ဘဲ အတော်လေးကို ဝမ်းနည်းကြေကွဲနေဟန် ဘယ်သွားလို့ သွားရမှန်မသိဖြစ်နေခဲ့ပုံပါ ။ သခင်ဖြစ်သူမှာတော့ အနောက်ကိုတောင်လှည့်မကြည့်တော့ဘဲ ကားကိုမောင်းထွက်သွားခဲ့ပါတယ် ။ အဆိုပါ video ကိုကြည့်ရှုခဲ့ကြတဲ့ လူအများဟာ အဆိုပါအမျိုးသမီးရဲ့ လုပ်ရပ်ကိုအတော်လေးစိတ်ဆိုးခဲ့ကြပြီး ၊ ခွေလေးတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အဖွဲ့များကလည်း ခွေးလေးကိုရှာဖွေပြီး စောင့်ရှောက်ပေးဖို့ ကြိုးစားနေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment