အခြားအမျိုးသမီးများက သူမရဲ့စောင့်ရှောက်သူထံ ချဉ်းကပ်လာရင် အူတိုတတ်ပြီး ချစ်သူကောင်မလေးလို ပြုမူနေတတ်တဲ့ beluga ဝေလငါးမလေး (ရုပ်သံ)

Beluga ဝေလငါးတွေဟာ များသောအားဖြင့် လူမှုဆက်ဆံရေးကောင်းမွန်ပြီး ၎င်းတို့ဟာ အချင်းချင်း အပျော်သဘောဖြင့် ဆက်သွယ်ဆော့ကစားကြသည်ကို အမြဲတွေ့မြင်နိုင်ပေမဲ့လည်း ဤ beluga ဝေလငါးလေးကတော့ အခြားသော သာမန် beluga ဝေလငါးများနှင့် မတူနေပါဘူး။ ဒါဆို တောင်ကိုးရီးယားနိုင်ငံရှိ တိရိစ္ဆာန်ရုံတစ်ခုမှာ နေထိုင်တဲ့ Beluga ဝေလငါးမလေး Tina နှင့် တွေ့ဆုံလိုက်ကြရအောင်ပါ။ Tina လေးနဲ့ပတ်သက်တဲ့ အရာအားလုံးဟာ သူမက သူမရဲ့တိရိစ္ဆာန်ရုံစောင့်တစ်ဦးကို ချစ်မိသွားတဲ့အရာတစ်ခုတည်းကလွဲလို့ ပုံမှန်ဖြစ်ပုံရပါတယ်။

.

ဓာတ်ပုံထဲက ရယ်နေတဲ့အမျိုးသားကတော့ Tina လေး ချစ်မိသွားတဲ့ ကံကောင်းတဲ့ တိရိစ္ဆာန်စောင့်ရှောက်ရေးလုပ်သားတစ်ဦးဘဲဖြစ်ပါတယ်။

.

Tina ဟာ ၎င်းတိရိစ္ဆာန်ရုံစောင့်ကလွဲလို့ အခြား ဘယ်သူ့ကိုမှ မနမ်းသလို Tina လေးဟာ ၎င်းတိရိစ္ဆာန်ရုံစောင့်နှင့် ဆက်သွယ်ပြီး ကစားချင်ရုံသာဖြစ်ပြီး သူ့နဲ့ နီးကပ်လွန်းနေတဲ့ ဘယ်အမျိုးသမီးကိုမဆို ရေဖြင့် မှုတ်ထုတ်တတ်ပါသေးတယ်။

.

Beluga ဝေလငါးမလေးဟာ ၎င်းတစ်ဦးတည်းသောတိရိစ္ဆာန်ရုံစောင့်နှင့်သာ ဆော့ကစားလိုပြီး ချစ်စရာကောင်းပြီး ဖော်ရွေတဲ့နည်းလမ်းဖြင့် သူမထံချဉ်းကပ်လာတဲ့ အခြားဝန်ထမ်းတွေကိုတောင် လျစ်လျူရှုထားတတ်ပါသေးတယ်။ ဒါဆို Tina လေးက အူတိုတတ်အောင် ဘယ်လိုသင်ယူခဲ့လဲဆိုတော့ ၊

၎င်းတိရိစ္ဆာန်ရုံစောင့်ရှောက်သူ၏အဆိုအရ Tina လေးဟာ တိရိစ္ဆာန်ရုံသို့ သူမပထမဆုံးရောက်လာခဲ့စဉ်အချိန်တုန်းက လိုက်လျောညီထွေဖြစ်အောင်နေရန် ခက်ခဲခဲ့ကြောင်း သိရပြီး အခြားတိရိစ္ဆာန်ရုံစောင့်များက သူမအား ကောင်းစွာဆက်ဆံနေချိန်မှာ ၎င်းအမျိုးသားတိရိစ္ဆာန်စောင့်ရှောက်သူက Tina အား အာရုံစိုက်မှုများစွာပေးခဲ့ပြီး ၎င်းအာရုံစိုက်မှုဟာ သူမရဲ့အနီးမှာရှိနေသည့်အခါ လုံခြုံသည်ဟုခံစားရသည့် အဓိကအကြောင်းရင်းဖြစ်နိုင်ကြောင်း သိရှိရပါတယ်။

ဒီတော့ ပိုမိုသိရှိနိုင်ရန် Tina လေးနှင့် သူမရဲ့တိရိစ္ဆာန်စောင့်ရှောက်သူတို့အကြောင်းရဲ့ ရယ်စရာကောင်းတဲ့ဗီဒီယိုလေးကို ဆက်လက် ကြည့်ရှုသွားခဲ့ကြပါအုံးဗျ။

Mia (Mckzone daily)

Reference : gtgoodtimes

Be the first to comment on "အခြားအမျိုးသမီးများက သူမရဲ့စောင့်ရှောက်သူထံ ချဉ်းကပ်လာရင် အူတိုတတ်ပြီး ချစ်သူကောင်မလေးလို ပြုမူနေတတ်တဲ့ beluga ဝေလငါးမလေး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*