မျက်မမြင်အဖြစ် မွေးဖွားလာခဲ့ပြီး ထမင်းတစ်စေ့လေးတောင်မစားချင်ဘဲ သစ်သား၊မြေနဲ့ ကျောက်တုံးတို့ကိုသာ စားချင်ခဲ့တဲ့ အံ့သြစရာကောင်လေး

မျက်မမြင်အဖြစ် မွေးဖွားလာခဲ့တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်ဟာ သူ့မိသားစုက သူ့ကို နေရာအနှံ့ ဆေးကုဖို့ ခေါ်သွားပေမယ့် ပျောက်ကင်းအောင် မကုသနိုင်သေးပါဘူး ။ အခုအချိန်အထိတော့ ဒီကလေးလေးဟာ အသက် (၆) နှစ်သာရှိသေးပေမယ့် ထမင်းမစားနိုင်ဘဲ ထင်း၊ မြေကြီးနဲ့ ကျောက်ခဲတွေကိုသာ စားနေရပါတယ် ။လက်ရှိမှာ အဆိုပါကလေးငယ်က ဗီယက်နမ်နိုင်ငံ ၊ Tra Vinh ခရိုင်၊ Giong Day ရွာမှာ နေထိုင်လျက်ရှိကြောင်း သိရှိရပါတယ် ။ ကလေးရဲ့အဖွားရဲ့ ပြောကြားချက်အရတော့ ဒီကလေးဟာ ကိုယ်ဝန်ပျက်ကျတာကြောင့် မိခင်ဖြစ်သူက ၆ လမှာ လမစေ့ဘဲ မွေးဖွားခဲ့တာလို့ ဆိုပါတယ် ။ ထိုအချိန်မှာ သူက ကိုယ်အလေးချိန် ၁.၅ ကီလိုဂရမ်သာရှိပြီး မျက်လုံးနှစ်ဖက်လုံးကန်းကာ စကားမပြောနိုင်ပါဘူး ။

.

မိသားစုအခြေအနေ ခက်ခဲသော်လည်း မိခင်ဖြစ်သူက ကလေးကို မထားခဲ့ချင်သောကြောင့် သားဖြစ်သူကို ဆေးစစ်ရန်နဲ့ ဆေးကုသရန်အတွက် နေရာတိုင်းမှ ပိုက်ဆံချေးကာ ဆုံးဖြတ်ခဲ့ပါတယ် ။

.

ကလေးဖျားနာမှုကို ကုသလို့မရနိုင်ကြောင်း သိလိုက်ရသဖြင့် ကလေးငယ်ရဲ့မိဘများက မွေးရပ်မြေမှ ထွက်ခွာပြီး ငွေရှာရန် ကလေးကို အဖွားနဲ့ထားခဲ့လိုက်တာပါ ။

.

သူ့ဘဝတစ်လျောက်လုံးမှာ ဒီကောင်လေးက သူ့အဖွားရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကြီးပြင်းလာခဲ့ပါတယ် ။ ဒါပေမယ့် အံ့သြစရာကောင်းတာက ဒီကလေးဟာ ထမင်းတစ်စေ့လေးတောင်မှ စားလို့မရပါဘူး ။ သစ်သား၊ မြေနဲ့ ကျောက်တုံးတွေကိုသာ ကိုက်စားရတာ အံ့သြစရာပါ ။

.

သူ့အဖွားက ထမင်းတစ်ဇွန်းယူလာရုံနဲ့ ကောင်လေးက ထမင်းမစားချင်တော့ အော်ဟစ်ငိုကြွေးနေခဲ့ပါတယ် ။ အိမ်ရှိ သစ်သား ပစ္စည်းများ အားလုံးကို ကောင်လေးက ပရိဘောဂမှ အိပ်ရာအထိ စုတ်ပြဲသွားခဲ့ပါတယ် ။ သူ့အဖွားက ခုတင်ဟောင်းကို အသုံးမပြုနိုင်တော့တဲ့အထိ ကြိတ်မိသွားတာကြောင့် သူ့အဖွားက ခုတင်အသစ်တစ်လုံး ဝယ်ခဲ့ရပါတယ် ။

.

ဒီလို ထူးဆန်းတဲ့ စားသောက်မှုပုံစံ ဖြစ်ပေမယ့် ကောင်လေးက တခြားကလေးတွေလိုပဲ ကျန်းမာနေပါသေးတယ် ။ မွေးဖွားလာသူတွေလောက် ကံကောင်းတာမဟုတ်ပေမယ့် အခုချိန်ထိ ဒီကလေးဟာ ကျန်းမာစွာနဲ့ အသက်ရှင်နေသေးတာကြောင့် လူတော်တော်များများက အံ့သြစရာဖြစ်ပြီး အခက်အခဲတွေကြားက ကောင်လေးရဲ့ မိသားစုရဲ့ နှလုံးသားကိုလည်း ထိတွေ့ခံစားနေကြရပါတယ်။

JRose (Mckzone daily)

Reference : bestie

Be the first to comment on "မျက်မမြင်အဖြစ် မွေးဖွားလာခဲ့ပြီး ထမင်းတစ်စေ့လေးတောင်မစားချင်ဘဲ သစ်သား၊မြေနဲ့ ကျောက်တုံးတို့ကိုသာ စားချင်ခဲ့တဲ့ အံ့သြစရာကောင်လေး"

Leave a comment

Your email address will not be published.


*