ဘုရားကျောင်းတွင်းထဲမှာ ၆ လက်မအရွယ် လူသားနဲ့တူတဲ့ လျှို့ဝှက်ဆန်းကြယ်သောအရိုးစုကို တူးဖော်တွေ့ရှိခဲ့ပြီး နောက်ဆုံးမှာ အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့




JRose (Mckzone daily)

Reference : khaosod

Unicode

ချီလီနိုင်ငံ၊ La Noria အနီးရှိ စွန့်ပစ်ထားတဲ့ ဘုရားကျောင်းတစ်ခုမှာ ဝှက်ထားတဲ့ သားရေအိတ်တစ်ခုအတွင်း အရိုးစုကို တွေ့ရှိခဲ့ပါတယ် ။ အရိုးက သေးငယ်တဲ့ လူသား ပုံသဏ္ဍန်ရှိပြီး သူ့ခေါင်းမှာ ထူးဆန်းတဲ့ပုံသဏ္ဍာန်ရှိကာ သာမာန်လူတွေထက် ပိုစောင်းနေတဲ့ မျက်လုံးစွပ်တွေလည်း ပါရှိပါတယ် ။ ထို့နောက် အဆိုပါလူနဲ့တူတဲ့ အရိုးစုအကြောင်း သိပ္ပံပညာရှင်များက နောက်ဆုံးမှ အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။

အရိုးစုရဲ့ DNA 8 ရာခိုင်နှုန်းကျော်ကို လူသားများမှာ မတွေ့ရှိသေးကြောင်း သတင်းပို့ခဲ့ပါတယ် ။ ဒါပေမဲ့ ဆန်ဖရန်စစ္စကိုရှိ စတန်းဖို့ဒ်တက္ကသိုလ်နဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များက မျိုးရိုးဗီဇမူမမှန်မှုများစွာရှိတဲ့ ကလေးငယ်တစ်ဦးရဲ့ အရိုးစုဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ် ။ မွေးဖွားပြီးပြီးချင်း သို့မဟုတ် လမစေ့ဘဲမွေးသည့် ကလေးဖြစ်ပါတယ် ။

“လမစေ့ဘဲ မွေးတဲ့ မွေးကင်းစကလေးတွေဟာ မွေးပြီးပြီးချင်း သေဆုံးနိုင်တယ်လို့ ယုံကြည်ပါတယ်။ နို့သောက်ရန်မဖြစ်နိုင်စေတဲ့ အခြေအနေရှိနေပါက မွေးကင်းစကလေးများ အထူးကြပ်မတ်ကုသရန် လိုအပ်လိမ့်မယ်” လို့ ချီလီအစိုးရအား သုတေသနကို ရှုတ်ချရန် တောင်းဆိုခဲ့တဲ့ သိပ္ပံပညာရှင် Cristina Dorador က ပြောကြားခဲ့ပါတယ် ။ ကလေးရဲ့အကြွင်းအကျန်မိခင်က အသက်ရှင်နေသေးတယ်လို့ ယုံကြည်တာကြောင့် ကလေးရဲ့မိသားစုက ခံစားရတဲ့ဝေဒနာကို အလေးပေးဖော်ပြခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ဘုရားကျောင်းတွင်းထဲမှာ ၆ လက်မအရွယ် လူသားနဲ့တူတဲ့ လျှို့ဝှက်ဆန်းကြယ်သောအရိုးစုကို တူးဖော်တွေ့ရှိခဲ့ပြီး နောက်ဆုံးမှာ အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့"

Leave a comment

Your email address will not be published.


*