ရေငုပ်ပြီး ပုဇွန်ကောင်ဖမ်းရန် ခွေးလေးကို လေ့ကျင့်ပေးခဲ့တဲ့ အမျိုးသားတစ်ဦး (ရုပ်သံ)

အိမ်မွေးတိရိစ္ဆာန်များဟာ လူ့ဘဝရဲ့အပျော်ရွှင်ဆုံး အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်ပါတယ်။ ထို့နည်းတူဘဲ ခွေးလေးတွေဟာလည်း ကျွန်တော်တို့ကို ချစ်ခြင်းမေတ္တာ ၊ ချစ်ခင်မှု ၊ အာရုံစိုက်မှု ၊ ရယ်မောမှုတွေနဲ့ ရယ်စရာကောင်းတဲ့ အခိုက်အတန့်တွေကို ပေးစွမ်းနိုင်ပြီး ကျွန်တော်တို့ရဲ့အနှစ်သက်ဆုံး အိမ်မွေးတိရိစ္ဆာန်တစ်မျိုးလည်း ဖြစ်ပါတယ်။ ၎င်းတို့ဟာ ကျွန်တော်တို့အား အဆက်မပြတ်ပျော်ရွှင်မှုတွေပေးစွမ်းပြီး နှစ်သိမ့်မှုလိုအပ်လာတဲ့အခါမှာလည်း အနားမှာ အမြဲရှိနေပေးတတ်ကြပါတယ်။ ဒါပေမဲ့ တိရိစ္ဆာန်အများစုကလည်း ၎င်းတို့ရဲ့မေတ္တာနှင့်ကရုဏာအတွက် သခင်ဖြစ်သူများထံမှ ပြန်လည်ပြီး ချစ်ခြင်းမေတ္တာကို လိုချင်တပ်မက်ကြပါတယ်။

.

တစ်နေ့မှာ ‘Devoted to the Ocean’ နှင့် ပူးတွဲတည်ထောင်သူ Alex Schulze အမည်ရှိအမျိုးသားတစ်ဦးဟာ Lila အမည်ရှိသူ့ရဲ့ခွေးလေးနဲ့အတူ လွတ်လပ်စွာ သမုဒ္ဒရာထဲရေငုပ်ထွက်ကြစဉ် Lila လေးကို သမုဒ္ဒရာထဲမှာ ရေငုပ်ပြီး ပုဇွန်ကောင်များဖမ်းရန် သင်ကြားပေးခဲ့ပါတယ်။

ထို့နောက် နောက်တစ်ကြိမ် Lila လေးကလည်း သခင်ဖြစ်သူက သူမအား ရေငုပ်ဖို့ အချက်ပြမဲ့အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့ပြီး သခင်ဖြစ်သူ အချက်ပြလိုက်တဲ့အခါမှာ Lila လေးက ကြည်လင်အပြာရောင်ရေအောက်ထဲသို့ ခုန်ဆင်းပြီး သမုဒ္ဒရာကြမ်းပြင်ပေါ်က ပုဇွန်တစ်ကောင်ကို ပိုင်ပိုင်နိုင်နိုင် ဖမ်းယူပြလိုက်ပါတယ်။ ထို့နောက် ​ရေ​ပေါ်​ပေါ်​သို့ ပြန်တက်​လာပြီး လှေပေါ်ပြန်တက်လာတဲ့မြင်ကွင်းက မယုံနိုင်စရာပါဘဲ။

မယုံနိုင်လောက်စရာ အရည်အချင်းတွေပြသနေတဲ့ ဒီခွေးလေးရဲ့ အမိုက်စား ဗီဒီယိုကိုလည်း ကြည့်ရှုသွားခဲ့ကြပါအုံးဗျ ။ Lila လေးက Black lab ခွေးအမျိုးအစားဖြစ်တာကြောင့် ရေကို အတော်လေးကြိုက်တတ်တယ်ဆိုပေမဲ့လည်း ဘယ်ခွေးတစ်ကောင်ကမှ ၎င်းကဲ့သို့အပြုအမှုမျိုးပြုလုပ်ခဲ့တာကို ကျွန်တော်တို့ တစ်ခါမှမမြင်ဖူးသေးတာတော့ အမှန်ပါဘဲ။

သခင့်ထံမှ အချက်ပြမှုကို စောင့်ဆိုင်းခြင်းမှလွဲပြီး Lila လေးက လုံးဝ တုံ့ဆိုင်းမနေခဲ့တာကို တွေ့မြင်နိုင်ပါတယ်။ ကျွန်တော်သာ ဒီလိုခွေးမျိုးလေးတစ်ကောင်ရှိရင်တော့ ညတိုင်း ပုဇွန်စားနေမိမယ်ထင်ပါတယ်ဗျာ။

ဒါမှမဟုတ် ခွေးလေး ဖမ်းတဲ့ ပုဇွန်ကောင်တွေကို ပြန်ရောင်းပြီး ကိုယ်ပိုင်စီးပွါးရေးတောင် ထောင်မိမယ်ထင်ပါတယ်ဗျာ ။

Mia (Mckzone daily)

Reference : buzznicked

Be the first to comment on "ရေငုပ်ပြီး ပုဇွန်ကောင်ဖမ်းရန် ခွေးလေးကို လေ့ကျင့်ပေးခဲ့တဲ့ အမျိုးသားတစ်ဦး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*