မီးပျက်သွားလို့ ငါးကန်နဲ့ချိတ်ထားတဲ့ အောင်ဆီဂျင်အလုပ်မလုပ်တော့တာကြောင့် လေဖြင့်မှုတ်တွင်းလိုက်တဲ့ လူငယ်ရဲ့ ရယ်စရာ‌ကောင်းတဲ့လုပ်ရပ်




JRose (Mckzone daily)

Reference : yan

Unicode

လူများစွာက အလှဆင်ငါးများမွေးမြူခြင်းကို ဝါသနာပါပြီး ၎င်းတို့ကို အိမ်မွေးတိရစ္ဆာန်များအဖြစ် မှတ်ယူကာ ချစ်မြတ်နိုးစွာ ဂရုစိုက်ကြပါတယ် ။ ငါးများ ကောင်းမွန်စွာနေထိုင်နိုင်စေရန်အတွက် အစာလိုအပ်ရုံသာမက သန့်ရှင်းတဲ့ပတ်ဝန်းကျင်မှာ ထားရှိစေပြီး အောက်ဆီဂျင်မီးစက်ကိုလည်း တပ်ဆင်ထားကြပါတယ် ။ ဒါပေမဲ့ အခုဖော်ပြပေးမှာက ကောင်လေးတစ်ယောက်ဟာ အိမ်မှာ အလှငါးမွေးမြူထားပြီး ကံမကောင်းစွာဖြင့် လျှပ်စစ်မီးပြတ်သွားကာ အောက်ဆီဂျင်ထုတ်ပေးတဲ့စက်က အလုပ်မလုပ်တဲ့အတွက် ငါးကိုကယ်တင်ဖို့ သူ့ကိုယ်သူ ဓာတ်ငွေ့အသွင်ပြောင်းခဲ့ရပါတယ် ။

ဘာကြောင့်လဲဆိုတော့ အောက်ဆီဂျင် လုံလုံလောက်လောက်မရှိပါက အချိန်တိုအတွင်း ပြတိုက်ထဲရှိ ငါးများအားလုံး သေးကြမှာဖြစ်ပါတယ် ။ ကောင်လေးက ငါးတွေကို ဆုံးရှုံးရမှာကြောက်လို့ ပိုက်နဲ့ ငါးကန်ထဲကို သူ့ရဲ့လေဖြင့် မှုတ်ထည့်လိုက်ပါတယ် ။ အဆိုပါ ဗီဒီယိုက တိုတောင်းသော်လည်း အင်တာနက်သုံးစွဲသူများရဲ့အာရုံစိုက်မှုကို လျင်မြန်စွာရရှိခဲ့ပြီး အငြင်းပွားဖွယ်အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပါတယ် ။ ထိုလူက အောက်ဆီဂျင်မှုတ်တွင်းတာမဟုတ်ဘဲ CO2 ဓာတ်ငွေ့ကို မှုတ်တွင်းလိုက်တာဖြစ်တယ်လို့ အင်တာနက်အသုံးပြုသူအချို့က ယုံကြည်ကြပါတယ် ။

သူလုပ်တဲ့အတိုင်းသာ လုပ်မယ်ဆိုရင် ခွန်အားလည်း ဆုံးရှုံးစေပြီး အထူးသဖြင့် ငါးကို လျင်မြန်စွာ သေစေနိုင်ပါတယ် ။ ငါးမွေးမြူခြင်းက လူများစွာအတွက် ဝါသနာတစ်ခုဆိုပေမဲ့ ငါးသာမက တိရစ္ဆာန်တစ်ကောင်ကို မွေးမြူဖို့ မဆုံးဖြတ်မီ၊ လူတစ်ဦးစီက ၎င်းတို့ကို အကောင်းဆုံးပြုစုစောင့်ရှောက်ရန် လုံလောက်တဲ့ အသိပညာရှိရန် ဂရုတစိုက်လေ့လာရန် လိုအပ်ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "မီးပျက်သွားလို့ ငါးကန်နဲ့ချိတ်ထားတဲ့ အောင်ဆီဂျင်အလုပ်မလုပ်တော့တာကြောင့် လေဖြင့်မှုတ်တွင်းလိုက်တဲ့ လူငယ်ရဲ့ ရယ်စရာ‌ကောင်းတဲ့လုပ်ရပ်"

Leave a comment

Your email address will not be published.


*