အခြားကောင်လေးနဲ့ ဖောက်ပြန်တယ်လို့ သတင်းထွက်ပြီးနောက် သူမရဲ့ဖုန်းကို မစစ်ကြည့်ဖို့ ကောင်လေးကို ဒူးထောက် တောင်းပန်နေခဲ့တဲ့ မိန်းကလေး



.

.

.

JRose (Mckzone daily)

Reference : sanook

Unicode

ယနေ့ခေတ်မှာ မိုဘိုင်းလ်ဖုန်းများက ကျွန်ုပ်တို့ရဲ့ လက်ချောင်းများမှတစ်ဆင့် မည်သည့်အရာမဆို လုပ်ဆောင်နိုင်ပြီး ရည်းစားဖြစ်သူ မသိအောင် လျှို့ဝှက်စွာ စကားပြောရန် သို့မဟုတ် ဖုံးကွယ်ထားခြင်းလည်း ပါဝင်ပါတယ် ။ အခုတခါ တရုတ်လူမှုကွန်ရက်မီဒီယာတွေမှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုဖိုင်က အမျိုးသားရဲ့ခြေထောက်များကို ပွေ့ဖက်ပြီး ဒူးထောက်တောင်းပန်နေတဲ့ မိန်းကလေးက ကောင်လေးကို သူမရဲ့ဖုန်း မကြည့်ရန် တောင်းဆိုနေတာပါ ။ ကောင်လေးက သူ့အပေါ် သူမလျှို့ဝှက်လှည့်စားနေတယ်ဟု သံသယဝင်ပြီးနောက် သူမရဲ့ဖုန်းကို စစ်ဆေးကြည့်ခဲ့ပါတယ် ။

ထိုအဖြစ်အပျက်ကို မျက်မြင်သက်သေများက အွန်လိုင်းမှာ မျှဝေပြီးနောက် မှတ်ချက်များစွာ ထွက်ပေါ်လာခဲ့ပါတယ် ။ ဖုန်းလေးတောင် မပေးကြည့်တာဆိုတော့ သူမက သူမရဲ့ ချစ်သူအပေါ် လှည့်စားနေတာက သေချာပါတယ် ။ အမျိုးသားများက ထိုကဲ့သို့သော အမျိုးသမီးကို သူတို့ရဲ့ ဘဝထဲ မခေါ်လာဘဲ ထားခဲ့ပြီး ပိုမိုကောင်းမွန်တဲ့ လူသစ်ကို ရှာဖွေရန်လည်း အားပေး အကြံပေးကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "အခြားကောင်လေးနဲ့ ဖောက်ပြန်တယ်လို့ သတင်းထွက်ပြီးနောက် သူမရဲ့ဖုန်းကို မစစ်ကြည့်ဖို့ ကောင်လေးကို ဒူးထောက် တောင်းပန်နေခဲ့တဲ့ မိန်းကလေး"

Leave a comment

Your email address will not be published.


*