အရမ်းသိတက်လိမ္မာတဲ့ သမီးလေး ၂ ယောက်ကို ရရှိထားလို့ အရမ်းကံကောင်းခဲ့တဲ့ ဆင်ခြေထောက်ရောဂါနဲ့ ကြင်ဖော်မဲ့မိခင်

မကြာသေးမီက မစ္စ T. ဆိုတဲ့ မိခင်တစ်ဦးက အသက် 16-17 နှစ်မတိုင်မီမှာ သူမရဲ့ခန္ဓာကိုယ်က လုံးဝပုံမှန်ဖြစ်ပြီး ရွာရှိလူငယ်များစွာကပင် သတိပြုမိကြောင်း ပြောကြားခဲ့ပါတယ် ။ တစ်ခါက စက်ဘီးပေါ်မှ ပြုတ်ကျပြီးနောက် ခြေကျင်းဝတ်မှာ ရောင်ရမ်းလာပေမဲ့ လယ်ကွင်းထဲဆင်းပြီး အေးအေးဆေးဆေး လမ်းလျှောက်နေဆဲဖြစ်ပါတယ် ။ ခဏကြာပြီးနောက် သူမရဲ့ခြေထောက်များ ဖောင်းလာပြီး ပြန့်ကျဲလာခဲ့ပါတယ် ။ သမီးလေးကို ချစ်မြတ်နိုးတဲ့ T. ရဲ့ မိဘတွေက ပိုက်ဆံစုဆောင်းပြီး အနောက်တိုင်းဆေးတွေနဲ့ ကုသဖို့ ကြိုးစားခဲ့ပေမယ့် ရောဂါကို ဘယ်သူကမှ မကုသနိုင်ခဲ့ပါဘူး ။ ဟနွိုင်းမှာ ဆေးစစ်တဲ့ အခါမှာတော့ ဆရာဝန်က ဒါဟာ ထူးဆန်းတဲ့ ရောဂါတစ်ခုလို့ ဆိုပါတယ် ။

အဲဒီတုန်းက ဆင်းရဲတဲ့ မိသားစုကြောင့် ဒီအမျိုးသမီးဟာ နေ့တိုင်း ဆေးကို မှန်မှန်သောက်ဖို့သာ ကြိုးစားပြီး ရောဂါနဲ့ နေထိုင်ခဲ့ရပါတယ် ။

ယခုမှာ မစ္စ T. ယခုက “ဆင်ခြေထောက်နဲ့အမျိုးသမီး” ဆိုတဲ့ နာမည်ပြောင်ဖြင့် အခေါ်ခံနေရဆဲဖြစ်ကြောင်း VTC News မှ ပြောကြားခဲ့ပါတယ် ။ တစ်ချိန်တည်းမှာပင် အိမ်မှာ အမြဲနေရန် ကြိုးစားပြီး ညဘက်မှသာ အပြင်ထွက်ရန် ရွေးချယ်ခဲ့ပါတယ် ။ ဒုတိယသမီးလေး မမွေးမီ ၁၂ ရက်ခန့်မှာ မစ္စ T. က သူမရဲ့ခင်ပွန်း ရုတ်တရက် ထာဝရ ဆုံးပါးသွားတဲ့ သတင်းဆိုးကို ရရှိခဲ့ပါတယ် ။

ထိုအချိန်မှာ ကလေးနှစ်ယောက်မိခင်ဖြစ်တဲ့ မစ္စ Tက သူမရဲ့ မျက်လုံးများမှာ မျက်ရည်များဝဲကာ နေထိုင်ခဲ့သော်လည်း သူမရဲ့ တာဝန်ကို တွေးတောမိသောကြောင့် နာကျင်မှုကို မျိုသိပ်ကာ သန်မာလာခဲ့ရပါတယ် ။

သူ့သမီးအကြီးဆုံးက ဒီနှစ် 7 တန်း ၊ ဒုတိယသမီး က 4 တန်းတက်ပြီး နှစ်ယောက်စလုံးက အလွန်နာခံမှုရှိကာ မကြာခဏဆိုသလို မိခင်ဖြစ်သူကို အသေးဆုံးအရာများကို ကူညီပေးတာကြောင့် သူမကို လုံခြုံစေပါတယ် ။

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း မိခင်နဲ့သမီးတို့က မိခင်ရဲ့လစာနည်းပါးမှုနဲ့ ဒေသန္တရအစိုးရထံမှ ထောက်ပံ့ကြေးအနည်းငယ်ဖြင့် အသက်မွေးခဲ့ကြပါတယ် ။ ခက်ခဲလွန်းပေမယ့် သမီးလေးနှစ်ယောက်ရဲ့ အပြစ်ကင်းစင်တဲ့ အပြုံးတွေကို ကြည့်လိုက်တိုင်း မစ္စ T. က အရမ်းပျော်နေမိတာပါ ။

ဘုရားသခင်က မစ္စ Tထံမှ ပစ္စည်းများစွာကို ယူခဲ့သော်လည်း ချောမောလှပပြီး ချစ်စဖွယ်သမီးလေး ၂ ယောက်ကို ပေးခဲ့ပါတယ် ။ သားအမိ ၃ယောက်လုံး ထာဝရပျော်ရွှင်ကြပြီး လာမယ့်နှစ်တွေမှာ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။

JRose (Mckzone daily)

Reference : yan

Be the first to comment on "အရမ်းသိတက်လိမ္မာတဲ့ သမီးလေး ၂ ယောက်ကို ရရှိထားလို့ အရမ်းကံကောင်းခဲ့တဲ့ ဆင်ခြေထောက်ရောဂါနဲ့ ကြင်ဖော်မဲ့မိခင်"

Leave a comment

Your email address will not be published.


*