.
.
.
JRose (Mckzone daily)
Reference : bestie
Unicode
မကြာသေးမီက လူမှုကွန်ရက်တွေမှာ လူတိုင်းကို အားကျစေတဲ့ ပျော်ရွှင်စရာကောင်းတဲ့ စုံတွဲပုံတွေကို မကြာခဏဆိုသလို မြင်တွေ့ရပါတယ် ။ အခုတခေါက်မှာလည်း ကိုရီးယားစုံတွဲတစ်တွဲရဲ့ မင်္ဂလာပွဲမှာ ဖြစ်ပျက်ခဲ့တဲ့အရာကို အင်တာနက်အသုံးပြုသူများက ဗီဒီယိုဖိုင်အတိုနဲ့ မျှဝေခဲ့ကြပါတယ် ။ ဗီဒီယိုထဲမှာ သတိုးသားနဲ့ သတို့သမီးကို တစ်ယောက်နဲ့တစ်ယောက် ဦးညွတ်ခိုင်းတဲ့အခါမှာ သတို့သားက သူ့ဇနီးကို ပိုချစ်တဲ့သူဆိုတာကို ပြသနိုင်ဖို့ ကြမ်းပြင်ပေါ်လှဲလျောင်းပြီး သူ့ရဲ့ မှန်ကန်တဲ့အချစ်ကို ပြသခဲ့ပါတယ် ။
အဲ့ဒီအချိန်မှာ သတို့သမီးက လက်လျှော့ရန် “အရှုံးပေး” ရပြီး သတို့သမီးက ငိုယိုကာ သူမဟာ မှန်ကန်တဲ့လူကို ရွေးချယ်ခဲ့ကြောင်း ယုံကြည်လာခဲ့ပါတယ် ။ ဒါတင်မကသေးဘဲ မင်္ဂလာပွဲလာတဲ့ ဧည့်သည်တွေကလည်း ရယ်စရာကောင်းပြီး ချစ်စဖွယ် အခိုက်အတန့်လေးမှာ ရယ်မောခဲ့ကြပါသေးတယ် ။ ပျော်ရွှင်စရာကောင်းတဲ့ အခမ်းအနားတစ်ခုဖြစ်ပေမယ့်လည်း သတို့သားက ဇနီးအပေါ်ထားတဲ့ လေးစားချစ်ခင်မှုကိုလည်း မြင်တွေ့ရပါတယ် ။
JRose (Mckzone daily)
Be the first to comment on "သတို့သမီးထက် သူကပိုချစ်ကြောင်းကို ပြသရန် ကြမ်းပြင်ပေါ် လှဲလျောင်းပြီး ဦးညွတ်ခဲ့တဲ့ သတို့သားရဲ့ ရယ်စရာကောင်းပြီး ချစ်စဖွယ်အခိုက်အတန့်လေး"