အိပ္ငိုက္ေနတဲ့ ကားသမားကို ကူညီရမဲ့အစား အျပစ္ေျပာရမဲ့အခ်ိန္ကိုသာေစာင့္ေနခဲ့ၾကလို႔ ဒုကၡေရာက္ခဲ့ရတဲ့အျဖစ္ (႐ုပ္သံ)

တစ္ခ်ိဳ႕ေသာသူေတြကေတာ့ ျပသာနာတစ္ခုကို မျဖစ္ခင္တားဆီးရမဲ့အစား ရပ္ၾကည့္ေနၿပီး ျပသာနာျဖစ္ပ်က္ၿပီးခဲ့ခ်ိန္မွ အျပစ္ေျပာဖို႔လိုက္ေခ်ာင္းေနၾကသူေတြ႐ွိပါတယ္ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံ ၊ Segamat ၿမိဳ႕ရဲ႕ လမ္းမႀကီးတစ္ေနရာမွာ ေမာင္းႏွင္ေနတဲ့ကားတစ္စီးဟာ သူတို႔ရဲ႕အေ႐ွ႕တည္တည့္မွာေမာင္းႏွင္ေနတဲ့ 4×4 ကားရဲ႕ ကားသမားဟာ အေတာ္ေလးကို အိပ္ငိုက္ေနပံုရၿပီး ကားကိုေျဖာင့္ေျဖာင့္ေတာင္ မေမာင္းႏိုင္ေတာ့ဘဲ အ႐ွိန္မေလ်ာ့ႏိုင္ ၊ မထိန္းႏိုင္နဲ႔ ေမာင္းႏွင္ေနခဲ့တာကို video ႐ိုက္ကူးခဲ့ပါတယ္ ။

အဆိုပါ အေျခအေနမ်ိဳးမွာ အေနာက္ကေန ေမာင္းႏွင္လာခဲ့ေသာကားသမားက ကားဟြန္းတီးၿပီး သတိဝင္ေအာင္ အခ်က္ေပးရမဲ့အစား video သာ လိုက္႐ိုက္ေနခဲ့ၿပီး ဘာျဖစ္လာမလဲဆိုတာကိုသာ အျပစ္ေျပာဖို႔ ေစာင့္ၾကည့္ေနခဲ့တာပါ ။ လမ္းတစ္ေနရာအေရာက္မွာေတာ့ လမ္းေဘးကေန တစ္လမ္းတည္း တည့္တည့္ေမာင္းဝင္လာခဲ့တဲ့ဆိုင္ကယ္ ႏွင့္ အဆိုပါ 4×4 ကားတို႔မွာ အ႐ွိန္ျပင္းစြာ တိုက္မိသြားခဲ့ၿပီး ဆိုင္ကယ္သမားမွာေတာ့ အေတာ္ေလးအ႐ွိန္ျပင္းလြန္းတဲ့အတြက္ လမ္းေဘးဖက္သို႔ လြင့္စင္က်သြားခဲ့ပါတယ္ ။

အဆိုပါအျဖစ္အပ်က္ကို အေနာက္ကေန video လိုက္႐ိုက္ၿပီး ေမာင္းႏွင္လာခဲ့တဲ့ကားက ” အိပ္ငိုက္ၿပီး ကားေမာင္းရင္ ဘာျဖစ္တတ္လဲဆိုတာ ဒါက ဥပမာပဲ …” ဆိုၿပီး ေရးသားကာ video ႏွင့္တကြ Facebook စာမ်က္ႏွာေပၚမွာတင္ၿပီး ေဝမ်ွခဲ့ပါတယ္ ။ အဆိုပါ အျဖစ္အပ်က္ကို ေတြ႔ျမင္ခဲ့ၾကတဲ့ လူအမ်ားစုက 4×4 ကားကို ေမာင္းႏွင္ေနတဲ့ ကားသမားကို သတိဝင္ေအာင္ ဟြန္းတီးၿပီးႏိုးလို႔ရရဲ႕သားနဲ႔ ယခုလို video ႐ိုက္ဖို႔ကိုသာ ဦးစားေပးခဲ့သူမ်ားကို အျပစ္တင္႐ႈံ့ခ်ေဝဖန္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်ချို့သောသူတွေကတော့ ပြသာနာတစ်ခုကို မဖြစ်ခင်တားဆီးရမဲ့အစား ရပ်ကြည့်နေပြီး ပြသာနာဖြစ်ပျက်ပြီးခဲ့ချိန်မှ အပြစ်ပြောဖို့လိုက်ချောင်းနေကြသူတွေရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Segamat မြို့ရဲ့ လမ်းမကြီးတစ်နေရာမှာ မောင်းနှင်နေတဲ့ကားတစ်စီးဟာ သူတို့ရဲ့အရှေ့တည်တည့်မှာမောင်းနှင်နေတဲ့ 4×4 ကားရဲ့ ကားသမားဟာ အတော်လေးကို အိပ်ငိုက်နေပုံရပြီး ကားကိုဖြောင့်ဖြောင့်တောင် မမောင်းနိုင်တော့ဘဲ အရှိန်မလျော့နိုင် ၊ မထိန်းနိုင်နဲ့ မောင်းနှင်နေခဲ့တာကို video ရိုက်ကူးခဲ့ပါတယ် ။

အဆိုပါ အခြေအနေမျိုးမှာ အနောက်ကနေ မောင်းနှင်လာခဲ့သောကားသမားက ကားဟွန်းတီးပြီး သတိဝင်အောင် အချက်ပေးရမဲ့အစား video သာ လိုက်ရိုက်နေခဲ့ပြီး ဘာဖြစ်လာမလဲဆိုတာကိုသာ အပြစ်ပြောဖို့ စောင့်ကြည့်နေခဲ့တာပါ ။ လမ်းတစ်နေရာအရောက်မှာတော့ လမ်းဘေးကနေ တစ်လမ်းတည်း တည့်တည့်မောင်းဝင်လာခဲ့တဲ့ဆိုင်ကယ် နှင့် အဆိုပါ 4×4 ကားတို့မှာ အရှိန်ပြင်းစွာ တိုက်မိသွားခဲ့ပြီး ဆိုင်ကယ်သမားမှာတော့ အတော်လေးအရှိန်ပြင်းလွန်းတဲ့အတွက် လမ်းဘေးဖက်သို့ လွင့်စင်ကျသွားခဲ့ပါတယ် ။

အဆိုပါအဖြစ်အပျက်ကို အနောက်ကနေ video လိုက်ရိုက်ပြီး မောင်းနှင်လာခဲ့တဲ့ကားက ” အိပ်ငိုက်ပြီး ကားမောင်းရင် ဘာဖြစ်တတ်လဲဆိုတာ ဒါက ဥပမာပဲ …” ဆိုပြီး ရေးသားကာ video နှင့်တကွ Facebook စာမျက်နှာပေါ်မှာတင်ပြီး ဝေမျှခဲ့ပါတယ် ။ အဆိုပါ အဖြစ်အပျက်ကို တွေ့မြင်ခဲ့ကြတဲ့ လူအများစုက 4×4 ကားကို မောင်းနှင်နေတဲ့ ကားသမားကို သတိဝင်အောင် ဟွန်းတီးပြီးနိုးလို့ရရဲ့သားနဲ့ ယခုလို video ရိုက်ဖို့ကိုသာ ဦးစားပေးခဲ့သူများကို အပြစ်တင်ရှုံ့ချဝေဖန်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment