ယောကျာင်္းပေါင်း 136 ယောက်ကျော်ကို မုဒိမ်းပြုကျင့်ခဲ့ပြီး မုဒိမ်းမှုအကျူးလွန်ဆုံးသူအဖြစ် စံချိန်တင်သွားခဲ့တဲ့ PhD ကျောင်းသား
Jasmine (Mckzone Daily)
Source: worldofbuzz
Unicode
ဒီလိုမျိုး မုဒိမ်းမှုတွေမှာဆိုရင် အဓိကသားကောင်ဖြစ်ကြရတာကတော့ မိန်းကလေးအများစုပါပဲ ။ သို့ပေမဲ့လည်း ယောင်္ကျားလေးတွေလည်း မုဒိမ်းမှုရဲ့သားကောင်မဖြစ်နိုင်ဘူးလို့ ပြောလို့မရပါဘူး ။ ပိုပြီးဆိုးရွားတာကတော့ ပြစ်မှုကျူ းလွန်ခြင်းခံခဲ့ရတဲ့ ယောကျာၤးလေးတွေဟာ လူအထင်သေးခံရမှာ ပိုပြီးရှက်ကြောက်လို့ တိုင်ကြားခြင်းမျိုး ပြုလုပ်လေ့မရှိကြပါဘူး ။ ဒီတစ်ခေါက်မှာလည်း အင်္ဂလန်နိုင်ငံမှာ လာပြီးပညာသင်ကြားနေခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသား PhD ကျောင်းသားဟာ အင်္ဂလန်နိုင်ငံရဲ့ မုဒိမ်းမှုအကျူ းလွန်ဆုံးသူအဖြစ် စံချိန်တင်သွားပါတယ် ။ ဖြစ်စဉ်ကတော့ အသက် 36 နှစ်အရွယ်ရှိပြီဖြစ်တဲ့ Reynhard Sinaga အမည်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံသားဟာ ယောကျာၤးပေါင်း 136 ယောက်ကို မုဒိမ်းပြုကျင့်ခဲ့တဲ့အပြင် ၊ သိသာထင်ရှားတဲ့ ပြစ်မှုပေါင်း 150 အထိရှိခဲ့လို့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခြင်း ခံခဲ့ရပါတယ် ။
ဖြစ်စဉ်ကတော့ Reynhard ဟာ အရက်ဆိုင်အပြင်ဖက်တွေမှာ မူးနေတဲ့ကောင်လေးတွေကို ခေါ်ပြီး သူ၏နေအိမ်မှာအတူအိပ်ဖို့ခေါ်ပါတယ် ။ ထို့နောက် အရက်မူးနေတဲ့ကောင်လေးတွေကို ဆေးမခတ်ခင် အရင်မုဒိမ်းပြုကျင့်လေ့ရှိကြောင်းလည်း သိရှိရပါတယ် ။ ဒါတင်မကသေးဘဲ ပြစ်မှုကျူ းလွန်နေခဲ့တာကို သူ၏ လက်ကိုင်ဖုန်းဖြင့်လည်း မှတ်တမ်းတင် video ရိုက်ကူးခဲ့ပါသေးတယ် ။ သူ၏သားကောင်ဖြစ်ခဲ့တဲ့ ကောင်လေးအများစုဟာ လိင်မတူတဲ့ ကာမဆက်ဆံမှုကိုသာ ကြိုက်နှစ်သက်ကြသူဖြစ်ပြီး ၊ Reynhard ဟာ သူ၏အပေါင်းအဖော်သူငယ်ချင်းများကို ” gay လောကသားတွေကို 2014- 2015 ခုနှစ်တွေမှာ သူကသာ ထိုးဖောက်ကျော်လွှားသူ “ဆိုပြီး မခံချင်စိတ်များဖြစ်အောင်လည်း message ပေးပို့ခဲ့ပါသေးတယ် ။
Reynhard ဟာ အင်္ဂလန်နိုင်ငံကို ကျောင်းသား visa ဖြင့် 2007 ခုနှစ်က ရောက်ရှိခဲ့တာဖြစ်ပြီး ၊ Manchester University မှာ PhD ကျောင်းသားတစ်ယောက်အနေနဲ့ ပညာတက်ရောက်သင်ကြားနေခဲ့ကာ ၊ ‘Sexuality and everyday transnationalism. South Asian gay and bisexual men in Manchester ‘ ဆိုတဲ့ သုတေသနစာတမ်းပြုစုနေသူလည်း ဖြစ်ပါတယ် ။ သိသာထင်ရှားလွန်းတဲ့ ပြစ်မှုတွေကြောင့် ပြီးခဲ့တဲ့ 2017 ခုနှစ်မှာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ် ။
Jasmine (Mckzone Daily)
  • Leave a Comment