အပိုဝင္ေငြရေအာင္ ေက်ာင္းသြားရင္း စီးပြားပါ႐ွာေနခဲ့တဲ့ 7ႏွစ္အရြယ္ ကေလးငယ္

တစ္ခ်ိဳ႕ေသာမိဘေတြက ကေလးေတြကိုေက်ာင္းပို႔ၿပီးရင္ေတာင္ အျမဲစိတ္ပူေနလို႔ အရိပ္တၾကည့္ၾကည့္အျမဲေစာင့္ၾကည့္ေနၾကတာပါ ။ သို႔ေပမဲ့လည္း ကိုယ့္ရဲ႕သားသမီးေတြကို ဘာမဆိုသူတို႔ကိုယ္တိုင္သာ ျပဳလုပ္ၿပီး ၊ ေလ့လာခိုင္းမယ္ဆိုရင္ ကေလးငယ္ေတြဟာ ငယ္ငယ္ရြယ္ရြယ္နဲ႔စီးပြားေရးအျမင္ေတြ႐ွိလာခဲ့ၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံက Puan Hasmi Samsuddin အမည္႐ွိတဲ့ ကေလးမိခင္တစ္ေယာက္ဟာ ပထမတန္းသာ႐ွိေသးတဲ့ သူမရဲ႕သားကို ပိုက္ဆံ RM 2 ကိုမုန္႔ဖိုးအေနနဲ႔ေပးၿပီး ေက်ာင္းသြားခိုင္းလိုက္ေပမယ့္လည္း သားျဖစ္သူဟာ ပိုက္ဆံ RM 4 ျဖင့္အိမ္သို႔ျပန္ေရာက္လာခဲ့သျဖင့္ သားျဖစ္သူဟာ အျခားေသာသူငယ္ခ်င္းေတြထံ ပိုက္ဆံခိုးယူလာခဲ့တာလားဆိုၿပီး သူမအေတာ္ေလးစိတ္ပူပန္ခဲ့ရေၾကာင္း သူမရဲ႕ Facebook စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္ ။

သူမေရးသားထာခဲ့တာကေတာ့ ” ေက်ာင္းသားအသစ္တစ္ေယာက္ ၊ ေက်ာင္းတက္တာ 2ရက္ပဲ႐ွိေသးတယ္ ၊ ကြၽန္မသားက အကုန္လံုးသိတတ္နားလည္ေနၿပီ ၊ မုန္႔ဖိုး RM 2 ေပးလိုက္တာကို RM 4 က်ပ္နဲ႔ သူအိမ္ျပန္ေရာက္လာတယ္ ” ဆိုၿပီး အစပ်ိဳးကာေရးသားခဲ့ပါတယ္ ။ ထို႔ေနာက္သူမကို သားျဖစ္သူက ” အေမ ကြၽန္ေတာ့္ ဝက္႐ုပ္စုဗူး ဘယ္မွာလဲ ” လို႔ေမးေတာ့ သူမက ” နင္ ဘာလုပ္မလို႔လဲ ” ” ကြၽန္ေတာ္ ပိုက္ဆံစုခ်င္လို႔ ” ဆိုေတာ့ သူမကလည္း ” နင္ ပိုက္ဆံဘယ္ကရတာလဲ ” ေမးလိုက္ေတာ့ သားျဖစ္သူက ” အေမ အေစာပိုင္းက သားကိုေပးလိုက္တာေလ ” ဆိုၿပီး ျပန္ေျဖလိုက္ခ်ိန္မွာေတာ့ သူမက အံ့ၾသၿပီး ” ငါနင့္ကို RM 2 ပဲေပးလိုက္တာပါ နင္ဘယ္ကေန RM 4 က်ပ္ရလာတာလဲ..နင့္ သူငယ္ခ်င္းေတြရဲ႕ ပိုက္ဆံကိုယူထားတာလား ” ဆိုၿပီးေမးလိုက္ခ်ိန္မွာေတာ့ သားျဖစ္သူက ” ကြၽန္ေတာ္ သူတို႔ရဲ႕ ပိုက္ဆံမယူပါဘူး ၊ ကြၽန္ေတာ္ ႏွံေကာင္ေတြ ေရာင္းလာတာ ” ဆိုၿပီး သူမကိုျပန္ေျဖခဲ့ပါတယ္ ။

သူမကလည္း အစပိုင္းမွာေတာ့ သားျဖစ္သူကို ပညာသင္ေစခ်င္လို႔ ေက်ာင္းပို႔လိုက္တာျဖစ္ၿပီး ၊ ႏွံေကာင္ ေရာင္းဖို႔မဟုတ္ဘူး ဆိုၿပီး စိတ္ဆိုးေဒါသထြက္ကာ သားျဖစ္သူကို အျပစ္ေပးခဲ့ပါတယ္ ။ သားျဖစ္သူမွာလည္း အေတာ္ေလးစိတ္မေကာင္းျဖစ္သြားပံုရၿပီး အဲ့ကေနစၿပီး သူ႔ရဲ႕မုန္႔ဖိုးေတြကိုသာ လံုးဝမသံုးေတာ့ဘဲ ပိုက္ဆံစုေဆာင္းခဲ့ပါတယ္ ။ 7ႏွစ္အရြယ္ ကေလးတစ္ေယာက္က အခုလိုထက္ျမတ္ၿပီး ငယ္ငယ္ရြယ္ရြယ္နဲ႔ စီးပြားေရးအျမင္ေတြ႐ွိေနၿပီး စုေဆာင္းတတ္ေနၿပီျဖစ္တဲ့အတြက္ မိခင္ျဖစ္သူမွာေတာ့ အေတာ္ေလးကို ပီတိျဖစ္ေနခဲ့ၿပီး သားျဖစ္သူရဲ႕အေၾကာင္းကို Facebook စာမ်က္ႏွာေပၚမွာေဝမ်ွသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်ချို့သောမိဘတွေက ကလေးတွေကိုကျောင်းပို့ပြီးရင်တောင် အမြဲစိတ်ပူနေလို့ အရိပ်တကြည့်ကြည့်အမြဲစောင့်ကြည့်နေကြတာပါ ။ သို့ပေမဲ့လည်း ကိုယ့်ရဲ့သားသမီးတွေကို ဘာမဆိုသူတို့ကိုယ်တိုင်သာ ပြုလုပ်ပြီး ၊ လေ့လာခိုင်းမယ်ဆိုရင် ကလေးငယ်တွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့စီးပွားရေးအမြင်တွေရှိလာခဲ့ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက Puan Hasmi Samsuddin အမည်ရှိတဲ့ ကလေးမိခင်တစ်ယောက်ဟာ ပထမတန်းသာရှိသေးတဲ့ သူမရဲ့သားကို ပိုက်ဆံ RM 2 ကိုမုန့်ဖိုးအနေနဲ့ပေးပြီး ကျောင်းသွားခိုင်းလိုက်ပေမယ့်လည်း သားဖြစ်သူဟာ ပိုက်ဆံ RM 4 ဖြင့်အိမ်သို့ပြန်ရောက်လာခဲ့သဖြင့် သားဖြစ်သူဟာ အခြားသောသူငယ်ချင်းတွေထံ ပိုက်ဆံခိုးယူလာခဲ့တာလားဆိုပြီး သူမအတော်လေးစိတ်ပူပန်ခဲ့ရကြောင်း သူမရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ် ။

သူမရေးသားထာခဲ့တာကတော့ ” ကျောင်းသားအသစ်တစ်ယောက် ၊ ကျောင်းတက်တာ 2ရက်ပဲရှိသေးတယ် ၊ ကျွန်မသားက အကုန်လုံးသိတတ်နားလည်နေပြီ ၊ မုန့်ဖိုး RM 2 ပေးလိုက်တာကို RM 4 ကျပ်နဲ့ သူအိမ်ပြန်ရောက်လာတယ် ” ဆိုပြီး အစပျိုးကာရေးသားခဲ့ပါတယ် ။ ထို့နောက်သူမကို သားဖြစ်သူက ” အမေ ကျွန်တော့် ဝက်ရုပ်စုဗူး ဘယ်မှာလဲ ” လို့မေးတော့ သူမက ” နင် ဘာလုပ်မလို့လဲ ” ” ကျွန်တော် ပိုက်ဆံစုချင်လို့ ” ဆိုတော့ သူမကလည်း ” နင် ပိုက်ဆံဘယ်ကရတာလဲ ” မေးလိုက်တော့ သားဖြစ်သူက ” အမေ အစောပိုင်းက သားကိုပေးလိုက်တာလေ ” ဆိုပြီး ပြန်ဖြေလိုက်ချိန်မှာတော့ သူမက အံ့သြပြီး ” ငါနင့်ကို RM 2 ပဲပေးလိုက်တာပါ နင်ဘယ်ကနေ RM 4 ကျပ်ရလာတာလဲ..နင့် သူငယ်ချင်းတွေရဲ့ ပိုက်ဆံကိုယူထားတာလား ” ဆိုပြီးမေးလိုက်ချိန်မှာတော့ သားဖြစ်သူက ” ကျွန်တော် သူတို့ရဲ့ ပိုက်ဆံမယူပါဘူး ၊ ကျွန်တော် နှံကောင်တွေ ရောင်းလာတာ ” ဆိုပြီး သူမကိုပြန်ဖြေခဲ့ပါတယ် ။

သူမကလည်း အစပိုင်းမှာတော့ သားဖြစ်သူကို ပညာသင်စေချင်လို့ ကျောင်းပို့လိုက်တာဖြစ်ပြီး ၊ နှံကောင် ရောင်းဖို့မဟုတ်ဘူး ဆိုပြီး စိတ်ဆိုးဒေါသထွက်ကာ သားဖြစ်သူကို အပြစ်ပေးခဲ့ပါတယ် ။ သားဖြစ်သူမှာလည်း အတော်လေးစိတ်မကောင်းဖြစ်သွားပုံရပြီး အဲ့ကနေစပြီး သူ့ရဲ့မုန့်ဖိုးတွေကိုသာ လုံးဝမသုံးတော့ဘဲ ပိုက်ဆံစုဆောင်းခဲ့ပါတယ် ။ 7နှစ်အရွယ် ကလေးတစ်ယောက်က အခုလိုထက်မြတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရေးအမြင်တွေရှိနေပြီး စုဆောင်းတတ်နေပြီဖြစ်တဲ့အတွက် မိခင်ဖြစ်သူမှာတော့ အတော်လေးကို ပီတိဖြစ်နေခဲ့ပြီး သားဖြစ်သူရဲ့အကြောင်းကို Facebook စာမျက်နှာပေါ်မှာဝေမျှသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment