ဆိုင်ကယ်ကိုအရှိန်ပြင်းစွာမောင်းလာလို့ ကားနဲ့တိုက်သွားခဲ့ပေမဲ့လည်း အရှက်ပြေလမ်းမကြီးမှာ သိုင်းကွက်တွေ ထုတ်ပြနေခဲ့တဲ့ အမျိုးသား (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံက ယာဉ်အသွားအလာတွေနဲ့ ရှုပ်ထွေးလွန်းလှတဲ့ လမ်းမကြီးရဲ့ လမ်းစုံတစ်နေရာမှာ မီးပွိုင့်မိနေတုန်း ဆိုင်ကယ်သမားတစ်ဦးဟာ အရှိန်ပြင်းစွာဖြင့် မီးနီကိုဖြတ်မောင်းခဲ့လို့ ကားတစ်စီးနှင့်တိုက်မိခဲ့ပါတယ် ။ တိုက်မိတဲ့အရှိန်က ပြင်းလွန်းတဲ့အတွက် ဆိုင်ကယ်မှာကွဲကြေသွားခဲ့ပြီး ဆိုင်ကယ်သမားမှာ လေထဲသို့ မြှောက်ပင့်ပြီး မြေကြီးပေါ်ပြုတ်ကျသွားခဲ့ရပါတယ် ။ သို့ပေမဲ့လည်း ဆိုင်ကယ်သမားဟာ အတော်လေးရှက်သွားပုံရပြီး မြေကြီးပေါ်သို့ လဲကျပြီးတာနဲ့ ချက်ချင်းမတ်တပ်ရပ်ကာ လမ်းဘေးဖက်သို့ လမ်းလျှောက်သွားပြီးနောက် ဘယ်သူမှမှန်းစလို့မရခဲ့တဲ့ သိုင်းကွက်မျိုးတွေထုတ်ပြီး လမ်းမကြီးပေါ်မှာ အချိန်အတော်ကြာ လှည့်ပတ်သွားနေခဲ့ပါတယ် ။

ဆိုင်ကယ်သမားဟာ သူ၏ဆိုင်ကယ်ကိုစစ်ဆေးဖို့ လုံးဝမပြုလုပ်ခဲ့ဘဲ ၊ သိုင်းကွက်တွေသာ ထုတ်နေခဲ့တဲ့အတွက် အခြားဆိုင်ကယ်သမားများက လာရောက်ပြီး ဆိုင်ကယ်ကို လမ်းမကြီးဘေးသို့ ဖယ်ထုတ်ပေးခဲ့ရပါတယ် ။ ကားသမားမှာလည်း အစပိုင်းအတော်ထိတ်လန့်သွားပုံရပြီး နောက်ပိုင်းစိတ်ပျက်သွားကာ ဘာမှအခြေအနေဆင်းမမေးတော့ဘဲ ကားကိုမောင်းထွက်သွားခဲ့ပါတယ် ။

အဆိုပါ video ကိုကြည့်ရှုခဲ့ကြပြီးနောက် လူအများစုက ဆိုင်ကယ်သမားဟာ အရှိန်ပြင်းလွန်းတဲ့ယာဉ်တိုက်မှုကြောင့် ချက်ချင်းပဲ သူ့ရဲ့ခြေထောက်တွေ ၊ လက်တွေ အလုပ်လုပ်နေသေးရဲ့လားဆိုပြီး စစ်ဆေးတဲ့အနေနဲ့ သိုင်းကွက်ထုတ်ပြနေခဲ့တာဖြစ်ကြောင်း မျိုးစုံသုံးသပ်ဝေဖန်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment