အိမ္သာမတက္ခင္ အိမ္သာခြက္တစ္ခ်က္လွဲ႔ၾကည့္လိုက္လို႔ ေႁမြေဟာက္နဲ႔အၾကည့္ခ်င္းဆံုခဲ့ရတဲ့ အမ်ိဳးသားရဲ႕အျဖစ္

ေႁမြေဟာက္ဆိုတာက အေတာ္ေလးကိုအဆိပ္ျပင္းတဲ့ေႁမြတစ္မ်ိဳးျဖစ္ၿပီး ၊ လူေတြအတြက္ အႏၱရာယ္႐ွိလြန္းတဲ့ အေကာင္လည္းျဖစ္ပါတယ္ ။ ဒီတစ္ေခါက္မွာလည္း ထိုင္းႏိုင္ငံ ၊ ဘန္ေကာက္ၿမိဳ႕က အမ်ိဳးသားတစ္ဦးဟာ အိမ္သာတက္မယ္လုပ္ေနတုန္း အိမ္သာခြက္ထဲကိုတစ္ခ်က္လွည့္ၾကည့္လိုက္တဲ့အတြက္ ကံေကာင္းစြာနဲ႔ အိမ္သာခြက္ထဲမွာ ေႁမြေဟာက္အႀကီးစားတစ္ေကာင္ ပုန္းေအာင္းေနတာကိုေတြ႔႐ွိခဲ့ရပါတယ္ ။

Facebook စာမ်က္ႏွာမွာ ေဖာ္ျပထားခဲ့တာကေတာ့ အဆိုပါအမ်ိဳးသားဟာ ကားဂိုေဒါင္အနီးမွာ႐ွိေနတဲ့ အိမ္သာကိုတက္ဖို႔လုပ္ေနတုန္း မေမ်ွာ္လင့္ဘဲ အိမ္သာခြက္ထဲမွာေႁမြတစ္ေကာင္ကို ေတြ႔ခဲ့ရပါတယ္ ။ ေသခ်ာၾကည့္လိုက္ေတာ့မွ ေႁမြေဟာက္ျဖစ္ေနမွန္သိခဲ့ရပါတယ္ ။ သို႔ေပမဲ့လည္း ကံေကာင္းေထာက္မစြာနဲ႔အဆိုပါအိမ္သာကို မည္သူကမွ အသံုးမျပဳရေသးတဲ့အတြက္ မည္သူကမွအႏၱရာယ္မျဖစ္ခဲ့ၾကပါဘူး ။ အိမ္သာခြက္ထဲကေန ဆြဲထုတ္ေနတဲ့ပံုကိုၾကည့္ျခင္းအားျဖင့္ ေတာ္ေတာ္ေလးကိုႀကီးတဲ့ေႁမြေဟာက္ျဖစ္မွန္း သိသာလြန္းလွပါတယ္ ။ အဆိုပါဓာတ္ပံုေတြကိုလည္း သူ၏ Facebook စာမ်က္ႏွာေပၚမွာ ေဝမ်ွခဲ့ပါေသးတယ္ ။

ထို႔ေၾကာင့္ အဆိုပါ ဓာတ္ပံုမ်ားကိုေတြ႔႐ွိခဲ့ၾကတဲ့ လူအမ်ားစုက အိမ္သာတက္လ်ွင္ သတိဝီရိယထားသင့္ေၾကာင္း ႏွင့္ မေမ်ွာ္လင့္ထားတဲ့အရာမ်ိဳး ျဖစ္မလာေအာင္ အဆိုပါ ဓာတ္ပံုမ်ားကို ေဝမ်ွၿပီးသတိေပးျခင္းမ်ိဳး အမ်ားအျပားျပဳလုပ္ခဲ့ၾကပါတယ္ ။ ဒါေၾကာင့္ အိမ္သာမတက္ခင္ တစ္ခ်က္ေလာက္ေတာ့ အိမ္သာခြက္ထဲကိုၾကည့္ၿပီး စစ္ေဆးသင့္ပါေၾကာင္း သတိေပးေျပာဆိုလိုက္ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မြွေဟောက်ဆိုတာက အတော်လေးကိုအဆိပ်ပြင်းတဲ့မြွေတစ်မျိုးဖြစ်ပြီး ၊ လူတွေအတွက် အန္တရာယ်ရှိလွန်းတဲ့ အကောင်လည်းဖြစ်ပါတယ် ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့က အမျိုးသားတစ်ဦးဟာ အိမ်သာတက်မယ်လုပ်နေတုန်း အိမ်သာခွက်ထဲကိုတစ်ချက်လှည့်ကြည့်လိုက်တဲ့အတွက် ကံကောင်းစွာနဲ့ အိမ်သာခွက်ထဲမှာ မြွေဟောက်အကြီးစားတစ်ကောင် ပုန်းအောင်းနေတာကိုတွေ့ရှိခဲ့ရပါတယ် ။

Facebook စာမျက်နှာမှာ ဖော်ပြထားခဲ့တာကတော့ အဆိုပါအမျိုးသားဟာ ကားဂိုဒေါင်အနီးမှာရှိနေတဲ့ အိမ်သာကိုတက်ဖို့လုပ်နေတုန်း မမျှော်လင့်ဘဲ အိမ်သာခွက်ထဲမှာမြွေတစ်ကောင်ကို တွေ့ခဲ့ရပါတယ် ။ သေချာကြည့်လိုက်တော့မှ မြွေဟောက်ဖြစ်နေမှန်သိခဲ့ရပါတယ် ။ သို့ပေမဲ့လည်း ကံကောင်းထောက်မစွာနဲ့အဆိုပါအိမ်သာကို မည်သူကမှ အသုံးမပြုရသေးတဲ့အတွက် မည်သူကမှအန္တရာယ်မဖြစ်ခဲ့ကြပါဘူး ။ အိမ်သာခွက်ထဲကနေ ဆွဲထုတ်နေတဲ့ပုံကိုကြည့်ခြင်းအားဖြင့် တော်တော်လေးကိုကြီးတဲ့မြွေဟောက်ဖြစ်မှန်း သိသာလွန်းလှပါတယ် ။ အဆိုပါဓာတ်ပုံတွေကိုလည်း သူ၏ Facebook စာမျက်နှာပေါ်မှာ ဝေမျှခဲ့ပါသေးတယ် ။

ထို့ကြောင့် အဆိုပါ ဓာတ်ပုံများကိုတွေ့ရှိခဲ့ကြတဲ့ လူအများစုက အိမ်သာတက်လျှင် သတိဝီရိယထားသင့်ကြောင်း နှင့် မမျှော်လင့်ထားတဲ့အရာမျိုး ဖြစ်မလာအောင် အဆိုပါ ဓာတ်ပုံများကို ဝေမျှပြီးသတိပေးခြင်းမျိုး အများအပြားပြုလုပ်ခဲ့ကြပါတယ် ။ ဒါကြောင့် အိမ်သာမတက်ခင် တစ်ချက်လောက်တော့ အိမ်သာခွက်ထဲကိုကြည့်ပြီး စစ်ဆေးသင့်ပါကြောင်း သတိပေးပြောဆိုလိုက်ရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment