Online ေပၚမွာေတြ႔ဆံုခဲ့တဲ့သူနဲ႔ အျပင္မွာခ်ိန္းေတြ႔ရင္း သတ္စားတာခံလိုက္ရတဲ့ gay တစ္ေယာက္ရဲ႕အျဖစ္

Mark Latunski အမည္႐ွိတဲ့ အသက္ 50 အရြယ္အမ်ိဳးသားဟာ online ေပၚမွာေတြ႔ဆံုးခဲ့တဲ့အမ်ိဳးသားတစ္ဦးကို သတ္ပစ္ခဲ့ၿပီးေနာက္ ၊ ေဝွးေစ့ကိုျဖတ္ထုတ္ပစ္ကာ ခ်က္စားပစ္ခဲ့ပါတယ္ ။ ျဖစ္စဥ္ကေတာ့ Bacon အမည္႐ွိတဲ့ အသက္ 25 ႏွစ္အရြယ္ ဆံပင္အလွဖန္တီး႐ွင္အမ်ိဳးသားတစ္ဦးဟာ gay ေတြရဲ႕ dating app တစ္ခုျဖစ္တဲ့ Grindr မွာေတြ႔ဆံုးခဲ့တဲ့ Mark နဲ႔ ခရစ္စမတ္ေန႔ညမွာ ေတြ႔ဆံုဖို႔ခ်ိန္းေတြ႔ၿပီးေနာက္ပိုင္း ေပ်ာက္ဆံုးသြားခဲ့တာပါ ။ ထို႔ေၾကာင့္ Bacon ၏သူငယ္ခ်င္းမ်ား ႏွင့္ မိသားစုဝင္မ်ားက Bacon ကို ဆက္လက္႐ွာေဖြခဲ့ၾကၿပီးေနာက္ သူ၏ဓာတ္ပံုကိုလည္း social media ေပၚမွာ ေဝမ်ွကာ ဆက္လက္႐ွာေဖြခဲ့ၾကပါတယ္ ။

3ရက္အၾကာမွာေတာ့ အေမရိကန္ႏိုင္ငံ ၊ Michigan ျပည္နယ္ ၊ Bennington ၿမိဳ႕မွာ႐ွိတဲ့ Mark Latunski ၏ေနအိမ္သို႔ ရဲအရာ႐ွိေတြ ေရာက္႐ွိလာခဲ့ၿပီး စစ္ေဆးၾကည့္လိုက္ခ်ိန္မွာေတာ့ Bacon ရဲ႕အဝတ္ဗလာနဲ့႐ုပ္အေလာင္းဟာ ေစာက္ထိုးအေနအထားျဖင့္ မ်က္ႏွာက်က္မွာတြဲေလာင္းခ်ည္ေႏွာင္ထားတာကိုေတြ႔႐ွိခဲ့ရပါတယ္ ။ စံုစမ္းေရးအရာ႐ွိေတြ႔ရဲ႕ေျပာျပခ်က္အရ Mark Latunski ဟာ Bacon ရဲ႕ေက်ာကို ဓားနဲ႔ထိုးၿပီးေနာက္ လည္ေခ်ာင္းကို လွီးျဖတ္ပစ္ခဲ့ကာ ၊ ေျခေထာက္မ်ားကိုခ်ည္ေႏွာင္ၿပီး အိမ္ရဲ႕မ်က္ႏွာက်က္မွာ တြဲေလာင္အေနထားျဖင့္ ခ်ိတ္ဆြဲခဲ့တာပါ ။ ၿပီးမွ Bacon ကို သင္းကြက္ပစ္ခဲ့တာလည္း ျဖစ္ပါတယ္ ။

ဆက္လက္ၿပီး စစ္ေဆးမႈမ်ားအရ Latunski ဟာ သူ၏နာမည္အရင္းမွာ Edgar Thomas Hill ျဖစ္ၿပီး Mark Latunski မွာ သူ၏တူေလးေတာ္စပ္သူ တစ္ေယာက္၏နာမည္သာျဖစ္ေၾကာင္း ဝန္ခံထြက္ဆိုခဲ့ပါတယ္ ။ ထို႔အျပင္ လူသတ္သမားမွာ အရင္အိမ္ေထာင္ေၾကာင့္ စိတ္ေရာဂါခံစားေနရသူျဖစ္ၿပီး စိတ္က်ေဝဒနာခံစားေနရသူျဖစ္တဲ့အျပင္ ၊ သံသယလြန္ကဲမႈ ၊ စိတ္ေဖာက္ျပန္တတ္တဲ့ ေရာဂါခံစားေနရသူျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ ေဆးပံုမွန္မေသာက္သူအျဖစ္ ေဆးမွတ္တမ္း႐ွိခဲ့သူတစ္ဦးလည္းျဖစ္ပါတယ္ ။ Bacon ရဲ႕မိဘမ်ားကေတာ့ dating app ေတြဟာ ကိုယ္တိုင္မျမင္ေတြ ့ႏိုင္တဲ့သူေတြျဖစ္တဲ့အတြက္ အျပင္မွာမေတြ႔ဖူးမျမင္ဖူး မသိတဲ့သူေတြကို စြန္႔စားၿပီးခ်ိန္းေတြေစတာမ်ိဳးျဖစ္တဲ့အတြက္ သတိထားၾကဖို႔လည္း ေျပာဆိုခဲ့ပါတယ္ ။ မိဘေတြကေတာ့ သားတစ္ေယာက္အျဖစ္ဆိုးနဲ႔ေသဆံုးခဲ့ရတာေတြအတြက္ အခုအခ်ိန္ေတြကို ျဖတ္ေက်ာ္သြားႏိုင္ဖို႔ အေတာ္ေလးခက္ခဲလြန္းေၾကာင္းလည္း ေျပာဆိုသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Mark Latunski အမည်ရှိတဲ့ အသက် 50 အရွယ်အမျိုးသားဟာ online ပေါ်မှာတွေ့ဆုံးခဲ့တဲ့အမျိုးသားတစ်ဦးကို သတ်ပစ်ခဲ့ပြီးနောက် ၊ ဝှေးစေ့ကိုဖြတ်ထုတ်ပစ်ကာ ချက်စားပစ်ခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ Bacon အမည်ရှိတဲ့ အသက် 25 နှစ်အရွယ် ဆံပင်အလှဖန်တီးရှင်အမျိုးသားတစ်ဦးဟာ gay တွေရဲ့ dating app တစ်ခုဖြစ်တဲ့ Grindr မှာတွေ့ဆုံးခဲ့တဲ့ Mark နဲ့ ခရစ်စမတ်နေ့ညမှာ တွေ့ဆုံဖို့ချိန်းတွေ့ပြီးနောက်ပိုင်း ပျောက်ဆုံးသွားခဲ့တာပါ ။ ထို့ကြောင့် Bacon ၏သူငယ်ချင်းများ နှင့် မိသားစုဝင်များက Bacon ကို ဆက်လက်ရှာဖွေခဲ့ကြပြီးနောက် သူ၏ဓာတ်ပုံကိုလည်း social media ပေါ်မှာ ဝေမျှကာ ဆက်လက်ရှာဖွေခဲ့ကြပါတယ် ။

3ရက်အကြာမှာတော့ အမေရိကန်နိုင်ငံ ၊ Michigan ပြည်နယ် ၊ Bennington မြို့မှာရှိတဲ့ Mark Latunski ၏နေအိမ်သို့ ရဲအရာရှိတွေ ရောက်ရှိလာခဲ့ပြီး စစ်ဆေးကြည့်လိုက်ချိန်မှာတော့ Bacon ရဲ့အဝတ်ဗလာနဲ့ရုပ်အလောင်းဟာ စောက်ထိုးအနေအထားဖြင့် မျက်နှာကျက်မှာတွဲလောင်းချည်နှောင်ထားတာကိုတွေ့ရှိခဲ့ရပါတယ် ။ စုံစမ်းရေးအရာရှိတွေ့ရဲ့ပြောပြချက်အရ Mark Latunski ဟာ Bacon ရဲ့ကျောကို ဓားနဲ့ထိုးပြီးနောက် လည်ချောင်းကို လှီးဖြတ်ပစ်ခဲ့ကာ ၊ ခြေထောက်များကိုချည်နှောင်ပြီး အိမ်ရဲ့မျက်နှာကျက်မှာ တွဲလောင်အနေထားဖြင့် ချိတ်ဆွဲခဲ့တာပါ ။ ပြီးမှ Bacon ကို သင်းကွက်ပစ်ခဲ့တာလည်း ဖြစ်ပါတယ် ။

ဆက်လက်ပြီး စစ်ဆေးမှုများအရ Latunski ဟာ သူ၏နာမည်အရင်းမှာ Edgar Thomas Hill ဖြစ်ပြီး Mark Latunski မှာ သူ၏တူလေးတော်စပ်သူ တစ်ယောက်၏နာမည်သာဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ် ။ ထို့အပြင် လူသတ်သမားမှာ အရင်အိမ်ထောင်ကြောင့် စိတ်ရောဂါခံစားနေရသူဖြစ်ပြီး စိတ်ကျဝေဒနာခံစားနေရသူဖြစ်တဲ့အပြင် ၊ သံသယလွန်ကဲမှု ၊ စိတ်ဖောက်ပြန်တတ်တဲ့ ရောဂါခံစားနေရသူဖြစ်ကြောင်း သိရှိရပါတယ် ။ ထို့အပြင် ဆေးပုံမှန်မသောက်သူအဖြစ် ဆေးမှတ်တမ်းရှိခဲ့သူတစ်ဦးလည်းဖြစ်ပါတယ် ။ Bacon ရဲ့မိဘများကတော့ dating app တွေဟာ ကိုယ်တိုင်မမြင်တွေ့နိုင်တဲ့သူတွေဖြစ်တဲ့အတွက် အပြင်မှာမတွေ့ဖူးမမြင်ဖူး မသိတဲ့သူတွေကို စွန့်စားပြီးချိန်းတွေစေတာမျိုးဖြစ်တဲ့အတွက် သတိထားကြဖို့လည်း ပြောဆိုခဲ့ပါတယ် ။ မိဘတွေကတော့ သားတစ်ယောက်အဖြစ်ဆိုးနဲ့သေဆုံးခဲ့ရတာတွေအတွက် အခုအချိန်တွေကို ဖြတ်ကျော်သွားနိုင်ဖို့ အတော်လေးခက်ခဲလွန်းကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment