PUBG ဂိမ္းေဆာ့ကစားၿပီး ေငြ႐ွာေနခဲ့တဲ့အျပင္ ၊ ကေလးေတြကိုပါ လက္မေလ်ာ့ဖို႔ တိုက္တြန္းခဲ့တဲ့ အိမ္႐ွင္မ(႐ုပ္သံ)

Lynda Embran ေခၚ Miss Rose အမည္႐ွိတဲ့ မေလး႐ွားႏိုင္ငံက video game streamer အမ်ိဳးသမီးတစ္ေယာက္ဟာ online ေပၚက PUBG ဂိမ္းေဆာ့ကစားရင္း RM18,000 (ျမန္မာေငြ သိန္း 60 ေက်ာ္) ဝင္ေငြရ႐ွိေနသူတစ္ဦးျဖစ္ပါတယ္ ။ Lynda ဟာ သူမဘဝရဲ႕ ေရႊခ်ယ္မႈအေနနဲ႔ ယခုလိုမ်ိဳးအလုပ္စလုပ္ခဲ့တဲ့အခ်ိန္မွာ ေဝဖန္တိုက္ခိုက္မႈေတြအမ်ားအျပား႐ွိခဲ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ ထို႔အျပင္ သူမကိုအမုန္းစကား comment မ်ိဳးေတြျဖစ္တဲ့ ” ဘာလို႔ ဂိမ္းေဆာ့ေနတာလဲ..မီးဖိုေခ်ာင္ထဲမွာ ထမင္းခ်က္ေနတာကမွ ပိုေကာင္းအံုးမယ္.. လုပ္စရာ အလုပ္မ႐ွိဘူးလား ” ဆိုၿပီး ေဝဖန္တိုက္ခိုက္မႈေတြ မ်ားစြာရ႐ွိခဲ့ပါတယ္ ။ အဆိုပါ အခ်ိန္မ်ိဳးေတြမွာဆိုရင္ သူမက ” ဒါက ကြၽန္မအလုပ္ပဲ..ကြၽန္မ ဂိမ္းေဆာ့ၿပီးေငြ႐ွာတယ္ ၿပီးေတာ့ မိသားစုကို ေထာက္ပံ့ေပးတယ္.. ” ဆိုၿပီးေတာ့သာ ျပန္လည္ေျဖၾကားခဲ့ရပါတယ္ ။

အရင္ခ်ိန္ေတြကဆိုရင္ သူမဟာ ခင္ပြန္းရဲ႕ဝင္ေငြကိုသာ မွီခိုအားထားေနရၿပီး ၊ ယခုခ်ိန္မွာေတာ့ သူမဂိမ္းကစားရင္ ကစားႏိုင္သေလာက္ ၾကည့္႐ႈသူမ်ားရင္ မ်ားသေလာက္ Facebook ကေနဝင္ေငြရ႐ွိေနၿပီး ၊ အိမ္႐ွင္မတာဝန္ ၊ မိခင္တစ္ေယာက္တာဝန္ေတြကိုပါ မေလ်ာ့ေပါ့သြားေအာင္ အခ်ိန္နဲ႔ႀကိဳးစားလုပ္ေဆာင္ေနသူျဖစ္ေၾကာင္းလည္း ေျပာဆိုသြားခဲ့ပါတယ္ ။

ထို႔အျပင္ မေအာင္ျမင္ေသးတဲ့ လူငယ္ဂိမ္းကစားသမားမ်ားကိုလည္း သူမစတင္လုပ္ကိုင္ခဲ့စဥ္အခ်ိန္က ၾကည့္႐ႈသူ 5ဦးသာ႐ွိခဲ့ၿပီး ၊ ဝင္ေငြမ်ားလည္း မရ႐ွိခဲ့ေၾကာင္းႏွင့္ လက္မေလ်ာ့ဘဲႀကိဳးစားခဲ့လို႔ ယခုလိုအေျခအေနမ်ိဳးေရာက္႐ွိလာခဲ့ရတာျဖစ္ေသာေၾကာင့္ လူငယ္မ်ားကို လက္မေလ်ာ့ဘဲ ကိုယ့္ရဲ႕ ရည္မွန္ခ်က္ပန္တိုင္းကို အေရာက္သြားႏိုင္ဖို႔ စကၠန္႔တိုင္းဂ႐ုတစိုက္ႀကိဳးစားၾကဖို႔လည္း သူမကတိုက္တြန္းခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Lynda Embran ခေါ် Miss Rose အမည်ရှိတဲ့ မလေးရှားနိုင်ငံက video game streamer အမျိုးသမီးတစ်ယောက်ဟာ online ပေါ်က PUBG ဂိမ်းဆော့ကစားရင်း RM18,000 (မြန်မာငွေ သိန်း 60 ကျော်) ဝင်ငွေရရှိနေသူတစ်ဦးဖြစ်ပါတယ် ။ Lynda ဟာ သူမဘဝရဲ့ ရွှေချယ်မှုအနေနဲ့ ယခုလိုမျိုးအလုပ်စလုပ်ခဲ့တဲ့အချိန်မှာ ဝေဖန်တိုက်ခိုက်မှုတွေအများအပြားရှိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ် ။ ထို့အပြင် သူမကိုအမုန်းစကား comment မျိုးတွေဖြစ်တဲ့ ” ဘာလို့ ဂိမ်းဆော့နေတာလဲ..မီးဖိုချောင်ထဲမှာ ထမင်းချက်နေတာကမှ ပိုကောင်းအုံးမယ်.. လုပ်စရာ အလုပ်မရှိဘူးလား ” ဆိုပြီး ဝေဖန်တိုက်ခိုက်မှုတွေ များစွာရရှိခဲ့ပါတယ် ။ အဆိုပါ အချိန်မျိုးတွေမှာဆိုရင် သူမက ” ဒါက ကျွန်မအလုပ်ပဲ..ကျွန်မ ဂိမ်းဆော့ပြီးငွေရှာတယ် ပြီးတော့ မိသားစုကို ထောက်ပံ့ပေးတယ်.. ” ဆိုပြီးတော့သာ ပြန်လည်ဖြေကြားခဲ့ရပါတယ် ။

အရင်ချိန်တွေကဆိုရင် သူမဟာ ခင်ပွန်းရဲ့ဝင်ငွေကိုသာ မှီခိုအားထားနေရပြီး ၊ ယခုချိန်မှာတော့ သူမဂိမ်းကစားရင် ကစားနိုင်သလောက် ကြည့်ရှုသူများရင် များသလောက် Facebook ကနေဝင်ငွေရရှိနေပြီး ၊ အိမ်ရှင်မတာဝန် ၊ မိခင်တစ်ယောက်တာဝန်တွေကိုပါ မလျော့ပေါ့သွားအောင် အချိန်နဲ့ကြိုးစားလုပ်ဆောင်နေသူဖြစ်ကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ် ။

ထို့အပြင် မအောင်မြင်သေးတဲ့ လူငယ်ဂိမ်းကစားသမားများကိုလည်း သူမစတင်လုပ်ကိုင်ခဲ့စဉ်အချိန်က ကြည့်ရှုသူ 5ဦးသာရှိခဲ့ပြီး ၊ ဝင်ငွေများလည်း မရရှိခဲ့ကြောင်းနှင့် လက်မလျော့ဘဲကြိုးစားခဲ့လို့ ယခုလိုအခြေအနေမျိုးရောက်ရှိလာခဲ့ရတာဖြစ်သောကြောင့် လူငယ်များကို လက်မလျော့ဘဲ ကိုယ့်ရဲ့ ရည်မှန်ချက်ပန်တိုင်းကို အရောက်သွားနိုင်ဖို့ စက္ကန့်တိုင်းဂရုတစိုက်ကြိုးစားကြဖို့လည်း သူမကတိုက်တွန်းခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment