လက္ထပ္ၿပီး 6လအၾကာမွာမွ ခင္ပြန္းျဖစ္သူဟာ gay မွန္းသိခဲ့ရလို႔ ကိုယ့္ကိုအဆံုးစီရင္ခဲ့တဲ့ အမ်ိဳးသမီး

တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 31 ႏွစ္အရြယ္အမ်ိဳးသမီးဟာ သူမနဲ႔လက္ထပ္ထားတာသိပ္မၾကာေသးတဲ့ ခင္ပြန္းသည္က လိင္တူကိုသာႀကိဳက္ႏွစ္သက္သူျဖစ္မွန္း သိ႐ွိခဲ့ရၿပီးေနာက္ ကိုယ့္ကိုအဆံုးစီရင္သြားခဲ့ပါတယ္ ။ သူမဟာ ဆရာဝန္မတစ္ဦးျဖစ္ၿပီး မိဘေတြအျမဲဂုဏ္ယူရတဲ့ သမီးလိမၼာေလးတစ္ေယာက္လည္း ျဖစ္ပါတယ္ ။ ထို႔ေနာက္ သူမဟာဘြဲ႔ရၿပီးေနာက္ အမ်ိဳးသားတစ္ေယာက္ႏွင္ေတြ႔ဆံုခဲ့ၿပီး ႏွစ္ေယာက္လံုး ခဏေလးအတြင္းမွာဘဲ ခ်စ္ႀကိဳက္သြားခဲ့ၾကကာ 5လအၾကာမွာေတာ့ လက္ထပ္ခဲ့ၾကပါတယ္ ။ အစပိုင္းမွာေတာ့ သူမတို႔ရဲ႕အိမ္ေထာင္ေရးဟာ အဆင္ေျပေနခဲ့ေပမဲ့လည္း ခင္ပြန္းျဖစ္သူက ခြဲၿပီးအိပ္ရေအာင္ဆိုၿပီး ေျပာဆိုခဲ့ခ်ိန္ကစၿပီး သူမတို႔ရဲ႕အိမ္ေထာင္ေရးဟာ ယိုယြင္းလာခဲ့ပါတယ္ ။ ခင္ပြန္းျဖစ္သူရဲ႕ေတာင္းဆိုမႈေၾကာင့္ သူမဟာ ခင္ပြန္းသည္ကိုစိတ္ေၾကနပ္မႈ အျပည့္အဝမေပးႏိုင္ခဲ့ဘူးလို႔သာ ေတြးထင္ခဲ့မိပါတယ္ ။

ထို႔ေၾကာင့္ သူမရဲ႕အိမ္ေထာင္ေရးအဆင္ေျပမႈအတြက္ အင္တာနက္ေပၚကေနေတာင္ အကူအညီေတာင္းခံခဲ့ရပါတယ္ ။ တစ္ခ်ိဳ႕ေသာ သူမ်ားကေတာ့ သူမရဲ႕ခင္ပြန္းသည္ဟာ gay ျဖစ္ႏိုင္ေၾကာင္း မွတ္ခ်က္မ်ားလည္း ေရးသားခဲ့ၾကပါတယ္ ။ ထို႔ေၾကာင့္ သူမဟာ သူမတို႔စံုတြဲရဲ႕လိင္ဆက္ဆံေရးကိစၥႏွင့္ပက္သက္ၿပီး ခင္ပြန္းျဖစ္သူကို အႀကိမ္ႀကိမ္ေမးျမန္းၿပီး ေနာက္ဆံုးမွာေတာ့ ခင္ပြန္းျဖစ္သူဟာ သူကလိင္တူလိင္ကြဲႏွစ္မ်ိဳးလံုးႀကိဳက္ႏွစ္သက္သူျဖစ္ေၾကာင္း ထြက္ဆိုခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း သူမကိုအမွန္တကယ္ခ်စ္ႀကိဳက္လို႔ လက္ထပ္ယူခဲ့တာျဖစ္ေၾကာင္း ေျပာဆိုခဲ့လို႔ သူမဟာ ခင္ပြန္းသည္ကို ခြင့္လြတ္ေပးခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း တစ္ရက္မွာေတာ့ မေမ်ွာ္လင့္ဘဲသူမဟာ ခင္ပြန္းျဖစ္သူရဲ႕ဖုန္းထဲက အျခားေကာင္ေလးတစ္ေယာက္နဲ႔ေျပာဆိုထားတဲ့ စာတိုမ်ားကိုေတြ႔႐ွိလို႔ စစ္ေမးခဲ့ခ်ိန္မွ ခင္ပြန္းျဖစ္သူဟာ gay ျဖစ္မွန္း ေနာက္ဆံုးမွာေတာ့ ဝန္ခံလိုက္ပါတယ္ ။ သူမလည္း အေတာ္ေလးကိုရင္နာသြားခဲ့ၿပီး ခင္ပြန္းျဖစ္သူကို ကြာ႐ွင္းဖို႔ေတာင္းဆိုခဲ့ၿပီး၊ အဆိုပါေန႔မွာဘဲ သူမဟာတိုက္ေပၚကေနခုန္ခ်ၿပီး ကိုယ့္ကိုအဆံုးစီရင္သြားခဲ့ပါတယ္ ။

အမိ်ဳးသမီးရဲ႕မိဘမ်ားမွာေတာ့ သမီးျဖစ္သူကိုယ့္ကိုအဆံုးစီရင္ခဲ့တဲ့ကိစၥမွာ သားမက္ျဖစ္သူဟာ အဓိကတရာခံျဖစ္မွန္းသိ႐ွိသြားခဲ့ၾကပါတယ္ ။ ဘာလို႔လည္းဆိုေတာ့ သူမကိုယ့္ကိုအဆံုးမစီရင္ခင္ ခင္ပြန္းျဖစ္သူဟာေယာက်ၤားေတြကိုသာႀကိဳက္ႏွစ္သက္သူျဖစ္ေၾကာင္း မိဘေတြကိုဖုန္းဆက္ၿပီးတိုင္ၾကားခဲ့လို႔ပါပဲ။ ထို႔ေၾကာင့္ သူမရဲ႕မိဘမ်ားက သားမက္ျဖစ္သူကို တရားစြဲဆိုဖို႔ ဆံုးျဖတ္ခဲ့ၾကပါတယ္ ။ သူမဟာ တစ္ဦးတည္းေသာသမီးျဖစ္တဲ့အျပင္ ၊ အသက္ 31 ႏွစ္သာ႐ွိေသးၿပီး ၊ လက္ထပ္ထားသည္မွာလည္း 6လသာ ၾကာျမင့္ေနေသးတာျဖစ္ေပမဲ့ ခင္ပြန္းျဖစ္သူဟာ gay ျဖစ္ေနမွန္းဖုံးကြယ္ၿပီး သူမကိုအသက္ေသဆံုးေစသည္အထိ လင္မယားရန္ပြဲျဖစ္ေစခဲ့တဲ့အတြက္ တရားစြဲဆိုခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း တရားရံုးက ခင္ပြန္းျဖစ္သူကို ဇနီးသည္ေသဆံုးမႈအတြက္ ေလ်ာ္ေၾကးေငြ 630,000 yuan ေပးေစၿပီး တရားစြဲဆိုမႈကိုပယ္ခ်ကာ အမႈ႐ုတ္သိမ္းပစ္ခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 31 နှစ်အရွယ်အမျိုးသမီးဟာ သူမနဲ့လက်ထပ်ထားတာသိပ်မကြာသေးတဲ့ ခင်ပွန်းသည်က လိင်တူကိုသာကြိုက်နှစ်သက်သူဖြစ်မှန်း သိရှိခဲ့ရပြီးနောက် ကိုယ့်ကိုအဆုံးစီရင်သွားခဲ့ပါတယ် ။ သူမဟာ ဆရာဝန်မတစ်ဦးဖြစ်ပြီး မိဘတွေအမြဲဂုဏ်ယူရတဲ့ သမီးလိမ္မာလေးတစ်ယောက်လည်း ဖြစ်ပါတယ် ။ ထို့နောက် သူမဟာဘွဲ့ရပြီးနောက် အမျိုးသားတစ်ယောက်နှင်တွေ့ဆုံခဲ့ပြီး နှစ်ယောက်လုံး ခဏလေးအတွင်းမှာဘဲ ချစ်ကြိုက်သွားခဲ့ကြကာ 5လအကြာမှာတော့ လက်ထပ်ခဲ့ကြပါတယ် ။ အစပိုင်းမှာတော့ သူမတို့ရဲ့အိမ်ထောင်ရေးဟာ အဆင်ပြေနေခဲ့ပေမဲ့လည်း ခင်ပွန်းဖြစ်သူက ခွဲပြီးအိပ်ရအောင်ဆိုပြီး ပြောဆိုခဲ့ချိန်ကစပြီး သူမတို့ရဲ့အိမ်ထောင်ရေးဟာ ယိုယွင်းလာခဲ့ပါတယ် ။ ခင်ပွန်းဖြစ်သူရဲ့တောင်းဆိုမှုကြောင့် သူမဟာ ခင်ပွန်းသည်ကိုစိတ်ကြေနပ်မှု အပြည့်အဝမပေးနိုင်ခဲ့ဘူးလို့သာ တွေးထင်ခဲ့မိပါတယ် ။

ထို့ကြောင့် သူမရဲ့အိမ်ထောင်ရေးအဆင်ပြေမှုအတွက် အင်တာနက်ပေါ်ကနေတောင် အကူအညီတောင်းခံခဲ့ရပါတယ် ။ တစ်ချို့သော သူများကတော့ သူမရဲ့ခင်ပွန်းသည်ဟာ gay ဖြစ်နိုင်ကြောင်း မှတ်ချက်များလည်း ရေးသားခဲ့ကြပါတယ် ။ ထို့ကြောင့် သူမဟာ သူမတို့စုံတွဲရဲ့လိင်ဆက်ဆံရေးကိစ္စနှင့်ပက်သက်ပြီး ခင်ပွန်းဖြစ်သူကို အကြိမ်ကြိမ်မေးမြန်းပြီး နောက်ဆုံးမှာတော့ ခင်ပွန်းဖြစ်သူဟာ သူကလိင်တူလိင်ကွဲနှစ်မျိုးလုံးကြိုက်နှစ်သက်သူဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း သူမကိုအမှန်တကယ်ချစ်ကြိုက်လို့ လက်ထပ်ယူခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့လို့ သူမဟာ ခင်ပွန်းသည်ကို ခွင့်လွတ်ပေးခဲ့ပါတယ် ။

သို့ပေမဲ့လည်း တစ်ရက်မှာတော့ မမျှော်လင့်ဘဲသူမဟာ ခင်ပွန်းဖြစ်သူရဲ့ဖုန်းထဲက အခြားကောင်လေးတစ်ယောက်နဲ့ပြောဆိုထားတဲ့ စာတိုများကိုတွေ့ရှိလို့ စစ်မေးခဲ့ချိန်မှ ခင်ပွန်းဖြစ်သူဟာ gay ဖြစ်မှန်း နောက်ဆုံးမှာတော့ ဝန်ခံလိုက်ပါတယ် ။ သူမလည်း အတော်လေးကိုရင်နာသွားခဲ့ပြီး ခင်ပွန်းဖြစ်သူကို ကွာရှင်းဖို့တောင်းဆိုခဲ့ပြီး၊ အဆိုပါနေ့မှာဘဲ သူမဟာတိုက်ပေါ်ကနေခုန်ချပြီး ကိုယ့်ကိုအဆုံးစီရင်သွားခဲ့ပါတယ် ။

အမျိုးသမီးရဲ့မိဘများမှာတော့ သမီးဖြစ်သူကိုယ့်ကိုအဆုံးစီရင်ခဲ့တဲ့ကိစ္စမှာ သားမက်ဖြစ်သူဟာ အဓိကတရာခံဖြစ်မှန်းသိရှိသွားခဲ့ကြပါတယ် ။ ဘာလို့လည်းဆိုတော့ သူမကိုယ့်ကိုအဆုံးမစီရင်ခင် ခင်ပွန်းဖြစ်သူဟာယောင်္ကျားတွေကိုသာကြိုက်နှစ်သက်သူဖြစ်ကြောင်း မိဘတွေကိုဖုန်းဆက်ပြီးတိုင်ကြားခဲ့လို့ပါပဲ။ ထို့ကြောင့် သူမရဲ့မိဘများက သားမက်ဖြစ်သူကို တရားစွဲဆိုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။ သူမဟာ တစ်ဦးတည်းသောသမီးဖြစ်တဲ့အပြင် ၊ အသက် 31 နှစ်သာရှိသေးပြီး ၊ လက်ထပ်ထားသည်မှာလည်း 6လသာ ကြာမြင့်နေသေးတာဖြစ်ပေမဲ့ ခင်ပွန်းဖြစ်သူဟာ gay ဖြစ်နေမှန်းဖုံးကွယ်ပြီး သူမကိုအသက်သေဆုံးစေသည်အထိ လင်မယားရန်ပွဲဖြစ်စေခဲ့တဲ့အတွက် တရားစွဲဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း တရားရုံးက ခင်ပွန်းဖြစ်သူကို ဇနီးသည်သေဆုံးမှုအတွက် လျော်ကြေးငွေ 630,000 yuan ပေးစေပြီး တရားစွဲဆိုမှုကိုပယ်ချကာ အမှုရုတ်သိမ်းပစ်ခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment