သားသတ္ရံုကို ေရာက္႐ွိသြားခ်ိန္မွာ မသတ္ၾကဖို႔ဒူးေထာက္ကာ ငိုယိုၿပီးေတာင္းပန္ေနခဲ့တဲ့ ကိုယ္ဝန္ေဆာင္ႏြားမႀကီး (႐ုပ္သံ)

ဒီအျဖစ္အပ်က္ကေတာ့ တ႐ုတ္ႏိုင္ငံ ၊ Shantou ၿမိဳ႕မွာ႐ွိတဲ့ သားသတ္ရံုတစ္ခုမွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး video ထဲမွာေတာ့ ႏြားမႀကီးဟာ အသတ္ခံရဖို႔ သားသတ္ရံုထဲကို ဆြဲေခၚသြားျခင္းခံေနရတာကို ေတြ႔႐ွိရမွာပါ ။ ႏြားမႀကီးဟာ ကိုယ္ဝန္ေဆာင္ေနရေပမဲ့လည္း အသတ္ခံရေတာ့မွာကို အလိုလိုသိ႐ွိေနၿပီး သားသတ္ရံုထဲသို႔ ေခၚသြားဖို႔ လုပ္ေနစဥ္ကတည္းက လံုးဝမလိုက္ခ်င္တဲ့ ပံုစံနဲ႔ျငင္းဆန္ေနခဲ့တာပါ ။ Video အစပိုင္းမွာေတာ့ ႏြားမႀကီးဟာ သူ႔ကိုခ်ည္ေႏွာင္ထားတဲ့ ရႊံေတြနဲ႔ေနရာမွာကတည္းက တစ္လွမ္းမွမေရႊ႔ခ်င္ေတာ့တဲ့ပံုစံမ်ိဳးျဖစ္ေနခဲ့တာပါ ။ ထို႔ေၾကာင့္ သားသတ္သမားမ်ားက ႏြားမႀကီးကိုဆြဲေခၚဖို႔ အေတာ္ေလးဒုကၡေရာက္ေနခဲ့ၾကတာပါ ။ သို႔ေပမဲ့ ပိုၿပီးအံ့ၾသေစခဲ့တာကေတာ့ ႏြားမႀကီးဟာ သူ႔ရဲ႕အေ႐ွ႕ဖက္ေျခေထာက္ႏွစ္ဖက္လံုးကို ဒူးေထာက္ၿပီး သူ႔ကိုမသတ္ဖို႔ ေတာင္းပန္ေနခဲ့တာပါ ။

ထို႔အျပင္ ႏြားမႀကီးဟာ သူ႔ကိုဆြဲေခၚသြားလမ္းတစ္ေလ်ွာက္လံုး မ်က္ရည္ေတြက်ၿပီး ငိုေနခဲ့ပါေသးတယ္ ။ ႏြားမႀကီးဟာ လံုးဝကို အသက္႐ွင္ခြင့္ရေအာင္ေတာင္းဆိုေနၿပီး ၊ သူမရဲ႕ဗိုက္ထဲက ကေလးအတြက္ပါ အသက္ခ်မ္းသားခြင့္ေပးဖို႔ ေတာင္းပန္ေနပံုရပါတယ္ ။ အဆိုပါ video ဟာ social media ေပၚမွာ အေတာ္ေလးပ်ံ့ႏွံ႔သြားခဲ့ၿပီးေနာက္မွာေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ တိရစာၦန္ေတြကိုကာကြယ္ေစာင့္ေ႐ွာက္ေပးေနၾကတဲ့ အဖြဲ႔က ေတြ႔႐ွိသြားခဲ့ၿပီး ႏြားမႀကီးကို သားသတ္ရံုကေန ကယ္တင္ေပးႏိုင္ခဲ့ပါတယ္ ။

ႏြားမႀကီးကို ကယ္တင္ေပးႏိုင္ဖို႔ တစ္စိတ္တစ္ပိုင္ပါဝင္ကူညီေပးခဲ့တဲ့ Lin Wangbo အမည္႐ွိတဲ့ ေဒသခံတစ္ဦးကေတာ့ ” ႏြားမႀကီးက သူ႔ကိုသားသတ္ရံုေခၚသြားဖို႔လုပ္တဲ့အခ်ိန္မွာ စၿပီးဒူးေထာက္ေနခဲ့ပါတယ္ ၊ သားသတ္ရံုထဲေရာက္တဲ့ခ်ိန္မွာေတာ့ ထပ္ၿပီးဒူးေထာက္ၿပီးေတာ့ စၿပီးငိုေႂကြးလာခဲ့ေတာ့တာပဲ ၊ အဲ့ေၾကာင့္ လူတစ္ေယာက္က video ႐ိုက္ၿပီး online ေပၚတင္လိုက္ခ်ိန္မွာ ကြၽန္ေတာ္တို႔လည္းျမင္ၿပီး အဲ့ႏြားကိုမသတ္ဖို႔ သူ႔ကိုဆက္သြယ္ခဲ့ပါတယ္ ” ဆိုၿပီးေျပာဆိုခဲ့ပါတယ္ ။ ထို႔ေနာက္ ႏြားမႀကီးကို သားသတ္ရံုကေနဝယ္ယူခဲ့ၾကၿပီး အဆိုပါၿမိဳ႕မွာ႐ွိတဲ့ ဘုန္းႀကီးဆီသို႔ ေခၚေဆာင္သြားခဲ့ၿပီး ဆက္ၿပီးေမြးျမဴ ခဲ့ကာ အသက္႐ွင္ခြင့္ေပးခဲ့ၾကေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအဖြစ်အပျက်ကတော့ တရုတ်နိုင်ငံ ၊ Shantou မြို့မှာရှိတဲ့ သားသတ်ရုံတစ်ခုမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး video ထဲမှာတော့ နွားမကြီးဟာ အသတ်ခံရဖို့ သားသတ်ရုံထဲကို ဆွဲခေါ်သွားခြင်းခံနေရတာကို တွေ့ရှိရမှာပါ ။ နွားမကြီးဟာ ကိုယ်ဝန်ဆောင်နေရပေမဲ့လည်း အသတ်ခံရတော့မှာကို အလိုလိုသိရှိနေပြီး သားသတ်ရုံထဲသို့ ခေါ်သွားဖို့ လုပ်နေစဉ်ကတည်းက လုံးဝမလိုက်ချင်တဲ့ ပုံစံနဲ့ငြင်းဆန်နေခဲ့တာပါ ။ Video အစပိုင်းမှာတော့ နွားမကြီးဟာ သူ့ကိုချည်နှောင်ထားတဲ့ ရွှံတွေနဲ့နေရာမှာကတည်းက တစ်လှမ်းမှမရွှေ့ချင်တော့တဲ့ပုံစံမျိုးဖြစ်နေခဲ့တာပါ ။ ထို့ကြောင့် သားသတ်သမားများက နွားမကြီးကိုဆွဲခေါ်ဖို့ အတော်လေးဒုက္ခရောက်နေခဲ့ကြတာပါ ။ သို့ပေမဲ့ ပိုပြီးအံ့သြစေခဲ့တာကတော့ နွားမကြီးဟာ သူ့ရဲ့အရှေ့ဖက်ခြေထောက်နှစ်ဖက်လုံးကို ဒူးထောက်ပြီး သူ့ကိုမသတ်ဖို့ တောင်းပန်နေခဲ့တာပါ ။

ထို့အပြင် နွားမကြီးဟာ သူ့ကိုဆွဲခေါ်သွားလမ်းတစ်လျှောက်လုံး မျက်ရည်တွေကျပြီး ငိုနေခဲ့ပါသေးတယ် ။ နွားမကြီးဟာ လုံးဝကို အသက်ရှင်ခွင့်ရအောင်တောင်းဆိုနေပြီး ၊ သူမရဲ့ဗိုက်ထဲက ကလေးအတွက်ပါ အသက်ချမ်းသားခွင့်ပေးဖို့ တောင်းပန်နေပုံရပါတယ် ။ အဆိုပါ video ဟာ social media ပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့ပြီးနောက်မှာတော့ တရုတ်နိုင်ငံရဲ့ တိရစ္ဆာန်တွေကိုကာကွယ်စောင့်ရှောက်ပေးနေကြတဲ့ အဖွဲ့က တွေ့ရှိသွားခဲ့ပြီး နွားမကြီးကို သားသတ်ရုံကနေ ကယ်တင်ပေးနိုင်ခဲ့ပါတယ် ။

နွားမကြီးကို ကယ်တင်ပေးနိုင်ဖို့ တစ်စိတ်တစ်ပိုင်ပါဝင်ကူညီပေးခဲ့တဲ့ Lin Wangbo အမည်ရှိတဲ့ ဒေသခံတစ်ဦးကတော့ ” နွားမကြီးက သူ့ကိုသားသတ်ရုံခေါ်သွားဖို့လုပ်တဲ့အချိန်မှာ စပြီးဒူးထောက်နေခဲ့ပါတယ် ၊ သားသတ်ရုံထဲရောက်တဲ့ချိန်မှာတော့ ထပ်ပြီးဒူးထောက်ပြီးတော့ စပြီးငိုကြွေးလာခဲ့တော့တာပဲ ၊ အဲ့ကြောင့် လူတစ်ယောက်က video ရိုက်ပြီး online ပေါ်တင်လိုက်ချိန်မှာ ကျွန်တော်တို့လည်းမြင်ပြီး အဲ့နွားကိုမသတ်ဖို့ သူ့ကိုဆက်သွယ်ခဲ့ပါတယ် ” ဆိုပြီးပြောဆိုခဲ့ပါတယ် ။ ထို့နောက် နွားမကြီးကို သားသတ်ရုံကနေဝယ်ယူခဲ့ကြပြီး အဆိုပါမြို့မှာရှိတဲ့ ဘုန်းကြီးဆီသို့ ခေါ်ဆောင်သွားခဲ့ပြီး ဆက်ပြီးမွေးမြူ ခဲ့ကာ အသက်ရှင်ခွင့်ပေးခဲ့ကြကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment