2နှစ်အရွယ်ကလေးအပါအဝင် လူ 3ဦးကို သေနတ်ဖြင့်ပစ်သတ်ပြီး ရွှေဆိုင်ကို ဓားပြဝင်တိုက်ခဲ့တဲ့အမျိုးသား (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ January 9 ရက်နေ့က ထိုင်းနိုင်ငံ ၊ Bangkok မြို့မှာရှိတဲ့ Shopping Mall တစ်ခုမှာ သေနတ်ကိုင်ဆောင်ပြီး Mall အတွင်းသို့ဝင်ရောက်လာတဲ့အမျိုးသားတစ်ဦးဟာ လူ 3ယောက်ကို သေနတ်ဖြင့်ပစ်ခတ်ပြီး သတ်ပစ်ခဲ့သည့်အပြင် ၊ လူ 5ဦးကိုပါ ဒဏ်ရာရရှိစေခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ အဆိုပါမျက်နှာဖုံးစွပ်ထားခဲ့တဲ့ ဓားပြဟာ ည 8နာရီအချိန်ခန့်မှာ Shopping Mall အတွင်းသို့ဝင်ရောက်လာခဲ့ပြီး ၊ ရွှေဆိုင်တစ်ခုမှာရှိတဲ့ အရောင်းဝန်ထမ်းအမျိုးသမီးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့တဲ့အပြင် အခြားဈေးဝယ်တစ်ဦးကိုပါ ပစ်သတ်ခဲ့ပြီး ဆိုင်ရဲ့ကောင်တာပေါ်သို့ ပြေးခုန်တက်ပြီးနောက် ဆိုင်အတွင်းရှိရွှေများကို ခိုးယူသွားခဲ့ပါတယ် ။

ရဲအရာရှိတစ်ဦးရဲ့ထွက်ဆိုချက်အရ ဓားပြဟာ Mall အတွင်းသို့ ဝင်ရောက်လာစဉ် ၊ လုံခြုံရေးဝန်ထမ်းအမျိုးသားကို သေနတ်ဖြင့်ပစ်ခတ်ပြီးနောက် ရွှေဆိုင်မှာအလုပ်ဝင်လုပ်နေတဲ့အရောင်းဝန်ထမ်းမလေးကို သေနတ်နဲ့ထပ်မံပစ်သတ်ခဲ့တာဖြစ်ပါတယ် ။ ထို့နောက် မိခင်နဲ့အတူ လက်တွဲပြီးလမ်းလျှောက်လာခဲ့တဲ့ အသက် 2နှစ်အရွယ်ကလေးငယ်ကိုလည်း သေနတ်ဖြင့်ထပ်မံပစ်ခတ်ခဲ့ပါသေးတယ် ။ လူ 5ဦးထပ်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး တစ်ဦးမှာတော့ နိုင်ငံခြားခရီးသွားတစ်ဦးဖြစ်ကြောင်း သိရှိရပါတယ် ။ ဝန်ထမ်းနှစ်ဦးမှာတော့ အခင်းဖြစ်ပွားရာနေရာတွင်သာ ပွဲချင်းပြီးသေဆုံးခဲ့ကြရပြီး ကလေးငယ်မှာတော့ ဆေးရုံသို့ရောက်ရှိပြီးမကြာခင်မှာပဲ သေဆုံးသွားခဲ့ရကြောင်း သိရှိရပါတယ် ။

ထို့အပြင် အဆိုပါသေနတ်ကိုင်ဆောင်လာတဲ့ ဓားပြဟာ လေ့ကျင့်သင်ကြားထားပုံရပြီး ၊ သူ၏သေနတ်ပစ်ခတ်နေချိန်မှာ ကြောက်ရွံ့နေပုံလုံးဝမရှိဘဲ အရင်ကသေနတ်အမြဲကိုင်ဆောင်ပစ်ခတ်ဖူးသူရဲ့အပြုအမှုမျိုးနှင့်တူကြောင်း ရဲအရာရှိများက ထွက်ဆိုခဲ့ကြပါတယ် ။ ယခုချိန်မှာတော့ ရဲအရာရှိများဟာ အဆိုပါဓားပြကို အမိအရဖမ်းမိနိုင်အောင် ကြိုးစားပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment