မိခင္ျဖစ္သူ ေရခ်ိဳးေနတုန္း တိုက္ခန္းအျပင္ဖက္ေငါထြက္ေနတဲ့ အဆင့္ေပၚမွာလမ္းေလ်ွာက္ၿပီး ေျပးေဆာ့ေနတဲ့ကေလးငယ္ (႐ုပ္သံ)

လမ္းေလ်ွာက္တက္စအရြယ္ကေလးငယ္ေတြဟာ အေတာ္ေလးကိုစပ္စုတတ္ၾကပါတယ္ ။ ဒါေၾကာင့္ မိဘမ်ားအေနနဲ႔ ကေလးငယ္ေတြကို အထူးဂ႐ုစိုက္ၿပီးၾကည့္႐ႈေစာင့္ေ႐ွာက္ဖို႔ လိုအပ္ပါတယ္ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ ကေလးငယ္ဟာလည္း မ်က္စိေအာက္ကေန အေပ်ာက္ခံလို႔မရေလာက္ေအာင္ အေတာ္ေလးစပ္စုလြန္းတယ္လို႔ ေျပာရမွာပါပဲေလ ။ စပိန္ႏိုင္ငံ ၊ Tenefire ကြၽန္းမွာ႐ွိတဲ့ လမ္းေလ်ွာက္တက္စကေလးငယ္ေလးတစ္ေယာက္ဟာ 4ထပ္အျမင့္မွာ႐ွိတဲ့ တိုက္ခန္းအျပင္ဖက္ အစြန္းေလးေပၚမွာ မိခင္ျဖစ္သူေရခ်ိဳးေနတုန္း ေျပးလႊားေဆာ့ကစားေနခဲ့ပါတယ္ ။

ကေလးငယ္ေလးဟာ အႏၱရာယ္မ်ားလြန္းတဲ့ေနရာမွန္း သိ႐ွိပံုမရဘဲ အဆိုပါလမ္းက်ဥ္းေလးကေန ဝရံတာဖက္ကို ေျပးသြားၿပီး ဝရံတာေပၚတက္ဖို႔လုပ္ေနေပမဲ့ မရတဲ့အဆံုး လာရာလမ္းအတိုင္းျပန္လာၿပီး ပုတင္းေပါက္ေပၚကို ျပန္တက္သြားခဲ့ပါတယ္ ။

Video အဆံုးသတ္မွာေတာ့ ကေလးငယ္ဟာအျပင္ဖက္ကေန တိုက္ခန္းအတြင္းသို႔ျပန္ဝင္ႏိုင္ေအာင္ ပုတင္းေပါက္ေပၚျပန္ခုန္တက္ေနတာကို ေတြ႔႐ွိရမွာပါ ။ အေသအေပ်ာက္ သတင္းမ်ိဳးထပ္မံၾကားသိရျခင္းမ်ိဳးမ႐ွိတဲ့အတြက္ ကေလးငယ္ဟာ အႏၱရာယ္ကင္းသြားခဲ့ပံုရပါတယ္ ။ ထို႔ေၾကာင့္ မိဘတိုင္းအေနနဲ႔ ဘားမွမသိတတ္ေသးဘဲ စပ္စုတတ္လြန္းတဲ့ လမ္းေလ်ွာက္တတ္စကေလးငယ္ေတြကို အျမဲဂ႐ုစိုက္ၿပီး ၾကည့္႐ႈေစာင့္ေ႐ွာက္ၾကဖို႔ သတိေပးေျပာဆိုလိုက္ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လမ်းလျှောက်တက်စအရွယ်ကလေးငယ်တွေဟာ အတော်လေးကိုစပ်စုတတ်ကြပါတယ် ။ ဒါကြောင့် မိဘများအနေနဲ့ ကလေးငယ်တွေကို အထူးဂရုစိုက်ပြီးကြည့်ရှုစောင့်ရှောက်ဖို့ လိုအပ်ပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ကလေးငယ်ဟာလည်း မျက်စိအောက်ကနေ အပျောက်ခံလို့မရလောက်အောင် အတော်လေးစပ်စုလွန်းတယ်လို့ ပြောရမှာပါပဲလေ ။ စပိန်နိုင်ငံ ၊ Tenefire ကျွန်းမှာရှိတဲ့ လမ်းလျှောက်တက်စကလေးငယ်လေးတစ်ယောက်ဟာ 4ထပ်အမြင့်မှာရှိတဲ့ တိုက်ခန်းအပြင်ဖက် အစွန်းလေးပေါ်မှာ မိခင်ဖြစ်သူရေချိုးနေတုန်း ပြေးလွှားဆော့ကစားနေခဲ့ပါတယ် ။

ကလေးငယ်လေးဟာ အန္တရာယ်များလွန်းတဲ့နေရာမှန်း သိရှိပုံမရဘဲ အဆိုပါလမ်းကျဉ်းလေးကနေ ဝရံတာဖက်ကို ပြေးသွားပြီး ဝရံတာပေါ်တက်ဖို့လုပ်နေပေမဲ့ မရတဲ့အဆုံး လာရာလမ်းအတိုင်းပြန်လာပြီး ပုတင်းပေါက်ပေါ်ကို ပြန်တက်သွားခဲ့ပါတယ် ။

Video အဆုံးသတ်မှာတော့ ကလေးငယ်ဟာအပြင်ဖက်ကနေ တိုက်ခန်းအတွင်းသို့ပြန်ဝင်နိုင်အောင် ပုတင်းပေါက်ပေါ်ပြန်ခုန်တက်နေတာကို တွေ့ရှိရမှာပါ ။ အသေအပျောက် သတင်းမျိုးထပ်မံကြားသိရခြင်းမျိုးမရှိတဲ့အတွက် ကလေးငယ်ဟာ အန္တရာယ်ကင်းသွားခဲ့ပုံရပါတယ် ။ ထို့ကြောင့် မိဘတိုင်းအနေနဲ့ ဘားမှမသိတတ်သေးဘဲ စပ်စုတတ်လွန်းတဲ့ လမ်းလျှောက်တတ်စကလေးငယ်တွေကို အမြဲဂရုစိုက်ပြီး ကြည့်ရှုစောင့်ရှောက်ကြဖို့ သတိပေးပြောဆိုလိုက်ရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment