အပန်းဖြေဥယျာဉ်မှာ အဝတ်ဗလာနဲ့ဓာတ်ပုံရိုက်ခဲ့လို့ ထောင်ဒဏ် 5ရက် ချမှတ်ခံလိုက်ရတဲ့ မိန်းကလေး




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အပန်းဖြေဥယျာဉ်ဆိုတာ မိသားစုတွေ ၊ ကလေးတွေ အတူတကွ လာရောက်အပန်ဖြေတဲ့နေရာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့မိန်းကလေးကတော့ အဆိုပါအပြစ်ကင်းစင်ပြီး ပျော်ရွှင်ဖို့ကောင်းတဲ့နေရာကို ဆိုးဝါးအောင်ပြုလုပ်လိုက်တာပါပဲ ။ တရုတ်နိုင်ငံက Zhang အမည်ရှိတဲ့အမျိုးသမီးဟာ သူမကိုယ့်ကို သူမအလွန်ဆွဲဆောင်မှုရှိတဲ့မိန်းကလေးလို့တွေးထင်ပြီးနောက် Xue အမည်ရှိတဲ့ဓာတ်ပုံဆရာကို ငှါးရမ်းပြီး တရုတ်နိုင်ငံ ၊ Guangxi ဒေသမှာရှိတဲ့ ကလေးတွေရဲ့အပန်းဖြေဥယျာဉ်မှာ အဝတ်ဗလာဖြင့် ဓာတ်ပုံရိုက်ခဲ့ကြပါတယ် ။

သူမက မသိတာလား ၊ သတိမထားမိတာလား မသဲကွဲပါဘူး ။ ဘာလို့လည်းဆိုတော့ အများပြည်သူပိုင်နေရာမှာအဝတ်ဗလာနဲ့နေရင် ဥပဒေအရအရေးယူခြင်းခံရနိုင်လို့ပါဘဲ ။ ထို့ကြောင့် သူမနဲ့ ဓာတ်ပုံဆရာ နှစ်ဦးစလုံးဟာ အများပြည်သူပိုင်နေရာမှာ အဝတ်ဗလာနှင့် ဓာတ်ပုံရိုက်ခဲ့ကြလို့ထောင်ဒဏ် 5ရက်စီ အသီးသီးချမှတ်ခံခဲ့ရပါတယ် ။

Zhang ဟာ အဆိုပါဓာတ်ပုံကို ချားရဟတ်ပေါ်မှာ တစ်ယောက်တစ်ကန့်စီ စီးပြီးရိုက်ယူခဲ့ကြတာဖြစ်ပါတယ် ။ ထို့အပြင် အဆိုပါ အပန်ဖြေဥယျာဉ်မှာ တာဝန်ကျနေကြတဲ့ ဝန်ထမ်းများကလည်း သူမတို့ဓာတ်ပုံရိုက်ကူးနေခဲ့ကြတာကို သတိမထားမိလို့ မသိခဲ့ကြောင်းလည်း ပြောဆိုသွားခဲ့ကြပါတယ် ။ မည်သို့ပင်ဖြစ်စေကာမှု ကလေးငယ်များအပန်ဖြေနေတဲ့နေရာကို ယခုလို ရုပ်ဆိုးလွန်းလှတဲ့အပြုအမှုမျိုးမပြုလုပ်သင့်ကြောင်း လူအများကဝေဖန်ပြောဆိုခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment