ဆိုင္ကယ္ကို “Superman” လို စတန္႔ထြင္ၿပီး အျမန္ေမာင္းျပခဲ့လို႔ အဆံုးသက္မလွခဲ့တဲ့ 17ႏွစ္အရြယ္ မိန္းကေလး (႐ုပ္သံ)

မၾကာေသးခင္ကမွ မေလ႐ွားႏိုင္ငံက ဆယ္ေက်ာ္သက္မိန္းကေလးတစ္ေယာက္ဟာ “Superman” ပံုစံမ်ိဳးစတန္႔ထြင္ကာ ဆိုင္ကယ္ေမာင္းျပခဲ့တဲ့အတြက္ social media ေပၚမွာ အေတာ္ေလးေရပန္းစားေနလ်က္႐ွိပါတယ္ ။ သူမဟာ အေတာ္ျမန္လြန္းတဲ့ ႏႈန္းတဲ့ဆိုင္ကယ္ေမာင္းႏွင္ခဲ့တာျဖစ္တဲ့အျပင္ လူေတြမေမ်ွာ္လင့္ထားတဲ့ မိန္းမငယ္ေလးတစ္ေယာက္ျဖစ္ေနခဲ့တဲ့အတြက္ ၾကည့္႐ႈသူေတြကို ပိုၿပီးအံ့အားသင့္ေစခဲ့ပါတယ္ ။ သူမ ကြၽမ္းက်င္စြာေမာင္းႏွင္ႏိုင္ခဲ့တယ္ဆိုေပမဲ့လည္း ယာဥ္ေမာင္းလိုင္စင္မ႐ွိေသးတဲ့ အသက္ 17ႏွစ္အရြယ္မိန္းကေလးျဖစ္တဲ့အျပင္ ၊ ယာဥ္စည္းကမ္းေတြကိုပါ ခ်ိဳးေဖာက္ခဲ့တာျဖစ္တဲ့အတြက္ တာဝန္႐ွိသူေတြရဲ႕ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္ ။

အဆိုပါ video ဟာ social media ေပၚမွာ အေတာ္ေလးေရပန္းစားၿပီးေနာက္မွာေတာ့ video ထဲမွာ သူမေမာင္းႏွင္ခဲ့တဲ့ ဆိုင္ကယ္ရဲ႕ပိုင္႐ွင္ သူမဦးေလးရဲ႕ ေျပာဆိုဆံုးမမႈေတြေၾကာင့္ သူမကိုယ္တိုင္ရဲစခန္းမွာ လာေရာက္အဖမ္းခံခဲ့ပါတယ္ ။ သူမဟာ စတန္႔ထြင္ၿပီးဆိုင္ကယ္ေမာင္းႏွင္ခဲ့တဲ့အျပင္ ၊ အသက္မျပည့္ေသးတဲ့ ယာဥ္ေမာင္းလိုင္စင္မ႐ွိေသးတဲ့ သူတစ္ေယာက္ျဖစ္ေနခဲ့တဲ့အတြက္ ယာဥ္စည္းကမ္းအရ တရားစြဲဆိုျခင္းခံထားရေၾကာင္း သိ႐ွိရပါတယ္ ။

သူမဟာ ယာဥ္စည္းကမ္းခ်ိဳးေဖာက္ၿပီး အရဲစြန္႔ၿပီးယာဥ္ေမာင္းႏွင္ခဲ့မႈအတြက္ ဒဏ္ေၾကးေငြ RM 1000 ေပးေဆာင္ခဲ့ရပါတယ္ ။ သူမရဲ႕ဦးေလးျဖစ္သူမွာေတာ့ အသက္မျပည့္ေသးတဲ့ ယာဥ္ေမာင္းလိုင္စင္မ႐ွိတဲ့သူကို ဆိုင္ကယ္ေမာင္းႏွင္ခြင့္ျပဳခဲ့တဲ့အတြက္ တရားစြဲဆိုခံရႏိုင္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မကြာသေးခင်ကမှ မလေရှားနိုင်ငံက ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ဟာ “Superman” ပုံစံမျိုးစတန့်ထွင်ကာ ဆိုင်ကယ်မောင်းပြခဲ့တဲ့အတွက် social media ပေါ်မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။ သူမဟာ အတော်မြန်လွန်းတဲ့ နှုန်းတဲ့ဆိုင်ကယ်မောင်းနှင်ခဲ့တာဖြစ်တဲ့အပြင် လူတွေမမျှော်လင့်ထားတဲ့ မိန်းမငယ်လေးတစ်ယောက်ဖြစ်နေခဲ့တဲ့အတွက် ကြည့်ရှုသူတွေကို ပိုပြီးအံ့အားသင့်စေခဲ့ပါတယ် ။ သူမ ကျွမ်းကျင်စွာမောင်းနှင်နိုင်ခဲ့တယ်ဆိုပေမဲ့လည်း ယာဉ်မောင်းလိုင်စင်မရှိသေးတဲ့ အသက် 17နှစ်အရွယ်မိန်းကလေးဖြစ်တဲ့အပြင် ၊ ယာဉ်စည်းကမ်းတွေကိုပါ ချိုးဖောက်ခဲ့တာဖြစ်တဲ့အတွက် တာဝန်ရှိသူတွေရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ် ။

အဆိုပါ video ဟာ social media ပေါ်မှာ အတော်လေးရေပန်းစားပြီးနောက်မှာတော့ video ထဲမှာ သူမမောင်းနှင်ခဲ့တဲ့ ဆိုင်ကယ်ရဲ့ပိုင်ရှင် သူမဦးလေးရဲ့ ပြောဆိုဆုံးမမှုတွေကြောင့် သူမကိုယ်တိုင်ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့ပါတယ် ။ သူမဟာ စတန့်ထွင်ပြီးဆိုင်ကယ်မောင်းနှင်ခဲ့တဲ့အပြင် ၊ အသက်မပြည့်သေးတဲ့ ယာဉ်မောင်းလိုင်စင်မရှိသေးတဲ့ သူတစ်ယောက်ဖြစ်နေခဲ့တဲ့အတွက် ယာဉ်စည်းကမ်းအရ တရားစွဲဆိုခြင်းခံထားရကြောင်း သိရှိရပါတယ် ။

သူမဟာ ယာဉ်စည်းကမ်းချိုးဖောက်ပြီး အရဲစွန့်ပြီးယာဉ်မောင်းနှင်ခဲ့မှုအတွက် ဒဏ်ကြေးငွေ RM 1000 ပေးဆောင်ခဲ့ရပါတယ် ။ သူမရဲ့ဦးလေးဖြစ်သူမှာတော့ အသက်မပြည့်သေးတဲ့ ယာဉ်မောင်းလိုင်စင်မရှိတဲ့သူကို ဆိုင်ကယ်မောင်းနှင်ခွင့်ပြုခဲ့တဲ့အတွက် တရားစွဲဆိုခံရနိုင်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment