ကားထဲမွာေစာင့္ေနရတာ စိတ္မ႐ွည္ေတာ့တဲ့အဆံုး ကားဟြန္းအဆက္မပ်က္တီးၿပီး သခင္ကိုေခၚေနခဲ့တဲ့ ေခြးေလး (႐ုပ္သံ)

တိရစာၦန္ေလးေတြရဲ႕ တမူထူးျခားၿပီးခ်စ္ဖို႔ေကာင္းတဲ့ အျပဳအမႈေတြကိုေတြ႔ရင္ ဘယ္သူကမွ မခ်စ္ဘဲမေနႏိုင္ေလာက္ေအာင္ပါပဲ ။ ဒီတစ္ေခါက္မွာလည္း ၾသစေၾတးလ်ႏိုင္ငံ ၊ Melbourne ၿမိဳ႕ရဲ႕ လမ္းမႀကီးေဘးမွာ ရပ္ထားတဲ့ ကားတစ္စီးထဲမွေခြးေလးတစ္ေကာင္ဟာ ကားခဏရပ္ၿပီးပစၥည္းဆင္းယူေနခဲ့တဲ့သခင္ကို မေစာင့္ႏိုင္ေတာ့တဲ့အဆံုး ကားဟြန္းအဆက္မပ်က္တီးၿပီး သခင့္ကိုျပန္ေခၚေနခဲ့တဲ့ video ဟာ အေတာ္ေလးကိုေရပန္းစားေနလ်က္႐ွိပါတယ္ ။ Video ထဲမွာေတာ့ ေခြးေလးဟာ driver ခံုမွာထိုင္ေနခဲ့ၿပီး ၊ သခင့္ကို စိတ္႐ွည္စြာေစာင့္ေနရမယ့္အစား သူ႔ရဲ႕လက္ဖဝါေသးေသးေလးနဲ႔ ကားဟြန္းကို တီးၿပီး သခင့္ကိုအခ်က္ေပးေနခဲ့တာပါ ။

အဆိုပါ video ကိုေတာ့ နာမည္ႀကီးစက္ဘီးစီးသမားတစ္ေယာက္ျဖစ္တဲ့ Steele von Hoff က ႐ိုက္ယူခဲ့တာျဖစ္ၿပီး သူ၏ Instagram ေပၚမွာေဝမ်ွခဲ့တာလည္း ျဖစ္ပါတယ္ ။ ထို႔အျပင္ သူငယ္စဥ္အခ်ိန္က မိခင္ျဖစ္သူေစ်းသံုးေနခ်ိန္မေစာင့္ႏိုင္လို႔ လုပ္ခဲ့တဲ့အျပဳအမွုမ်ိဳးနဲ႔ ဆင္တူေနေၾကာင္းလည္း ေျပာဆိုခဲ့ပါေသးတယ္ ။

ေခြးေလးရဲ႕ သခင္မွာေတာ့ ကားဟြန္းတီးသံေၾကာင့္ ကားဆီသို႔အျမန္ေရာက္လာခဲ့ရၿပီး ေခြးေလးေတြကို တံခါးမဖြင့္ေပးေသးခင္ ဆူးေငါက္ခဲ့ပါေသးတယ္ ။ ထို႔ေနာက္ ေခြးေလးဟာ သူ၏အေဖာ္ေနာက္ထပ္ေခြးတစ္ေကာင္ႏွင့္အတူ ကားေပၚကေန ေအးေအးေဆးေဆးဆင္းသြားခဲ့ပါေသးတယ္ ။ အဆိုပါ Video ထဲမွာ ေတြ႔႐ွိရတဲ့ေခြးေလးရဲ႕အျပဳအမႈဟာ တျခားေသာေခြးေလးေတြနဲ႔ တမူထူးျခားၿပီး အလြန္ခ်စ္ဖို႔ေကာင္းေနတဲ့အတြက္ သခင္ျဖစ္သူေရာ ၊ video ႐ိုက္ကူးခဲ့သူတို႔မွာ စိတ္မဆိုးႏိုင္ဘဲ ျပံဳးရယ္ေနခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တိရစ္ဆာန်လေးတွေရဲ့ တမူထူးခြားပြီးချစ်ဖို့ကောင်းတဲ့ အပြုအမှုတွေကိုတွေ့ရင် ဘယ်သူကမှ မချစ်ဘဲမနေနိုင်လောက်အောင်ပါပဲ ။ ဒီတစ်ခေါက်မှာလည်း သြစတြေးလျနိုင်ငံ ၊ Melbourne မြို့ရဲ့ လမ်းမကြီးဘေးမှာ ရပ်ထားတဲ့ ကားတစ်စီးထဲမှခွေးလေးတစ်ကောင်ဟာ ကားခဏရပ်ပြီးပစ္စည်းဆင်းယူနေခဲ့တဲ့သခင်ကို မစောင့်နိုင်တော့တဲ့အဆုံး ကားဟွန်းအဆက်မပျက်တီးပြီး သခင့်ကိုပြန်ခေါ်နေခဲ့တဲ့ video ဟာ အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။ Video ထဲမှာတော့ ခွေးလေးဟာ driver ခုံမှာထိုင်နေခဲ့ပြီး ၊ သခင့်ကို စိတ်ရှည်စွာစောင့်နေရမယ့်အစား သူ့ရဲ့လက်ဖဝါသေးသေးလေးနဲ့ ကားဟွန်းကို တီးပြီး သခင့်ကိုအချက်ပေးနေခဲ့တာပါ ။

အဆိုပါ video ကိုတော့ နာမည်ကြီးစက်ဘီးစီးသမားတစ်ယောက်ဖြစ်တဲ့ Steele von Hoff က ရိုက်ယူခဲ့တာဖြစ်ပြီး သူ၏ Instagram ပေါ်မှာဝေမျှခဲ့တာလည်း ဖြစ်ပါတယ် ။ ထို့အပြင် သူငယ်စဉ်အချိန်က မိခင်ဖြစ်သူဈေးသုံးနေချိန်မစောင့်နိုင်လို့ လုပ်ခဲ့တဲ့အပြုအမှုမျိုးနဲ့ ဆင်တူနေကြောင်းလည်း ပြောဆိုခဲ့ပါသေးတယ် ။

ခွေးလေးရဲ့ သခင်မှာတော့ ကားဟွန်းတီးသံကြောင့် ကားဆီသို့အမြန်ရောက်လာခဲ့ရပြီး ခွေးလေးတွေကို တံခါးမဖွင့်ပေးသေးခင် ဆူးငေါက်ခဲ့ပါသေးတယ် ။ ထို့နောက် ခွေးလေးဟာ သူ၏အဖော်နောက်ထပ်ခွေးတစ်ကောင်နှင့်အတူ ကားပေါ်ကနေ အေးအေးဆေးဆေးဆင်းသွားခဲ့ပါသေးတယ် ။ အဆိုပါ Video ထဲမှာ တွေ့ရှိရတဲ့ခွေးလေးရဲ့အပြုအမှုဟာ တခြားသောခွေးလေးတွေနဲ့ တမူထူးခြားပြီး အလွန်ချစ်ဖို့ကောင်းနေတဲ့အတွက် သခင်ဖြစ်သူရော ၊ video ရိုက်ကူးခဲ့သူတို့မှာ စိတ်မဆိုးနိုင်ဘဲ ပြုံးရယ်နေခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment