ပိုက္ဆံအေႂကြတစ္ရြတ္ထဲနဲ႔ မွတ္ဥာဏ္ခ်ိဳ႕ယြင္းေနတဲ့ဖခင္ကို လမ္းမႀကီးေဘးမွာ စြန္႔ပစ္ခဲ့ၾကတဲ့ သားသမီးေတြရဲ႕လုပ္ရပ္

ကိုယ့္ရဲ႕ဘဝတစ္ခုျဖစ္တည္လာဖို႔ဆိုတာ အဓိကမွာ မိဘေတြပါပဲ ။ သူတို႔ထက္ပိုေကာင္း ၊ ပိုေတာ္ဖို႔ အျမဲကိုယ္က်ိဳးမငဲ့ႀကိဳးစားေပးခဲ့ၾကတာလည္း မိဘပါပဲ ။ သို႔ေပမဲ့လည္း ကိုယ္ေတြအသက္ႀကီးၿပီး အဆင္ေျပလာခဲ့တဲ့အခ်ိန္မွာမွ က်န္းမာေရးခ်ိဳ႕တဲ့လာတဲ့မိဘေတြကို မျပဳစုခ်င္လို႔ စြန္႔ပစ္ခဲ့ၾကတဲ့ သားသမီးေတြရဲ႕လုပ္ရပ္ဟာ ေတာ္ေတာ္ေလးဆိုးဝါးလြန္းတယ္လို႔ ေျပာရမလားပါပဲ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုု္င္ငံ ၊ Kedah ျပည္နယ္မွာ႐ွိတဲ့ လမ္းမႀကီးတစ္ေနရာမွာ ၿပီးခဲ့တဲ့ January 8 ရက္ေန႔ ညေန 4:30 အခ်ိန္မွာ ဖခင္အိုႀကီးကို သားသမီးေတြက လမ္းမႀကီးေဘးလာေရာက္စြန္႔ပစ္ခဲ့မႈျဖစ္ပြားခဲ့ပါတယ္ ။

အဆိုပါအျဖစ္အပ်က္ကို လမ္းမႀကီးေဘးလမ္းေလ်ွာက္လာခဲ့တဲ့ အမ်ိဳးသမီးတစ္ေယာက္ကေတြ႔႐ွိခဲ့ၿပီး လမ္းေကာင္းေကာင္းမေလ်ွာက္ႏိုင္တဲ့ဖခင္ႀကီးကို သားသမီးေတြကစြန္႔ပစ္ခဲ့ၿပီး ကားေမာင္းထြက္သြားခဲ့ၾကပါတယ္ ။ အဘိုးအိုႀကီးမွာေတာ့ အဆိုပါလမ္းေဘးတြင္ေတြ႔႐ွိခဲ့တဲ့ အမ်ိဳးသမီးကို သူ၏သားသမီးေတြရဲ႕ကားေတြ႔လိုက္လားဆိုၿပီး ေမးျမန္းခဲ့ခ်ိန္မွာေတာ့ အမ်ိဳးသမီးက ကားထြက္သြားၿပီဆိုၿပီးေျဖဆိုခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ အဘိုးအိုဟာ လမ္းေကာင္းမြန္စြာမေလ်ွာက္ႏိုင္ေပမဲ့လည္း သားသမီးေတြရဲ႕ကားေနာက္အမွီလိုက္မယ္ဆိုၿပီးေျပာဆိုကာ အမွီလမ္းေလ်ွာက္လိုက္ခဲ့ပါတယ္ ။

အဆိုပါအျဖစ္အပ်က္ကို Facebook စာမ်က္ႏွာေပၚေဝမ်ွေပးခဲ့တဲ့ အမ်ိဳးသားရဲ႕အိမ္ေ႐ွ႕မွာ ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး အဆိုပါအမ်ိဳးသမီးက အိမ္ထဲမွာ႐ွိေနတဲ့အမ်ိဳးသားကို လွမ္းေခၚၿပီး အက်ိဳးအေၾကာင္း႐ွင္းျပခဲ့ခ်ိန္မွာေတာ့ ၎အမ်ိဳးသားက ကားအျမန္ေမာင္းၿပီး 200 မီတာအကြာအေဝးအေရာက္မွာေတာ့ အဘိုးအိုႏွင့္ေတြ႔ဆံုၿပီး ကားေပၚတက္ခိုင္းကာ ၊ အေအးဝယ္တိုက္ၿပီး အက်ိဳးအေၾကာင္းေမးျမန္းခဲ့ပါတယ္ ။ အဘိုးအိုမွာေတာ့ သူ၏သားသမီး ၊ မိသားစုအေၾကာင္း လံုးဝမမွတ္မိတဲ့မွတ္ဥာဏ္ခ်ိဳ႕ယြင္းေနသူလည္း ျဖစ္ေနပါတယ္ ။ ထို႔အျပင္ အဘိုးအိုရဲ႕အိတ္ကပ္ထဲမွာ RM 1 က်ပ္ အေႂကြကိုသာ ေတြ႔႐ွိခဲ့ၿပီး ၊ မွတ္ပံုတင္ပါ ပါလာျခင္းမ်ိဳးမ႐ွိခဲ့တဲ့အတြက္ သားသမီးေတြရဲ႕စြန္႔ပစ္ျခင္းကို အမွန္တကယ္ခံလိုက္ရပံုပါ ။ ထို႔ေၾကာင့္အဘိုးအိုကို ရဲစခန္းသို႔ပို႔ေဆာင္ေပးခဲ့ၾကၿပီး ၊ အဘိုးအိုကိုသိ႐ွိသူမ်ားလည္း လာၿပီးဆက္သြယ္ေပးဖို႔ အကူအညီေတာင္းခံေပးခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုယ့်ရဲ့ဘဝတစ်ခုဖြစ်တည်လာဖို့ဆိုတာ အဓိကမှာ မိဘတွေပါပဲ ။ သူတို့ထက်ပိုကောင်း ၊ ပိုတော်ဖို့ အမြဲကိုယ်ကျိုးမငဲ့ကြိုးစားပေးခဲ့ကြတာလည်း မိဘပါပဲ ။ သို့ပေမဲ့လည်း ကိုယ်တွေအသက်ကြီးပြီး အဆင်ပြေလာခဲ့တဲ့အချိန်မှာမှ ကျန်းမာရေးချို့တဲ့လာတဲ့မိဘတွေကို မပြုစုချင်လို့ စွန့်ပစ်ခဲ့ကြတဲ့ သားသမီးတွေရဲ့လုပ်ရပ်ဟာ တော်တော်လေးဆိုးဝါးလွန်းတယ်လို့ ပြောရမလားပါပဲ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Kedah ပြည်နယ်မှာရှိတဲ့ လမ်းမကြီးတစ်နေရာမှာ ပြီးခဲ့တဲ့ January 8 ရက်နေ့ ညနေ 4:30 အချိန်မှာ ဖခင်အိုကြီးကို သားသမီးတွေက လမ်းမကြီးဘေးလာရောက်စွန့်ပစ်ခဲ့မှုဖြစ်ပွားခဲ့ပါတယ် ။

အဆိုပါအဖြစ်အပျက်ကို လမ်းမကြီးဘေးလမ်းလျှောက်လာခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကတွေ့ရှိခဲ့ပြီး လမ်းကောင်းကောင်းမလျှောက်နိုင်တဲ့ဖခင်ကြီးကို သားသမီးတွေကစွန့်ပစ်ခဲ့ပြီး ကားမောင်းထွက်သွားခဲ့ကြပါတယ် ။ အဘိုးအိုကြီးမှာတော့ အဆိုပါလမ်းဘေးတွင်တွေ့ရှိခဲ့တဲ့ အမျိုးသမီးကို သူ၏သားသမီးတွေရဲ့ကားတွေ့လိုက်လားဆိုပြီး မေးမြန်းခဲ့ချိန်မှာတော့ အမျိုးသမီးက ကားထွက်သွားပြီဆိုပြီးဖြေဆိုခဲ့ပါတယ် ။ ထိုအချိန်မှာတော့ အဘိုးအိုဟာ လမ်းကောင်းမွန်စွာမလျှောက်နိုင်ပေမဲ့လည်း သားသမီးတွေရဲ့ကားနောက်အမှီလိုက်မယ်ဆိုပြီးပြောဆိုကာ အမှီလမ်းလျှောက်လိုက်ခဲ့ပါတယ် ။

အဆိုပါအဖြစ်အပျက်ကို Facebook စာမျက်နှာပေါ်ဝေမျှပေးခဲ့တဲ့ အမျိုးသားရဲ့အိမ်ရှေ့မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဆိုပါအမျိုးသမီးက အိမ်ထဲမှာရှိနေတဲ့အမျိုးသားကို လှမ်းခေါ်ပြီး အကျိုးအကြောင်းရှင်းပြခဲ့ချိန်မှာတော့ ၎င်းအမျိုးသားက ကားအမြန်မောင်းပြီး 200 မီတာအကွာအဝေးအရောက်မှာတော့ အဘိုးအိုနှင့်တွေ့ဆုံပြီး ကားပေါ်တက်ခိုင်းကာ ၊ အအေးဝယ်တိုက်ပြီး အကျိုးအကြောင်းမေးမြန်းခဲ့ပါတယ် ။ အဘိုးအိုမှာတော့ သူ၏သားသမီး ၊ မိသားစုအကြောင်း လုံးဝမမှတ်မိတဲ့မှတ်ဉာဏ်ချို့ယွင်းနေသူလည်း ဖြစ်နေပါတယ် ။ ထို့အပြင် အဘိုးအိုရဲ့အိတ်ကပ်ထဲမှာ RM 1 ကျပ် အကြွေကိုသာ တွေ့ရှိခဲ့ပြီး ၊ မှတ်ပုံတင်ပါ ပါလာခြင်းမျိုးမရှိခဲ့တဲ့အတွက် သားသမီးတွေရဲ့စွန့်ပစ်ခြင်းကို အမှန်တကယ်ခံလိုက်ရပုံပါ ။ ထို့ကြောင့်အဘိုးအိုကို ရဲစခန်းသို့ပို့ဆောင်ပေးခဲ့ကြပြီး ၊ အဘိုးအိုကိုသိရှိသူများလည်း လာပြီးဆက်သွယ်ပေးဖို့ အကူအညီတောင်းခံပေးခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment