မိန္းမလိုခ်င္ေၾကာင္း ေၾကာ္ျငာဆိုင္းဘုတ္ေတြမွာလိုက္ကပ္ၿပီး ေၾကာျငာခဲ့တဲ့အမ်ိဳးသား

တိုးတက္ေျပာင္းလဲလာတဲ့ ေခတ္ကာလေတြအရ ကိုယ့္နဲ႔လိုက္ဖက္တဲ့ ဘဝလက္တြဲေဖာ္႐ွာေဖြရတာဟာ အေတာ္ေလးကိုခက္ခဲလာခဲ့ပါတယ္ ။ ခ်မ္းသာတဲ့ အသိုင္းအဝိုင္းဆိုရင္လည္း သူတို႔ရဲ႕အဆင့္အတန္းေတြနဲ႔လိုက္ဖက္တဲ့ သူမ်ိဳးကို႐ွာေဖြၾကသလို ၊ လူတိုင္းက ကိုယ့္နဲ႔လိုက္ဖက္တဲ့ ဘဝအဆင့္အတန္းမ်ိဳးပိုင္ဆိုင္တဲ့ သူမ်ိဳးကိုသာ ႐ွာေဖြလာၾကတဲ့အတြက္ အေတာ္ေလးကို ခက္ခဲလာခဲ့ပါတယ္ ။ လူအေတာ္မ်ားမ်ားက social media ေတြ ၊ dating apps ေတြအသံုးျပဳ ၿပီး ၾကင္ဖက္ေတြ႐ွာေဖြေနၾကေပမဲ့လည္း မေလး႐ွားႏိုင္ငံ ၊ Terengganu ျပည္နယ္မွာေနထိုင္တဲ့ အသက္ 35 ႏွစ္အရြယ္ Noor Aziro bin Abdullah အမည္႐ွိတဲ့အမ်ိဳးသားမွာေတာ့ လူေတြရဲ႕စိတ္ဝင္စားမႈရ႐ွိေအာင္ သူေနထိုင္တဲ့ ၿမိဳ႕အႏွံ႔ ႏွင့္ Pantai Teluk Bidara ကမ္းေျခတစ္ေလ်ွာက္ သူ၏ဘဝလက္တြဲေဖာ္ဇနီးလိုခ်င္ေၾကာင္း ေၾကာ္ျငာစာရြတ္ေတြေထာင္ၿပီး လိုက္လံေၾကာ္ျငာခဲ့ပါတယ္ ။

အစပိုင္းမွာေတာ့ Aziro ဟာ အျခားေသာ သူမ်ားကဲ့သို႔ social media ကေန သူနဲ႔လိုက္ဖက္မဲ့ဘဝလက္တြဲေဖာ္မ်ိဳး႐ွာေဖြခဲ့ေပမဲ့လည္း အၿပိဳင္အဆိုင္မ်ားလြန္းတဲ့အတြက္ေၾကာင့္မို႔ ေ႐ွ႕ဆက္မတိုးႏိုင္ေတာ့ဘဲ ၊ လက္ေလ်ွာ့ခဲ့ရပါတယ္ ။ ဒါေၾကာင့္ Aziro ဟာ သူ႔အေၾကာင္း ႏွင့္ ဖုန္းနံပတ္မ်ားပါဝင္တဲ့ ေၾကာ္ျငာစာရြတ္ကို ကိုယ္တိုင္လိုက္ကပ္ၿပီး ၊ အနီးအနားဝန္းက်င္႐ွိ ရြာမ်ား ႏွင့္ ေဒသမ်ားမွ မိန္းကေလးေတြရဲ႕ စိတ္ဝင္စားမႈ ရလိုရညား ဆိုၿပီးေမ်ွာ္လင့္ခ်က္နဲ႔ ေၾကာ္ျငာစာရြတ္လိုက္ကပ္ခဲ့တာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။

ေၾကာ္ျငာစာရြတ္ကပ္ၿပီးတာနဲ႔ခ်က္ခ်င္း Aziro ဟာ Kedah ျပည္နယ္ ၊ KL ၿမိဳ႕ ၊ Selangor ျပည္နယ္ ႏွင့္ Pahang ျပည္နယ္တို႔မွ ဖုန္းေခၚဆိုမႈမ်ား လက္ခံရ႐ွိခဲ့ေၾကာင္း သိရွိရပါတယ္ ။ Aziro ဟာ မၾကာခင္မွာ သူႏွင့္လိုက္ဖက္မဲ့ ဇနီသည္မ်ိဳး ႐ွာေတြ႔ႏိုင္ေတာ့မည္ျဖစ္ေၾကာင္း ေမ်ွာ္လင့္ေနလ်က္႐ွိပါတယ္ ။ ထို႔အျပင္ Aziro မွာလည္း ဇနီးသည္ကို အေတာ္ေလးခ်စ္မယ့္ေယာက်ၤားမ်ိဳးျဖစ္ႏိုင္ေၾကာင္း လူအမ်ားကခန္႔မွန္းခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကာလတွေအရ ကိုယ့်နဲ့လိုက်ဖက်တဲ့ ဘဝလက်တွဲဖော်ရှာဖွေရတာဟာ အတော်လေးကိုခက်ခဲလာခဲ့ပါတယ် ။ ချမ်းသာတဲ့ အသိုင်းအဝိုင်းဆိုရင်လည်း သူတို့ရဲ့အဆင့်အတန်းတွေနဲ့လိုက်ဖက်တဲ့ သူမျိုးကိုရှာဖွေကြသလို ၊ လူတိုင်းက ကိုယ့်နဲ့လိုက်ဖက်တဲ့ ဘဝအဆင့်အတန်းမျိုးပိုင်ဆိုင်တဲ့ သူမျိုးကိုသာ ရှာဖွေလာကြတဲ့အတွက် အတော်လေးကို ခက်ခဲလာခဲ့ပါတယ် ။ လူအတော်များများက social media တွေ ၊ dating apps တွေအသုံးပြု ပြီး ကြင်ဖက်တွေရှာဖွေနေကြပေမဲ့လည်း မလေးရှားနိုင်ငံ ၊ Terengganu ပြည်နယ်မှာနေထိုင်တဲ့ အသက် 35 နှစ်အရွယ် Noor Aziro bin Abdullah အမည်ရှိတဲ့အမျိုးသားမှာတော့ လူတွေရဲ့စိတ်ဝင်စားမှုရရှိအောင် သူနေထိုင်တဲ့ မြို့အနှံ့ နှင့် Pantai Teluk Bidara ကမ်းခြေတစ်လျှောက် သူ၏ဘဝလက်တွဲဖော်ဇနီးလိုချင်ကြောင်း ကြော်ငြာစာရွတ်တွေထောင်ပြီး လိုက်လံကြော်ငြာခဲ့ပါတယ် ။

အစပိုင်းမှာတော့ Aziro ဟာ အခြားသော သူများကဲ့သို့ social media ကနေ သူနဲ့လိုက်ဖက်မဲ့ဘဝလက်တွဲဖော်မျိုးရှာဖွေခဲ့ပေမဲ့လည်း အပြိုင်အဆိုင်များလွန်းတဲ့အတွက်ကြောင့်မို့ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ၊ လက်လျှော့ခဲ့ရပါတယ် ။ ဒါကြောင့် Aziro ဟာ သူ့အကြောင်း နှင့် ဖုန်းနံပတ်များပါဝင်တဲ့ ကြော်ငြာစာရွတ်ကို ကိုယ်တိုင်လိုက်ကပ်ပြီး ၊ အနီးအနားဝန်းကျင်ရှိ ရွာများ နှင့် ဒေသများမှ မိန်းကလေးတွေရဲ့ စိတ်ဝင်စားမှု ရလိုရညား ဆိုပြီးမျှော်လင့်ချက်နဲ့ ကြော်ငြာစာရွတ်လိုက်ကပ်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။

ကြော်ငြာစာရွတ်ကပ်ပြီးတာနဲ့ချက်ချင်း Aziro ဟာ Kedah ပြည်နယ် ၊ KL မြို့ ၊ Selangor ပြည်နယ် နှင့် Pahang ပြည်နယ်တို့မှ ဖုန်းခေါ်ဆိုမှုများ လက်ခံရရှိခဲ့ကြောင်း သိရှိရပါတယ် ။ Aziro ဟာ မကြာခင်မှာ သူနှင့်လိုက်ဖက်မဲ့ ဇနီသည်မျိုး ရှာတွေ့နိုင်တော့မည်ဖြစ်ကြောင်း မျှော်လင့်နေလျက်ရှိပါတယ် ။ ထို့အပြင် Aziro မှာလည်း ဇနီးသည်ကို အတော်လေးချစ်မယ့်ယောင်္ကျားမျိုးဖြစ်နိုင်ကြောင်း လူအများကခန့်မှန်းခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment