ကားအျမဲေတာင္းစီးတဲ့ သူငယ္ခ်င္းရဲ႕လုပ္ရပ္ေၾကာင့္ စဥ္းစားမရခဲ့တဲ့ အျဖစ္မ်ိဳးၾကံဳခဲ့ရတဲ့ အမ်ိဳးသား

မေလး႐ွားႏိုင္ငံက အသက္ 27 ႏွစ္အရြယ္အမ်ိဳးသားဟာ သူ၏သူငယ္ခ်င္းျဖစ္သူရဲ႕ ေက်းဇူးတင္ေၾကာင္းေဖာ္ျပခဲ့တဲ့ အျပဳအမႈပံုစံေတြေၾကာင့္ အံ့ၾသခဲ့ရတဲ့အျဖစ္အပ်က္မ်ိဳးကို သူ၏ Twitter စာမ်က္ႏွာေပၚမွာ ေဝမ်ွသြားခဲ့ပါတယ္ ။ Benjamin Rohaizad Razilan Affendy အမည္႐ွိတဲ့အမ်ိဳးသားရဲ႕ သူငယ္ခ်င္းျဖစ္သူဟာ Ben အား ကားျဖင့္သူ႔အားလိုက္ပါပို႔ေဆာင္ေပးဖို႔ အကူအညီေတာင္းခံခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း သူငယ္ခ်င္းျဖစ္သူဟာ Passenger ခံုအနီးအနား ပတ္ပတ္လည္မွာ RM 50 တန္ ပိုက္ဆံအရြတ္ 30 ကို ခ်န္ထားခဲ့ပါတယ္ ။

Ben ဟာ ” ကြၽန္ေတာ့္သူငယ္ခ်င္းက ကားနဲ႔လိုက္ပို႔ေပးဖို႔ အကူအညီေတာင္းခဲ့တယ္ ။ သူ ကြၽန္ေတာ့္ကားေပၚက ဆင္းသြားခ်ိန္မွာေတာ့ ဓာတ္ဆီဖိုးအေနနဲ႔ ပိုက္ဆံခ်န္ထားေပးခဲ့ပံုရပါတယ္ ” ဆိုၿပီး ေရးသားခဲ့ပါတယ္ ။ အစပိုင္းမွာေတာ့ Ben ဟာ ေဆးခန္းတစ္ခုအနားကားရပ္လိုက္ၿပီး ေဆးသြားဆင္းယူခဲ့ပါတယ္ ။ ကားဆီျပန္ေရာက္ခဲ့ခ်ိန္မွာေတာ့ ကားေနရာအႏံွ့ ပိုက္ဆံေတြထိုးထည့္ထားတာကို ေတြ႔႐ွိခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း Ben ဟာ သူငယ္ခ်င္းျဖစ္သူက စေနာက္ေနတယ္လို႔သာ ထင္ေနခဲ့ေပမဲ့လည္း ၊ သူငယ္ခ်င္းျဖစ္သူက ပိုက္ဆံကိုလံုးဝျပန္မယူဘဲ ကားေပၚကေနဆင္းသြားခဲ့ပါတယ္ ။ သူငယ္ခ်င္းျဖစ္သူ ခ်န္ထားခဲ့တဲ့ပိုက္ဆံမွာ စုစုေပါင္း RM 1,500 ( ျမန္မာေငြ 5သိန္းေက်ာ္ ခန္႔) ႐ွိေၾကာင္း သိ႐ွိရပါတယ္ ။ Ben ရဲ႕ သူငယ္ခ်င္းျဖစ္သူဟာ ခ်မ္းသာႂကြယ္ဝသူတစ္ဦးျဖစ္ၿပီး Audi R8 ကားအပါအဝင္ ကားစုစုေပါင္း 4စီးခန္႔ပိုင္ဆိုင္ထားသူလည္း ျဖစ္ပါတယ္ ။ သို႔ေပမဲ့လည္း ကားေမာင္းရတာမ်ိဳးကို မႏွစ္သက္ပဲ Ben ၏ကားကိုသာ အျမဲလိုလို လိုက္စီးေနသူျဖစ္ပါတယ္ ။ ထို႔ေၾကာင့္ Ben ဟာ ခ်မ္းသာႂကြယ္ဝသူေတြဟာ ထူးဆန္းတဲ့စ႐ိုက္မ်ိဳးေတြ႐ွိၾကတယ္ ဆိုၿပီးေတာ့လည္း ေျပာဆိုသြားခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံက အသက် 27 နှစ်အရွယ်အမျိုးသားဟာ သူ၏သူငယ်ချင်းဖြစ်သူရဲ့ ကျေးဇူးတင်ကြောင်းဖော်ပြခဲ့တဲ့ အပြုအမှုပုံစံတွေကြောင့် အံ့သြခဲ့ရတဲ့အဖြစ်အပျက်မျိုးကို သူ၏ Twitter စာမျက်နှာပေါ်မှာ ဝေမျှသွားခဲ့ပါတယ် ။ Benjamin Rohaizad Razilan Affendy အမည်ရှိတဲ့အမျိုးသားရဲ့ သူငယ်ချင်းဖြစ်သူဟာ Ben အား ကားဖြင့်သူ့အားလိုက်ပါပို့ဆောင်ပေးဖို့ အကူအညီတောင်းခံခဲ့ပါတယ် ။ သို့ပေမဲ့လည်း သူငယ်ချင်းဖြစ်သူဟာ Passenger ခုံအနီးအနား ပတ်ပတ်လည်မှာ RM 50 တန် ပိုက်ဆံအရွတ် 30 ကို ချန်ထားခဲ့ပါတယ် ။

Ben ဟာ ” ကျွန်တော့်သူငယ်ချင်းက ကားနဲ့လိုက်ပို့ပေးဖို့ အကူအညီတောင်းခဲ့တယ် ။ သူ ကျွန်တော့်ကားပေါ်က ဆင်းသွားချိန်မှာတော့ ဓာတ်ဆီဖိုးအနေနဲ့ ပိုက်ဆံချန်ထားပေးခဲ့ပုံရပါတယ် ” ဆိုပြီး ရေးသားခဲ့ပါတယ် ။ အစပိုင်းမှာတော့ Ben ဟာ ဆေးခန်းတစ်ခုအနားကားရပ်လိုက်ပြီး ဆေးသွားဆင်းယူခဲ့ပါတယ် ။ ကားဆီပြန်ရောက်ခဲ့ချိန်မှာတော့ ကားနေရာအနံှ့ ပိုက်ဆံတွေထိုးထည့်ထားတာကို တွေ့ရှိခဲ့ပါတယ် ။

သို့ပေမဲ့လည်း Ben ဟာ သူငယ်ချင်းဖြစ်သူက စနောက်နေတယ်လို့သာ ထင်နေခဲ့ပေမဲ့လည်း ၊ သူငယ်ချင်းဖြစ်သူက ပိုက်ဆံကိုလုံးဝပြန်မယူဘဲ ကားပေါ်ကနေဆင်းသွားခဲ့ပါတယ် ။ သူငယ်ချင်းဖြစ်သူ ချန်ထားခဲ့တဲ့ပိုက်ဆံမှာ စုစုပေါင်း RM 1,500 ( မြန်မာငွေ 5သိန်းကျော် ခန့်) ရှိကြောင်း သိရှိရပါတယ် ။ Ben ရဲ့ သူငယ်ချင်းဖြစ်သူဟာ ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်ပြီး Audi R8 ကားအပါအဝင် ကားစုစုပေါင်း 4စီးခန့်ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ် ။ သို့ပေမဲ့လည်း ကားမောင်းရတာမျိုးကို မနှစ်သက်ပဲ Ben ၏ကားကိုသာ အမြဲလိုလို လိုက်စီးနေသူဖြစ်ပါတယ် ။ ထို့ကြောင့် Ben ဟာ ချမ်းသာကြွယ်ဝသူတွေဟာ ထူးဆန်းတဲ့စရိုက်မျိုးတွေရှိကြတယ် ဆိုပြီးတော့လည်း ပြောဆိုသွားခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment