ေၾကာင္ကို ကယ္တင္ႏိုင္ဖို႔ 7ႏွစ္အရြယ္ေျမးျဖစ္သူကို တိုက္ခန္းရဲ႕5လႊာကေနတြဲေလာင္ခ်ည္ၿပီး ဆင္ကယ္ခိုင္းခဲ့တဲ့ အဘြား(႐ုပ္သံ)

ဒီတစ္ေခါက္ေဖာ္ျပမဲ့ အမ်ိဳးသမီးကေတာ့ သူမရဲ႕ေၾကာင္ေလးကို ေတာ္ေတာ္ခ်စ္ပံုရၿပီး ေၾကာင္ေလးကို ကယ္တင္ႏိုင္ဖို႔ ဘာပဲလုပ္ရလုပ္ရ လုပ္ေနခဲ့ပံုပါပဲ ။ ဒီအျဖစ္အပ်က္ကေတာ့ တ႐ုတ္ႏိုင္ငံ Nanchong ၿမိဳ႕မွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး တိုက္တန္းရဲ႕ 5လႊာမွာ ေနထိုင္တဲ့အမ်ိဳးသမီးဟာ သူမရဲ႕ခ်စ္လွစြာေသာ အိမ္ေမြးေၾကာင္ေလးက သူမတို႔တိုက္ခန္းရဲ႕ေအာက္ဖက္ ဝရံတာေလးမွာခံေနခဲ့တဲ့အတြက္ သူမရဲ႕ေၾကာင္ေလးကိုကယ္တင္ႏိုင္ဖို႔ သူမရဲ႕ 7ႏွစ္အရြယ္ေျမးေလးကို ေအာက္ဖက္ဝရံတာသို႔ႀကိဳးေတြနဲ႔ တြဲေလာင္ခ်ည္ထားၿပီး ေၾကာင္ေလးကိုဆင္ကယ္ခိုင္းခဲ့ပါတယ္ ။

Video ထဲမွာေတာ့ အဆိုပါအျဖစ္အပ်က္တစ္ခုလံုးကိုျမင္ေတြ႔ခဲ့တဲ့ မ်က္ျမင္သက္ေသမ်ားက အဆိုပါအမ်ိဳးသမီးကို ရပ္လိုက္ဖို႔ တားျမစ္ခဲ့ၾကေပမဲ့လည္း သူမဟာ လံုးဝကိုဂ႐ုမစိုက္ခဲ့ပါဘူး ။ Video ထဲမွာျမင္ေတြ႔ရတဲ့အတိုင္း ကေလးငယ္ဟာ ေအာက္ဖက္ဝရံတာသို႔ႀကိဳးတြဲေလာင္းႏွင့္ ဆင္းလာခဲ့ၿပီးေနာက္ ေၾကာင္ေလးကိုအိတ္ထဲသို႔ ဖမ္းထည့္လိုက္ၿပီးေနာက္ ၊ 5လႊာသို႔ အႏၱရာယ္ကင္းစြာျပန္ၿပီး တက္ႏိုင္ခဲ့ပါတယ္ ။

ေၾကာင္ေတြကို ဘယ္ေလာက္ပဲ အ႐ူးအမူးခ်စ္တယ္ဆိုပါေစအံုး ၊ ေၾကာင္ေလးေတြဟာ သူတို႔ရဲ႕သဘာဝအရ အသက္အႏၱရာယ္ကေန အလြယ္တကူတိမ္းေ႐ွာင္ႏိုင္တဲ့ တိရစာၦန္မ်ိဳးျဖစ္တဲ့အတြက္ ကိုယ္ခ်စ္တဲ့အေကာင္ေလးေတြကို ကယ္တင္ႏိုင္ဖို႔ ဒီလိုတစ္ပါးသူ အသက္အႏၱရာယ္ျဖစ္ေစတဲ့ အလုပ္မ်ိဳးကိုေတာ့ မလုပ္သင့္ေၾကာင္း လူအမ်ားကေဝဖန္ေျပာဆိုခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီတစ်ခေါက်ဖော်ပြမဲ့ အမျိုးသမီးကတော့ သူမရဲ့ကြောင်လေးကို တော်တော်ချစ်ပုံရပြီး ကြောင်လေးကို ကယ်တင်နိုင်ဖို့ ဘာပဲလုပ်ရလုပ်ရ လုပ်နေခဲ့ပုံပါပဲ ။ ဒီအဖြစ်အပျက်ကတော့ တရုတ်နိုင်ငံ Nanchong မြို့မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး တိုက်တန်းရဲ့ 5လွှာမှာ နေထိုင်တဲ့အမျိုးသမီးဟာ သူမရဲ့ချစ်လှစွာသော အိမ်မွေးကြောင်လေးက သူမတို့တိုက်ခန်းရဲ့အောက်ဖက် ဝရံတာလေးမှာခံနေခဲ့တဲ့အတွက် သူမရဲ့ကြောင်လေးကိုကယ်တင်နိုင်ဖို့ သူမရဲ့ 7နှစ်အရွယ်မြေးလေးကို အောက်ဖက်ဝရံတာသို့ကြိုးတွေနဲ့ တွဲလောင်ချည်ထားပြီး ကြောင်လေးကိုဆင်ကယ်ခိုင်းခဲ့ပါတယ် ။

Video ထဲမှာတော့ အဆိုပါအဖြစ်အပျက်တစ်ခုလုံးကိုမြင်တွေ့ခဲ့တဲ့ မျက်မြင်သက်သေများက အဆိုပါအမျိုးသမီးကို ရပ်လိုက်ဖို့ တားမြစ်ခဲ့ကြပေမဲ့လည်း သူမဟာ လုံးဝကိုဂရုမစိုက်ခဲ့ပါဘူး ။ Video ထဲမှာမြင်တွေ့ရတဲ့အတိုင်း ကလေးငယ်ဟာ အောက်ဖက်ဝရံတာသို့ကြိုးတွဲလောင်းနှင့် ဆင်းလာခဲ့ပြီးနောက် ကြောင်လေးကိုအိတ်ထဲသို့ ဖမ်းထည့်လိုက်ပြီးနောက် ၊ 5လွှာသို့ အန္တရာယ်ကင်းစွာပြန်ပြီး တက်နိုင်ခဲ့ပါတယ် ။

ကြောင်တွေကို ဘယ်လောက်ပဲ အရူးအမူးချစ်တယ်ဆိုပါစေအုံး ၊ ကြောင်လေးတွေဟာ သူတို့ရဲ့သဘာဝအရ အသက်အန္တရာယ်ကနေ အလွယ်တကူတိမ်းရှောင်နိုင်တဲ့ တိရစ္ဆာန်မျိုးဖြစ်တဲ့အတွက် ကိုယ်ချစ်တဲ့အကောင်လေးတွေကို ကယ်တင်နိုင်ဖို့ ဒီလိုတစ်ပါးသူ အသက်အန္တရာယ်ဖြစ်စေတဲ့ အလုပ်မျိုးကိုတော့ မလုပ်သင့်ကြောင်း လူအများကဝေဖန်ပြောဆိုခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment