ယံုၾကည္ရတဲ့ အိမ္နီးခ်င္းကသာ ဓားနဲ႔အႀကိမ္ႀကိမ္ထိုးၿပီး ဓားျပတိုက္တာကိုခံခဲ့ရတဲ့ ေက်ာင္းဆရာမရဲ႕အျဖစ္

ျဖစ္စဥ္ကေတာ့ မေလး႐ွားႏိုင္ငံမွာေနထိုင္တဲ့ အသက္ 20 အရြယ္ ယာယီေက်ာင္းဆရာမတစ္ဦးဟာ ၿပီးခဲ့တဲ့ January 8 ရက္ေန႔ ည 11 နာရီအခ်ိန္မွာ သူမရဲ႕တိုက္တန္းမွာ႐ွိတဲ့ ဓာတ္ေလွကားတစ္ခုမွာ သူမရဲ႕အရင္အိမ္နီးခ်င္းအမ်ိဳးသားႏွင့္ ေတြ႔ဆံုခဲ့ပါတယ္ ။ သတင္းအရ အဆိုပါဓားျပအမ်ိဳးသားဟာ ဆရာမအေနာက္ကေနလိုက္လာခဲ့ၿပီး ဓာတ္ေလွကားအတူတူစီးခဲ့ၾကပါတယ္ ။ အစပိုင္းမွာေတာ့ ရင္းႏွီးကြၽမ္းဝင္ေနတဲ့သူေတြျဖစ္ေနတဲ့အတြက္ သူမက သတိမထားမိခဲ့ပါဘူး ။ သို႔ေပမဲ့လည္း ဓာတ္ေလွကားတံခါးပိတ္တာနဲ႔ခ်က္ခ်င္း အဆိုပါအမ်ိဳးသားကသူမကို တင္းက်ပ္စြာေပြ႔ဖက္ၿပီး စတင္တိုက္ခိုက္ခဲ့ပါေတာ့တယ္ ။ ဓာတ္ေလွကားတံခါးျပန္ပြင့္လာခဲ့ေပမဲ့လည္း အဆိုပါအမ်ိဳးသားက တံခါးကို ျပန္ပိတ္ၿပီး သူမကိုေျမညီထပ္သို႔ျပန္ေခၚဆင္းသြားခဲ့ပါတယ္ ။

သူမကေအာ္ဟစ္ၿပီးအကူအညီေတာင္းခံခဲ့တဲ့အတြက္ အဆိုပါအမ်ိဳးသားက သူမရဲ႕ပါးစပ္ကိုလွမ္းပိတ္ၿပီး ေအာ္ရင္သတ္ပစ္မယ္ဆိုၿပီး ခ်ိန္းေျခာက္ပစ္ခဲ့ပါေတာ့တယ္ ။ ထို႔ေၾကာင့္ သူမကလည္း အသက္ခ်မ္းသာေပးဖို႔ေတာင္းပန္ခဲ့ၿပီး ပါလာသမ်ွပိုက္ဆံအကုန္ေပးပစ္ခဲ့ပါေတာ့တယ္ ။ အဆိုပါအမ်ိဳးသားက သူမရဲ႕ပိုက္ဆံအိတ္ကိုလုယူၿပီး ထြက္ေျပးတိမ္းေ႐ွာင္သြားခဲ့ပါတယ္ ။ သူမရဲ႕တိုက္ခန္းအထိ ရေအာင္ျပန္သြားခဲ့ၿပီးေနာက္ ဒူးေထာက္လ်က္ျဖင့္သူမရဲ႕မိခင္ကို အကူအညီေတာင္းခံခဲ့ရပါတယ္ ။

သူမရဲ႕ေက်ာဖက္မွာ ဓားထိုးဒဏ္ရာ 9ႀကိမ္ရ႐ွိခဲ့ၿပီး သူမရဲ႕အဆုတ္ေတြဟာလည္း ဓားဒဏ္ရာေၾကာင့္ ဘတ္တီးရီးယားေရာဂါပိုးကူးစက္ခံေနရေၾကာင္းလည္း သိ႐ွိရပါတယ္ ။ ရဲမ်ားက အဆိုပါဓားျပကို ဖမ္းဆီးထိန္းသိမ္းႏိုင္ခဲ့ၿပီး အဆိုပါဓားျပဟာ မူးယစ္ေဆးစြဲေနသူျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဖြစ်စဉ်ကတော့ မလေးရှားနိုင်ငံမှာနေထိုင်တဲ့ အသက် 20 အရွယ် ယာယီကျောင်းဆရာမတစ်ဦးဟာ ပြီးခဲ့တဲ့ January 8 ရက်နေ့ ည 11 နာရီအချိန်မှာ သူမရဲ့တိုက်တန်းမှာရှိတဲ့ ဓာတ်လှေကားတစ်ခုမှာ သူမရဲ့အရင်အိမ်နီးချင်းအမျိုးသားနှင့် တွေ့ဆုံခဲ့ပါတယ် ။ သတင်းအရ အဆိုပါဓားပြအမျိုးသားဟာ ဆရာမအနောက်ကနေလိုက်လာခဲ့ပြီး ဓာတ်လှေကားအတူတူစီးခဲ့ကြပါတယ် ။ အစပိုင်းမှာတော့ ရင်းနှီးကျွမ်းဝင်နေတဲ့သူတွေဖြစ်နေတဲ့အတွက် သူမက သတိမထားမိခဲ့ပါဘူး ။ သို့ပေမဲ့လည်း ဓာတ်လှေကားတံခါးပိတ်တာနဲ့ချက်ချင်း အဆိုပါအမျိုးသားကသူမကို တင်းကျပ်စွာပွေ့ဖက်ပြီး စတင်တိုက်ခိုက်ခဲ့ပါတော့တယ် ။ ဓာတ်လှေကားတံခါးပြန်ပွင့်လာခဲ့ပေမဲ့လည်း အဆိုပါအမျိုးသားက တံခါးကို ပြန်ပိတ်ပြီး သူမကိုမြေညီထပ်သို့ပြန်ခေါ်ဆင်းသွားခဲ့ပါတယ် ။

သူမကအော်ဟစ်ပြီးအကူအညီတောင်းခံခဲ့တဲ့အတွက် အဆိုပါအမျိုးသားက သူမရဲ့ပါးစပ်ကိုလှမ်းပိတ်ပြီး အော်ရင်သတ်ပစ်မယ်ဆိုပြီး ချိန်းခြောက်ပစ်ခဲ့ပါတော့တယ် ။ ထို့ကြောင့် သူမကလည်း အသက်ချမ်းသာပေးဖို့တောင်းပန်ခဲ့ပြီး ပါလာသမျှပိုက်ဆံအကုန်ပေးပစ်ခဲ့ပါတော့တယ် ။ အဆိုပါအမျိုးသားက သူမရဲ့ပိုက်ဆံအိတ်ကိုလုယူပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ် ။ သူမရဲ့တိုက်ခန်းအထိ ရအောင်ပြန်သွားခဲ့ပြီးနောက် ဒူးထောက်လျက်ဖြင့်သူမရဲ့မိခင်ကို အကူအညီတောင်းခံခဲ့ရပါတယ် ။

သူမရဲ့ကျောဖက်မှာ ဓားထိုးဒဏ်ရာ 9ကြိမ်ရရှိခဲ့ပြီး သူမရဲ့အဆုတ်တွေဟာလည်း ဓားဒဏ်ရာကြောင့် ဘတ်တီးရီးယားရောဂါပိုးကူးစက်ခံနေရကြောင်းလည်း သိရှိရပါတယ် ။ ရဲများက အဆိုပါဓားပြကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး အဆိုပါဓားပြဟာ မူးယစ်ဆေးစွဲနေသူဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment