ကားပါကင်ထိုးရင်း အရှိန်လွန်သွားခဲ့တဲ့အမျိုးသားရဲ့ မထင်မှတ်ထားတဲ့အဖြစ် (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအဖြစ်အပျက်ကို We are Malaysians ဆိုတဲ့ Facebook စာမျက်နှာက ဝေမျှသွားခဲ့တာဖြစ်ပြီး Myvi ကားအဖြူ တစ်စီးဟာ မလေးရှားနိုင်ငံ ၊ Kuala Lumpur မြို့မှာရှိတဲ့ The Taste အမည်ရှိတဲ့ စားသောက်ဆိုင်ထဲကို အရှိန်မထိန်းနိုင်ဘဲ ဆိုင်အတွင်းထဲအထိ ဝင်တိုက်သွားခဲ့မှု ဖြစ်ပွားခဲ့ပါတယ် ။ ကားမောင်းသူမှာတော့ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ အမျိုးသားတစ်ယောက်ဖြစ်ပြီး Video ကိုတော့ အဆိုပါယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှ ရိုက်ယူထားခဲ့တာလည်း ဖြစ်ပါတယ် ။

ကားမှာ ဆိုင်းအတွင်းထဲသို့အရှိန်နဲ့ ဝင်ရောက်တိုက်ပစ်ခဲ့ပေမဲ့လည်း ကံကောင်းစွာဖြင့်မည်သူ တစ်ဦးတစ်ယောက်ကမှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမျိုးမရှိကြောင်း သိရှိရပါတယ် ။ အဆိုပါ video ဟာ social media ပေါ်ပြန်လည်ဝေမျှသူ အများအပြားရှိခဲ့ပြီး ၊ လူအများစုကတော့ ယာဉ်မောင်အမျိုးသားကို အားပေးစကားများပြောဆိုခဲ့ပါတယ် ။

ယာဉ်မောင်းအမျိုးသားမှာ သတ်သတ်မတ်စားသောက်ဆိုင်ကို ဝင်တိုက်ခဲ့တာ မဟုတ်ကြောင်း နှင့် လျှော်ကြေးငွေအကုန်လုံး ပေးဆပ်သွားမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ် ။ ဒါကြောင့် မကျွမ်းကျင်သေးဘဲ ယာဉ်ကိုမောင်းနှင်မယ် ၊ ပါကင်ထိုးမယ်ဆိုရင် ကြုံတွေ့ရတတ်တဲ့အဖြစ်မျိုးဖြစ်တဲ့အတွက် လူတိုင်သတိရှိကြဖို့ မျှော်လင့်မိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment