အသက္မဲ့ေနတဲ့ ေခြးေလးကို ကားနဲ႔တရြတ္တိုက္ဆြဲေခၚသြားၾကတဲ့ လူေတြရဲ႕ လုပ္ရပ္

ဒီအျဖစ္အပ်က္ကေတာ့ မေလး႐ွားႏိုင္ငံမွာ ျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္ ။ တစ္ခ်ိဳ႕ေသာသူေတြဆိုရင္ မေတာ္တဆေခြးေတြကို ကားနဲ႔တိုက္မိတယ္ဆိုရင္ေတာင္မွ ကားေပၚကေနေတာင္ ေခြးေလးရဲ႕အေျခအေနကိုဆင္းမၾကည့္ၾကပါဘူး ။ တစ္ခ်ိဳ႕ေသာသူေတြကေတာ့ ေခြးေလးေတြကို ကားနားခ်ည္ေႏွာင္ထားၿပီး ကားနဲ႔တရြတ္တိုက္ဆြဲေခၚသြားတာမ်ိဳးေတြျပဳလုပ္တတ္ၾကၿပီး အဆိုပါအျဖစ္အပ်က္မ်ိဳးဟာ မေလး႐ွားႏိုင္ငံ ၊ Sabah ျပည္နယ္မွာ အျဖစ္မ်ားေလ့႐ွိပါတယ္ ။ အဆိုပါအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ January 11 ရက္ေန႔က ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ညေန 4နာရီအခ်ိန္ခန္႔မွာ ကားနံပတ္ SS2602V နဲ႔ Truck ကားတစ္စီးက ေခြးတစ္ေကာင္ကို ႀကိဳးနဲ႔ခ်ည္ၿပီး တရြတ္တိုက္ဆြဲေခၚသြားတာကို Malaysia Animal Association အမည္နဲ႔ Facebook စာမ်က္ႏွာ တစ္ခုကေဖာ္ျပသြားခဲ့တာပါ ။

ေခြးေလးဟာ ေသဆံုးႏွင့္ေနၿပီးသားဆိုေပမဲ့လည္း ယခုကဲ့သို႔ လုပ္ရပ္မ်ိဳးကိုေတာ့ မျပဳလုပ္သင့္ေၾကာင္း ေျပာဆိုထားပါေသးတယ္ ။ တစ္ခ်ိဳ႕ေသာသူေတြကေတာ့ မည္သို႔ေသာစိတ္ခံစားခ်က္မ်ိဳးေတြ႐ွိလဲဆိုတာကိုေတာ့ မသိရေပမဲ့လည္း ယခုကိုအျပစ္မဲ့တဲ့ တိရစာၦန္ေတြကို ႏွိပ္စက္ၿပီး စိတ္ထြက္ေပါက္႐ွာတာမ်ိဳးမျပဳလုပ္သင့္ေၾကာင္းလည္း ေဖာ္ျပထားပါေသးတယ္ ။

သို႔ေပမဲ့လည္း အဆိုပါကားနံပတ္နဲ႔အတူ တိုင္ၾကားခ်က္မ်ားကို ရဲအရာ႐ွိေတြက လက္ခံရ႐ွိၿပီးၿပီဆိုတဲ့အတြက္ေၾကာင့္ ေခြးေလးကိုတရြတ္တိုက္ဆြဲေခၚသြားသူမွာေတာ့ သူႏွင့္ထိုက္တန္တဲ့ျပစ္ဒဏ္မ်ိဳး မၾကာခင္မွာ ရင္ဆိုင္ရေတာ့မည္ျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအဖြစ်အပျက်ကတော့ မလေးရှားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ် ။ တစ်ချို့သောသူတွေဆိုရင် မတော်တဆခွေးတွေကို ကားနဲ့တိုက်မိတယ်ဆိုရင်တောင်မှ ကားပေါ်ကနေတောင် ခွေးလေးရဲ့အခြေအနေကိုဆင်းမကြည့်ကြပါဘူး ။ တစ်ချို့သောသူတွေကတော့ ခွေးလေးတွေကို ကားနားချည်နှောင်ထားပြီး ကားနဲ့တရွတ်တိုက်ဆွဲခေါ်သွားတာမျိုးတွေပြုလုပ်တတ်ကြပြီး အဆိုပါအဖြစ်အပျက်မျိုးဟာ မလေးရှားနိုင်ငံ ၊ Sabah ပြည်နယ်မှာ အဖြစ်များလေ့ရှိပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ January 11 ရက်နေ့က ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ညနေ 4နာရီအချိန်ခန့်မှာ ကားနံပတ် SS2602V နဲ့ Truck ကားတစ်စီးက ခွေးတစ်ကောင်ကို ကြိုးနဲ့ချည်ပြီး တရွတ်တိုက်ဆွဲခေါ်သွားတာကို Malaysia Animal Association အမည်နဲ့ Facebook စာမျက်နှာ တစ်ခုကဖော်ပြသွားခဲ့တာပါ ။

ခွေးလေးဟာ သေဆုံးနှင့်နေပြီးသားဆိုပေမဲ့လည်း ယခုကဲ့သို့ လုပ်ရပ်မျိုးကိုတော့ မပြုလုပ်သင့်ကြောင်း ပြောဆိုထားပါသေးတယ် ။ တစ်ချို့သောသူတွေကတော့ မည်သို့သောစိတ်ခံစားချက်မျိုးတွေရှိလဲဆိုတာကိုတော့ မသိရပေမဲ့လည်း ယခုကိုအပြစ်မဲ့တဲ့ တိရစ္ဆာန်တွေကို နှိပ်စက်ပြီး စိတ်ထွက်ပေါက်ရှာတာမျိုးမပြုလုပ်သင့်ကြောင်းလည်း ဖော်ပြထားပါသေးတယ် ။

သို့ပေမဲ့လည်း အဆိုပါကားနံပတ်နဲ့အတူ တိုင်ကြားချက်များကို ရဲအရာရှိတွေက လက်ခံရရှိပြီးပြီဆိုတဲ့အတွက်ကြောင့် ခွေးလေးကိုတရွတ်တိုက်ဆွဲခေါ်သွားသူမှာတော့ သူနှင့်ထိုက်တန်တဲ့ပြစ်ဒဏ်မျိုး မကြာခင်မှာ ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment