ကိုယ္ဝန္ေဆာင္ထားရၿပီျဖစ္တဲ့ခ်စ္သူႏွင့္ လက္ထပ္ေတာ့မည္ျဖစ္ေၾကာင္း ေၾကညာလိုက္တဲ့ Exo အဖြဲ႔ဝင္ Chen

SM Entertainment ကေတာ့ Exo အဖြဲ႔ဝင္ျဖစ္တဲ့ Chen ဟာ လက္ထပ္ေတာ့မည္ျဖစ္ေၾကာင္း တရားဝင္ေၾကညာလိုက္ပါၿပီ ။ ေၾကညာခ်က္မွာေတာ့ ” မဂၤလာပါ SM Entertainment ကပါ ။ Chen က သူျမတ္ႏိုးတန္ဖိုးထားရတဲ့ သူမ်ိဳးနဲ႔ေတြ႔ဆံုသြားခဲ့ၿပီးေနာက္ လက္ထပ္ပြဲက်င္းပေတာ့မွာ ျဖစ္ပါတယ္ ။ သတို႔သမီးကေတာ့ အႏုပညာအသိုင္းအဝိုင္းကမဟုတ္ပါဘူး ။ ၿပီးေတာ့ မဂၤလာပြဲကိုလည္း မိသားစုဝင္ေတြနဲ႔ပဲ သီးသန္႔က်င္းပသြားမွာပါ ။ သူတို႔မိသားစုေတြရဲ႕ ခံယူခ်က္ေတြကို ေလးစားတဲ့အေနနဲ႔ မဂၤလာပြဲကို သီးသန္႔က်င္းပသြားမွာျဖစ္တဲ့အတြက္ ပရိသတ္ေတြနဲ႔ သတင္းေထာက္ေတြက နားလည္ေပးၾကဖို႔ ကြၽန္ေတာ္တို႔ေတာင္းဆိုလိုက္ရပါတယ္ ။ Chen ကေတာ့ အႏုပညာ႐ွင္တစ္ေယာက္အေနနဲ႔ ဆက္လက္ၿပီး အလုပ္လုပ္ကိုင္သြားမွာပါ ။ Chen ကိုလည္း ဝမ္းသာေၾကာင္း အားေပးစကားေလးေတြေပးပို႔ၾကဖို႔ ေတာင္းဆိုလိုက္ရပါတယ္ ” ဆိုၿပီး ေၾကညာသြားခဲ့ပါတယ္ ။

Chen ရဲ႕ခ်စ္သူမွာ ကိုယ္ဝန္ေဆာင္ထားရၿပီျဖစ္ေၾကာင္းလည္း SM Entertainment ကအတည္ျပဳေပးခဲ့ပါတယ္ ။ ထို႔အျပင္ သူမက အႏုပညာအတိုင္းအဝိုင္းက မဟုတ္တဲ့အတြက္ သူမကိုယ္ဝန္ ဘယ္ႏွစ္လ႐ွိေနၿပီးလဲ စတဲ့အေသးစိတ္အခ်က္အလက္ေတြကို ထုတ္ျပန္ေၾကညာလို႔မရေၾကာင္း SM Entertainment က႐ွင္းျပသြားခဲ့ပါတယ္ ။

ထို႔အျပင္ Chen ကလည္း သူ႔ရဲ႕ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္းနဲ႔ ဝန္ခံေျပာျပခ်င္လို႔ သူကိုယ္တိုင္ လက္ေရးစာႏွင့္ ေျပာျပသြားခဲ့ပါေသးတယ္ ။ Chen ရဲ႕စာသားထဲမွာေတာ့ သူ၏ Exo အဖြဲ႔ဝင္မ်ားႏွင့္ ကုမၸဏီ႐ွိတာဝန္႐ွိသူမ်ားႏွင့္ ေသခ်ာေဆြးေႏြးၿပီးဆံုးျဖတ္ခဲ့တာျဖစ္ေၾကာင္း ႐ွင္းျပသြားခဲ့ပါတယ္ ။ Exo အဖြဲ႔ဝင္မ်ားကလည္း သူ႔အတြက္ စိတ္ရင္းအမွန္းနဲ႔ ဝမ္းေျမာက္စကားေျပာဆိုေပးၾကတဲ့အတြက္ ေက်းဇူးတင္ေၾကာင္း ႏွင့္ သူ႔ရဲ႕ခ်စ္ရတဲ့ ပရိသတ္ေတြကလည္း နားလည္ေပးၾကလို႔ ေက်းဇူးတင္ေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္ ။ ဘယ္လိုပဲျဖစ္ျဖစ္ Congratulations ပါ Chen ေရ…

Jasmine (Mckzone Daily)

Source:ILovekstars

Unicode

SM Entertainment ကတော့ Exo အဖွဲ့ဝင်ဖြစ်တဲ့ Chen ဟာ လက်ထပ်တော့မည်ဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါပြီ ။ ကြေညာချက်မှာတော့ ” မင်္ဂလာပါ SM Entertainment ကပါ ။ Chen က သူမြတ်နိုးတန်ဖိုးထားရတဲ့ သူမျိုးနဲ့တွေ့ဆုံသွားခဲ့ပြီးနောက် လက်ထပ်ပွဲကျင်းပတော့မှာ ဖြစ်ပါတယ် ။ သတို့သမီးကတော့ အနုပညာအသိုင်းအဝိုင်းကမဟုတ်ပါဘူး ။ ပြီးတော့ မင်္ဂလာပွဲကိုလည်း မိသားစုဝင်တွေနဲ့ပဲ သီးသန့်ကျင်းပသွားမှာပါ ။ သူတို့မိသားစုတွေရဲ့ ခံယူချက်တွေကို လေးစားတဲ့အနေနဲ့ မင်္ဂလာပွဲကို သီးသန့်ကျင်းပသွားမှာဖြစ်တဲ့အတွက် ပရိသတ်တွေနဲ့ သတင်းထောက်တွေက နားလည်ပေးကြဖို့ ကျွန်တော်တို့တောင်းဆိုလိုက်ရပါတယ် ။ Chen ကတော့ အနုပညာရှင်တစ်ယောက်အနေနဲ့ ဆက်လက်ပြီး အလုပ်လုပ်ကိုင်သွားမှာပါ ။ Chen ကိုလည်း ဝမ်းသာကြောင်း အားပေးစကားလေးတွေပေးပို့ကြဖို့ တောင်းဆိုလိုက်ရပါတယ် ” ဆိုပြီး ကြေညာသွားခဲ့ပါတယ် ။

Chen ရဲ့ချစ်သူမှာ ကိုယ်ဝန်ဆောင်ထားရပြီဖြစ်ကြောင်းလည်း SM Entertainment ကအတည်ပြုပေးခဲ့ပါတယ် ။ ထို့အပြင် သူမက အနုပညာအတိုင်းအဝိုင်းက မဟုတ်တဲ့အတွက် သူမကိုယ်ဝန် ဘယ်နှစ်လရှိနေပြီးလဲ စတဲ့အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ကြေညာလို့မရကြောင်း SM Entertainment ကရှင်းပြသွားခဲ့ပါတယ် ။

ထို့အပြင် Chen ကလည်း သူ့ရဲ့ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ ဝန်ခံပြောပြချင်လို့ သူကိုယ်တိုင် လက်ရေးစာနှင့် ပြောပြသွားခဲ့ပါသေးတယ် ။ Chen ရဲ့စာသားထဲမှာတော့ သူ၏ Exo အဖွဲ့ဝင်များနှင့် ကုမ္ပဏီရှိတာဝန်ရှိသူများနှင့် သေချာဆွေးနွေးပြီးဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ရှင်းပြသွားခဲ့ပါတယ် ။ Exo အဖွဲ့ဝင်များကလည်း သူ့အတွက် စိတ်ရင်းအမှန်းနဲ့ ဝမ်းမြောက်စကားပြောဆိုပေးကြတဲ့အတွက် ကျေးဇူးတင်ကြောင်း နှင့် သူ့ရဲ့ချစ်ရတဲ့ ပရိသတ်တွေကလည်း နားလည်ပေးကြလို့ ကျေးဇူးတင်ကြောင်း ပြောဆိုသွားခဲ့ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် Congratulations ပါ Chen ရေ…

Jasmine (Mckzone Daily)

  • Leave a Comment