အိမ္႐ွင္ေတြရဲ႕ ပိုက္ဆံကိုအႀကိမ္ႀကိမ္ခိုးခဲ့တဲ့အျပင္ ညစ္ပတ္ေပေရေနတဲ့ထမင္း၊ဟင္းေတြကို ခ်က္ေကြၽးခဲ့တဲ့ အိမ္ေဖာ္ရဲ႕လုပ္ရပ္

စင္ကာပူႏိုင္ငံသို႔ အိမ္ေဖာ္တစ္ေယာက္အေနနဲ႔ အလုပ္လာေရာက္လာကိုင္ခဲ့တဲ့ အင္ဒိုနီး႐ွားႏိုင္ငံက အမ်ိဳးသမီးတစ္ေယာက္ရဲ႕လုပ္ရပ္ဟာ အေတာ္ေလးကိုစက္ဆုပ္ရြံ႐ွာဖို႔ ေကာင္းလြန္းလွပါတယ္ ။ Diana အမည္႐ွိတဲ့ အဆိုပါမိန္းကေလးဟာ သူမရဲ႕ တံေတြး ၊ က်င္ငယ္ရည္ နဲ႔ ရာသီေသြးတို႔ကို ေသာက္ေရ ၊ ထမင္း ၊ ဟင္းေတြထဲ ထည့္ခ်က္ၿပီး အိမ္႐ွင္ေတြမွာေတာ့ အစားအေသာက္ေတြထဲပါလာတဲ့ အစြန္းအထင္းလို႔သာ အစပိုင္းကထင္ခဲ့ၾကပါတယ္ ။ Diana ရဲ႕ျပစ္မႈ ႏွစ္ခုဟာ အေတာ္ေလးထင္႐ွားခဲ့ၿပီး အျခားျပစ္မႈတစ္ခုမွာေတာ့ အိမ္႐ွင္ထံကေန ေငြခိုးယူခဲ့တဲ့ျပစ္မႈပါ ။ သူမယခုလို အစားအေသာက္ေတြထဲ အညစ္အေၾကးထည့္ခ်က္ရတာက အဆိုပါအစားအစာေတြကို စားေသာက္ၿပီးေနာက္ အိမ္႐ွင္ေတြက သူမေျပာသမ်ွကိုလိုက္နာၿပီး သူမကိုဆူပူဆဲဆိုမႈ သိပ္မ႐ွိဘူးလို႔ ယံုၾကည္ၿပီးျပဳလုပ္ခဲ့တာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။

အဆိုပါ အသက္ 30 အရြယ္႐ွိေနၿပီျဖစ္တဲ့ Diana ဟာ 2017 ခုႏွစ္က အလုပ္စဝင္ခဲ့တာျဖစ္ၿပီး 2ႏွစ္ခန္႔အလုပ္ဝင္ၿပီးေနာက္မွ သူမရဲ႕က်င္ငယ္ရည္ ၊ တံေတြး ႏွင့္ ရာသီေသြးတို႔ကို အစားအေသာက္ေတြထဲ ထည့္ခ်က္ခဲ့တာျဖစ္ပါတယ္ ။ ထို႔အျပင္ သူမဟာ အိမ္႐ွင္ထံမွ ေငြေတြကို 5ႀကိမ္ခန္႔ခိုးခဲ့ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

အိမ္႐ွင္အမ်ိဳးသမီးမွာေတာ့ သူမေငြေတြေပ်ာက္ဆံုးသြားလို႔ ရဲကိုတိုင္ၾကားရင္းနဲ႔ အဆိုပါအိမ္ေဖာ္ရဲ႕လုပ္ရပ္မ်ိဳးကို ႐ွာေဖြေတြ႔႐ွိခဲ့တာပဲ ျဖစ္ပါတယ္ ။ Diana ဟာ သူမရဲ႕ျပစ္မႈအတြက္ ေထာင္ဒဏ္ 6လႏွင့္7ပတ္ခ်မွတ္ခံခဲ့ရၿပီး သူမရဲ႕လုပ္ရပ္အတြက္လည္း အေတာ္ေလးေနာင္တရမိေၾကာင္း အိမ္႐ွင္ေတြကိုတကယ့္စိတ္ရင္းနဲ႔ ေတာင္းပန္ေၾကာင္းေျပာဆိုခဲ့ပါေသးတယ္ ။ ထို႔အျပင္ သူမဟာ အင္ဒိုနီး႐ွာႏိုင္ငံမွာက်န္ရစ္ခဲ့တဲ့ မိသားစုဝင္ေတြရဲ႕ေငြေၾကးအခက္အခဲေၾကာင့္ ပိုက္ဆံခိုးယူခဲ့မိတာျဖစ္ေၾကာင္းလည္း ေျပာဆိုခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

စင်ကာပူနိုင်ငံသို့ အိမ်ဖော်တစ်ယောက်အနေနဲ့ အလုပ်လာရောက်လာကိုင်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံက အမျိုးသမီးတစ်ယောက်ရဲ့လုပ်ရပ်ဟာ အတော်လေးကိုစက်ဆုပ်ရွံရှာဖို့ ကောင်းလွန်းလှပါတယ် ။ Diana အမည်ရှိတဲ့ အဆိုပါမိန်းကလေးဟာ သူမရဲ့ တံတွေး ၊ ကျင်ငယ်ရည် နဲ့ ရာသီသွေးတို့ကို သောက်ရေ ၊ ထမင်း ၊ ဟင်းတွေထဲ ထည့်ချက်ပြီး အိမ်ရှင်တွေမှာတော့ အစားအသောက်တွေထဲပါလာတဲ့ အစွန်းအထင်းလို့သာ အစပိုင်းကထင်ခဲ့ကြပါတယ် ။ Diana ရဲ့ပြစ်မှု နှစ်ခုဟာ အတော်လေးထင်ရှားခဲ့ပြီး အခြားပြစ်မှုတစ်ခုမှာတော့ အိမ်ရှင်ထံကနေ ငွေခိုးယူခဲ့တဲ့ပြစ်မှုပါ ။ သူမယခုလို အစားအသောက်တွေထဲ အညစ်အကြေးထည့်ချက်ရတာက အဆိုပါအစားအစာတွေကို စားသောက်ပြီးနောက် အိမ်ရှင်တွေက သူမပြောသမျှကိုလိုက်နာပြီး သူမကိုဆူပူဆဲဆိုမှု သိပ်မရှိဘူးလို့ ယုံကြည်ပြီးပြုလုပ်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။

အဆိုပါ အသက် 30 အရွယ်ရှိနေပြီဖြစ်တဲ့ Diana ဟာ 2017 ခုနှစ်က အလုပ်စဝင်ခဲ့တာဖြစ်ပြီး 2နှစ်ခန့်အလုပ်ဝင်ပြီးနောက်မှ သူမရဲ့ကျင်ငယ်ရည် ၊ တံတွေး နှင့် ရာသီသွေးတို့ကို အစားအသောက်တွေထဲ ထည့်ချက်ခဲ့တာဖြစ်ပါတယ် ။ ထို့အပြင် သူမဟာ အိမ်ရှင်ထံမှ ငွေတွေကို 5ကြိမ်ခန့်ခိုးခဲ့ကြောင်းလည်း သိရှိရပါတယ် ။

အိမ်ရှင်အမျိုးသမီးမှာတော့ သူမငွေတွေပျောက်ဆုံးသွားလို့ ရဲကိုတိုင်ကြားရင်းနဲ့ အဆိုပါအိမ်ဖော်ရဲ့လုပ်ရပ်မျိုးကို ရှာဖွေတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ် ။ Diana ဟာ သူမရဲ့ပြစ်မှုအတွက် ထောင်ဒဏ် 6လနှင့်7ပတ်ချမှတ်ခံခဲ့ရပြီး သူမရဲ့လုပ်ရပ်အတွက်လည်း အတော်လေးနောင်တရမိကြောင်း အိမ်ရှင်တွေကိုတကယ့်စိတ်ရင်းနဲ့ တောင်းပန်ကြောင်းပြောဆိုခဲ့ပါသေးတယ် ။ ထို့အပြင် သူမဟာ အင်ဒိုနီးရှာနိုင်ငံမှာကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေရဲ့ငွေကြေးအခက်အခဲကြောင့် ပိုက်ဆံခိုးယူခဲ့မိတာဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment