တ႐ုတ္လို ႂကြက္ႏွစ္မို႔လို႔ ႂကြက္ကိုေလွာင္အိမ္ထဲဖမ္းထည့္ၿပီး ထိုင္႐ွိခိုးကာဆုေတာင္းခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

2020 ခုႏွစ္ဟာ တ႐ုတ္ေတြရဲ႕ ဆယ့္ႏွစ္ရာသီခြင္အရ ဆိုရင္ႂကြက္ႏွစ္ျဖစ္ပါတယ္ ။ ဒါေၾကာင့္မို႔ ႂကြက္ရုပ္ေလးေတြပါတဲ့ ပစၥည္းေတြကို ဒီႏွစ္မွာပိုၿပီးေတြ႔ျမင္ေနရတာပါ ။ တစ္ခ်ိဳ႕ဆိုရင္ Mickey Mouse အ႐ုပ္ေလးေတြနဲ႔ Collaboration လုပ္ထားတဲ့ အဝတ္အစားေတြ စသျဖင့္ေပါ ့။ ထို႔အျပင္ တစ္ခ်ိဳ႕ေသာ ဘာသာကိုင္း႐ႈိင္းၾကသူေတြကေတာ့ ဘုရားေက်ာင္းေတြသြားၿပီး ကံေကာင္းမႈေတြ ၊ စီးပြားေရးအဆင္ေျပဖို႔ ၊ က်န္းမာေရးေကာင္းဖို႔ စသည္ျဖင့္မ်ိဳးစံုဆုေတာင္းၾကေလ့႐ွိပါတယ္ ။ သို႔ေပမဲ့ ဒီတစ္ေခါက္ Facebook စာမ်က္ႏွာမွာ ေဖာ္ျပထားတဲ့ video ေလးကေတာ့ ထင္ထားတာထက္ ပိုၿပီးလြန္ကဲေနခဲ့လို႔ social media ေပၚမွာ အေတာ္ေလး ေရပန္းစားေနလ်က္႐ွိပါတယ္ ။

Video ထဲမွာေတာ့ အမ်ိဳးသားတစ္ေယာက္ဟာ ႂကြက္ႏွစ္ျဖစ္တဲ့အတြက္ ႂကြက္ကိုေလွာင္အိမ္ထဲမွာထည့္ၿပီး ေျမျပင္ေပၚမွာ ဒူးေထာက္ကာ ဘုရားေက်ာင္းေတြမွာဆုေတာင္းသလို အေမႊးတိုင္းေတြနဲ႔ဆုေတာင္ေနခဲ့တာပါ ။ ထို႔အျပင္ အဆိုပါအမ်ိဳးသားဟာ ႂကြက္ကိုလံုးဝေလးစား႐ိုေသတဲ့ပံုစံမ်ိဳးႏွင့္ ယခုႏွစ္ႂကြက္ႏွစ္မွာ ကံေကာင္ေစဖို႔ႂကြက္ေရွ့ဒူးေထာက္ၿပီး ဆုေတာင္းခဲ့တာပါ ။

ထို႔အျပင္ အဆိုပါႂကြက္ေလွာင္အိမ္ရဲ႕ အေ႐ွ႕တည့္တည့္မွာ ဘုရားေက်ာင္းေတြမွာထားသလို အေမႊးတိုင္စိုက္ထည့္တဲ့ခြက္ေလးကိုပါ ထားလိုက္ပါေသးတယ္ ။ မည္သို႔ပင္ျဖစ္ေစကာမူ အဆိုပါအမ်ိဳးသားရဲ႕ႂကြက္ႏွစ္အတြက္ ကံေကာင္းေစဖို႔ဆုေတာင္းတဲ့လုပ္ရပ္ဟာ အေတာ္ေလးကို ကိုး႐ို႔ကားယားႏိုင္လြန္းလွပါတယ္ ။ အဆိုပါ video ကို႐ိုက္ကူးေပးခဲ့ၾကသူေတြလည္း ေနာက္ကြယ္မွာ တခစ္ခစ္ရယ္ေနရတာကို video ထဲမွာ ၾကားမိၾကမွာပါ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

2020 ခုနှစ်ဟာ တရုတ်တွေရဲ့ ဆယ့်နှစ်ရာသီခွင်အရ ဆိုရင်ကြွက်နှစ်ဖြစ်ပါတယ် ။ ဒါကြောင့်မို့ ကြွက်ရုပ်လေးတွေပါတဲ့ ပစ္စည်းတွေကို ဒီနှစ်မှာပိုပြီးတွေ့မြင်နေရတာပါ ။ တစ်ချို့ဆိုရင် Mickey Mouse အရုပ်လေးတွေနဲ့ Collaboration လုပ်ထားတဲ့ အဝတ်အစားတွေ စသဖြင့်ပေါ့။ ထို့အပြင် တစ်ချို့သော ဘာသာကိုင်းရှိုင်းကြသူတွေကတော့ ဘုရားကျောင်းတွေသွားပြီး ကံကောင်းမှုတွေ ၊ စီးပွားရေးအဆင်ပြေဖို့ ၊ ကျန်းမာရေးကောင်းဖို့ စသည်ဖြင့်မျိုးစုံဆုတောင်းကြလေ့ရှိပါတယ် ။ သို့ပေမဲ့ ဒီတစ်ခေါက် Facebook စာမျက်နှာမှာ ဖော်ပြထားတဲ့ video လေးကတော့ ထင်ထားတာထက် ပိုပြီးလွန်ကဲနေခဲ့လို့ social media ပေါ်မှာ အတော်လေး ရေပန်းစားနေလျက်ရှိပါတယ် ။

Video ထဲမှာတော့ အမျိုးသားတစ်ယောက်ဟာ ကြွက်နှစ်ဖြစ်တဲ့အတွက် ကြွက်ကိုလှောင်အိမ်ထဲမှာထည့်ပြီး မြေပြင်ပေါ်မှာ ဒူးထောက်ကာ ဘုရားကျောင်းတွေမှာဆုတောင်းသလို အမွှေးတိုင်းတွေနဲ့ဆုတောင်နေခဲ့တာပါ ။ ထို့အပြင် အဆိုပါအမျိုးသားဟာ ကြွက်ကိုလုံးဝလေးစားရိုသေတဲ့ပုံစံမျိုးနှင့် ယခုနှစ်ကြွက်နှစ်မှာ ကံကောင်စေဖို့ကြွက်ရှေ့ဒူးထောက်ပြီး ဆုတောင်းခဲ့တာပါ ။

ထို့အပြင် အဆိုပါကြွက်လှောင်အိမ်ရဲ့ အရှေ့တည့်တည့်မှာ ဘုရားကျောင်းတွေမှာထားသလို အမွှေးတိုင်စိုက်ထည့်တဲ့ခွက်လေးကိုပါ ထားလိုက်ပါသေးတယ် ။ မည်သို့ပင်ဖြစ်စေကာမူ အဆိုပါအမျိုးသားရဲ့ကြွက်နှစ်အတွက် ကံကောင်းစေဖို့ဆုတောင်းတဲ့လုပ်ရပ်ဟာ အတော်လေးကို ကိုးရို့ကားယားနိုင်လွန်းလှပါတယ် ။ အဆိုပါ video ကိုရိုက်ကူးပေးခဲ့ကြသူတွေလည်း နောက်ကွယ်မှာ တခစ်ခစ်ရယ်နေရတာကို video ထဲမှာ ကြားမိကြမှာပါ ။

Jasmine (Mckzone Daily)

  • Leave a Comment