ေခြးကအိမ္ျပန္လိုက္မွာေၾကာက္လို႔ ေခြးမ်က္လံုးႏွစ္ဖက္လံုးကို Super Glues ကပ္ၿပီးစြန္႔ပစ္ခဲ့တဲ့ ေခြးပိုင္႐ွင္

လူအခ်ိဳ႕က ေခြးေလးေတြကိုေမြးၾကၿပီးေနာက္ ေနာက္ပိုင္းမလိုခ်င္ေတာ့ရင္ စြန္႔ပစ္ခဲ့တာမ်ိဳး႐ွိပါတယ္ ။ သို႔ေပမဲ့လည္း တစ္ခ်ိဳ႕ေသာေခြးေလးေတြက စြန္႔ပစ္ခဲ့တဲ့ေနရာမွာ သစၥာ႐ွိ႐ွိအျမဲေစာင့္ေနၾကသလို ၊ တစ္ခ်ိဳ႕ေခြးေလးေတြမွာေတာ့ သူတို႔အိမ္ကိုရေအာင္႐ွာၿပီး အိမ္အေရာက္ျပန္တာမ်ိဳး႐ွိတတ္ပါတယ္ ။ စြန္႔ပစ္ခံလိုက္ရတဲ့ေခြးေလးေတြမွာေတာ့ သူတို႔မွာအိမ္မ႐ွိေတာ့ဘူးဆိုတာ သိလိုက္ရခ်ိန္မွာ ေတာ္ေတာ္ေလးကိုေၾကာက္လန္႔ၾကမွာ အမွန္ပါပဲေလ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ ေခြးေလးကေတာ့ သူ႔သခင္ရဲ႕အဆိုးရြားဆံုးနည္းနဲ႔ လမ္းေဘးမွာစြန္႔ပစ္ခဲ့တာမ်ိဳးကိုခံခဲ့ရတာပါ ။

ဒီအျဖစ္အပ်က္ကေတာ့ Columbia မွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ၊ Carlos အမည္႐ွိတဲ့ အမ်ိဳးသားဟာ ေရဆိုးပိုက္ထဲမွာစြန္႔ပစ္ခံခဲ့ရတဲ့ ခ်စ္ဖို႔ေကာင္းတဲ့ေခြးေလးကို ေတြ႔ခဲ့ပါတယ္ ။ ထို႔ေနာက္ ေခြးေလးကိုအနီးကပ္သြားေရာက္ၾကည့္႐ႈခဲ့ခ်ိန္မွာေတာ့ Carlos ဟာ အေတာ္ေလးကိုအံ့ၾသထိတ္လန္႔သြားခဲ့ရပါတယ္ ။ ဘာလို႔လဲဆိုေတာ့ ေခြးေလးရဲ႕မူလသခင္ဟာ ေခြးေလးအိမ္ျပန္မလိုက္ႏိုင္ေအာင္ ေခြးေလးရဲ႕မ်က္လံုးနွစ္ဖက္လံုးကို Super Glue နဲ႔ကပ္ၿပီး စြန္႔ပစ္ထားခဲ့လို႔ပါပဲ ။

ထို႔ေၾကာင့္ Carlos ဟာ ေခြးေလးကိုေဆးခန္းသို႔အလ်င္အျမန္ေခၚေဆာင္သြားခဲ့ၿပီး ၊ ေခြးေလးဟာ သူ႔ရဲ႕ေျခေခ်ာင္းေလးေတြကို အသံုးျပဳၿပီး မ်က္လံုးျပန္ဖြင့္ႏိုင္ေအာင္ႀကိဳးစားခဲ့တဲ့အတြက္ မ်က္လံုးအနားဒဏ္ရာမ်ားရ႐ွိခဲ့ပါတယ္ ။ ကံေကာင္းစြာနဲ႔ပဲ ကုသမႈခံယူၿပီး 3 ရက္အၾကာမွာေတာ့ မ်က္လံုးအနားက Super glue ေတြကိုလံုးဝဖယ္ထုတ္ေပးႏိုင္ခဲ့ပါတယ္ ။ Carlos ကေတာ့ ေခြးေလးလံုးဝေနျပန္ေကာင္းၿပီး ေဆးခန္းကေနဆင္းလို႔ရရင္ ေခြးေလးကိုေမြးစားသြားမည္ျဖစ္ေၾကာင္းလည္း ေျပာဆိုသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူအချို့က ခွေးလေးတွေကိုမွေးကြပြီးနောက် နောက်ပိုင်းမလိုချင်တော့ရင် စွန့်ပစ်ခဲ့တာမျိုးရှိပါတယ် ။ သို့ပေမဲ့လည်း တစ်ချို့သောခွေးလေးတွေက စွန့်ပစ်ခဲ့တဲ့နေရာမှာ သစ္စာရှိရှိအမြဲစောင့်နေကြသလို ၊ တစ်ချို့ခွေးလေးတွေမှာတော့ သူတို့အိမ်ကိုရအောင်ရှာပြီး အိမ်အရောက်ပြန်တာမျိုးရှိတတ်ပါတယ် ။ စွန့်ပစ်ခံလိုက်ရတဲ့ခွေးလေးတွေမှာတော့ သူတို့မှာအိမ်မရှိတော့ဘူးဆိုတာ သိလိုက်ရချိန်မှာ တော်တော်လေးကိုကြောက်လန့်ကြမှာ အမှန်ပါပဲလေ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ခွေးလေးကတော့ သူ့သခင်ရဲ့အဆိုးရွားဆုံးနည်းနဲ့ လမ်းဘေးမှာစွန့်ပစ်ခဲ့တာမျိုးကိုခံခဲ့ရတာပါ ။

ဒီအဖြစ်အပျက်ကတော့ Columbia မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ Carlos အမည်ရှိတဲ့ အမျိုးသားဟာ ရေဆိုးပိုက်ထဲမှာစွန့်ပစ်ခံခဲ့ရတဲ့ ချစ်ဖို့ကောင်းတဲ့ခွေးလေးကို တွေ့ခဲ့ပါတယ် ။ ထို့နောက် ခွေးလေးကိုအနီးကပ်သွားရောက်ကြည့်ရှုခဲ့ချိန်မှာတော့ Carlos ဟာ အတော်လေးကိုအံ့သြထိတ်လန့်သွားခဲ့ရပါတယ် ။ ဘာလို့လဲဆိုတော့ ခွေးလေးရဲ့မူလသခင်ဟာ ခွေးလေးအိမ်ပြန်မလိုက်နိုင်အောင် ခွေးလေးရဲ့မျက်လုံးနှစ်ဖက်လုံးကို Super Glue နဲ့ကပ်ပြီး စွန့်ပစ်ထားခဲ့လို့ပါပဲ ။

ထို့ကြောင့် Carlos ဟာ ခွေးလေးကိုဆေးခန်းသို့အလျင်အမြန်ခေါ်ဆောင်သွားခဲ့ပြီး ၊ ခွေးလေးဟာ သူ့ရဲ့ခြေချောင်းလေးတွေကို အသုံးပြုပြီး မျက်လုံးပြန်ဖွင့်နိုင်အောင်ကြိုးစားခဲ့တဲ့အတွက် မျက်လုံးအနားဒဏ်ရာများရရှိခဲ့ပါတယ် ။ ကံကောင်းစွာနဲ့ပဲ ကုသမှုခံယူပြီး 3 ရက်အကြာမှာတော့ မျက်လုံးအနားက Super glue တွေကိုလုံးဝဖယ်ထုတ်ပေးနိုင်ခဲ့ပါတယ် ။ Carlos ကတော့ ခွေးလေးလုံးဝနေပြန်ကောင်းပြီး ဆေးခန်းကနေဆင်းလို့ရရင် ခွေးလေးကိုမွေးစားသွားမည်ဖြစ်ကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment