ဖခင္ကပိုက္ဆံမ႐ွိလို႔ ေမြးကင္းစကေလးရဲ႕အေလာင္းကို ရြာသခ်ႋဳင္မွာျမဳပ္ခြင့္မေပးခဲ့ဲၾကတဲ့ ရြာသားေတြရဲ႕လုပ္ရပ္

လူတိုင္းကေတာ့ ကိုယ့္ရဲ႕မိသားစုဝင္တစ္ေယာက္ဆံုး႐ႈံးရၿပီဆိုရင္ အေတာ္ေလးေၾကကြဲဝမ္းနည္းရမွာပါ ။ အထူးသျဖင့္ သားသမီးေတြကိုဆံုး႐ႈံးလိုက္ရတဲ့မိဘေတြဆိုရင္ ပိုၿပီးခံစားရမွာပါ ။ မေလးရွားနိုင္ငံ Sabah ျပည္နယ္မွာေနထိုင္တဲ့ Abam Botak အမည္နဲ႔အမ်ိဳးသားတစ္ေယာက္ဟာ ေသဆံုးသြားၿပီျဖစ္တဲ့ ေမြးကင္စကေလးငယ္ကိုျမဳပ္ႏွံဖို႔ေနရာ႐ွာေနခဲ့တဲ့ ဖခင္တစ္ေယာက္ကို ရြာသားေတြကေတာ့ သူတို႔ရဲ႕ရြာသခ်ႋဳင္မွာ ျမဳပ္ႏွံခြင့္မေပးႏိုင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ ဘာလို႔လည္းဆိုေတာ့ ကေလးငယ္ရဲ႕ဖခင္ျဖစ္သူဟာ ရြာသခ်ႋဳင္မွာျမဳပ္ႏွံခြင့္ရဖို႔ ပိုက္ဆံလံုလံုေလါက္ေလါက္ေပးနိုင္စြမ္းမ႐ွိတဲ့သူျဖစ္တဲ့အျပင္ မွတ္ပံုတင္အေထာက္အထားေတြလည္းမ႐ွိတဲ့သူ ျဖစ္တဲ့အတြက္ေၾကာင့္ ျဖစ္ေၾကာင္း သူ၏ Facebook စာမ်က္ႏွာမွာေဝမ်ွခဲ့ပါတယ္ ။

Abam ကေတာ့ ယခုလိုမ်ိဳးမခြဲျခားသင့္ေၾကာင္းႏွင့္ ကေလးငယ္ကသူေမြးဖြားလာတဲ့ရြာထဲမွာ ျမဳပ္ႏွံခြင့္မရခဲ့တဲ့အျပင္ ၊ ရြာသားေတြျငင္းဆိုရေလာက္ေအာင္ ကေလးကိုျမဳပ္တဲ့ေျမေနရာက ဘယ္ေလာက္ေတာင္မွ ကုန္သြားမွာမို႔လို႔လဲ ဆိုၿပီးေတာ့ပါ ေျပာဆိုခဲ့ေသးပါတယ္ ။

အဆံုးသတ္မွာေတာ့ ကေလးငယ္ရဲ႕႐ုပ္အေလာင္းကို Sandakan ၿမိဳ႕မွာ႐ွိတဲ့ သခ်ႋဳင္မွာ ျမဳပ္ႏွံခြင့္ရခဲ့ပါတယ္ ။ ဒါကေတာ့ သူတို႔ရဲ႕ရင္ထဲက လူသားခ်င္းစာနာစိတ္ဘယ္ေလာက္႐ွိလဲဆိုတာကို Sandakan ၿမိဳ႕ကလူေတြက ျပသလိုက္တာပဲ ဆိုၿပီးလည္း ေျပာဆိုခဲ့ပါေသးတယ္ ။ အနာက်င္ရဆံုးကေတာ့ ကေလးငယ္ရဲ႕ဖခင္ဟာ သူ႔ရဲ႕ကေလး႐ုပ္အေလာင္းကိုေပြ႔ခ်ီၿပီး ျမဳပ္ႏွံဖို႔ရြာအျပင္ဖက္အထိ ထြက္ၿပီး႐ွာခဲ့ရလို႔ပါပဲ ဆိုၿပီး ေျပာဆိုသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူတိုင်းကတော့ ကိုယ့်ရဲ့မိသားစုဝင်တစ်ယောက်ဆုံးရှုံးရပြီဆိုရင် အတော်လေးကြေကွဲဝမ်းနည်းရမှာပါ ။ အထူးသဖြင့် သားသမီးတွေကိုဆုံးရှုံးလိုက်ရတဲ့မိဘတွေဆိုရင် ပိုပြီးခံစားရမှာပါ ။ မလေးရှားနိုင်ငံ Sabah ပြည်နယ်မှာနေထိုင်တဲ့ Abam Botak အမည်နဲ့အမျိုးသားတစ်ယောက်ဟာ သေဆုံးသွားပြီဖြစ်တဲ့ မွေးကင်စကလေးငယ်ကိုမြုပ်နှံဖို့နေရာရှာနေခဲ့တဲ့ ဖခင်တစ်ယောက်ကို ရွာသားတွေကတော့ သူတို့ရဲ့ရွာသင်္ချိုင်မှာ မြုပ်နှံခွင့်မပေးနိုင်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ဘာလို့လည်းဆိုတော့ ကလေးငယ်ရဲ့ဖခင်ဖြစ်သူဟာ ရွာသင်္ချိုင်မှာမြုပ်နှံခွင့်ရဖို့ ပိုက်ဆံလုံလုံလေါက်လေါက်ပေးနိုင်စွမ်းမရှိတဲ့သူဖြစ်တဲ့အပြင် မှတ်ပုံတင်အထောက်အထားတွေလည်းမရှိတဲ့သူ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ကြောင်း သူ၏ Facebook စာမျက်နှာမှာဝေမျှခဲ့ပါတယ် ။

Abam ကတော့ ယခုလိုမျိုးမခွဲခြားသင့်ကြောင်းနှင့် ကလေးငယ်ကသူမွေးဖွားလာတဲ့ရွာထဲမှာ မြုပ်နှံခွင့်မရခဲ့တဲ့အပြင် ၊ ရွာသားတွေငြင်းဆိုရလောက်အောင် ကလေးကိုမြုပ်တဲ့မြေနေရာက ဘယ်လောက်တောင်မှ ကုန်သွားမှာမို့လို့လဲ ဆိုပြီးတော့ပါ ပြောဆိုခဲ့သေးပါတယ် ။

အဆုံးသတ်မှာတော့ ကလေးငယ်ရဲ့ရုပ်အလောင်းကို Sandakan မြို့မှာရှိတဲ့ သင်္ချိုင်မှာ မြုပ်နှံခွင့်ရခဲ့ပါတယ် ။ ဒါကတော့ သူတို့ရဲ့ရင်ထဲက လူသားချင်းစာနာစိတ်ဘယ်လောက်ရှိလဲဆိုတာကို Sandakan မြို့ကလူတွေက ပြသလိုက်တာပဲ ဆိုပြီးလည်း ပြောဆိုခဲ့ပါသေးတယ် ။ အနာကျင်ရဆုံးကတော့ ကလေးငယ်ရဲ့ဖခင်ဟာ သူ့ရဲ့ကလေးရုပ်အလောင်းကိုပွေ့ချီပြီး မြုပ်နှံဖို့ရွာအပြင်ဖက်အထိ ထွက်ပြီးရှာခဲ့ရလို့ပါပဲ ဆိုပြီး ပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment