2ႏွစ္အရြယ္ကေလးငယ္ကို အစာအငတ္ထားၿပီး သန္႔စင္ခန္းထဲ 3ရက္ခန္႔ပိတ္ေလွာင္ထားခဲ့တဲ့ မိခင္ ႏွင့္ ခ်စ္သူ တို႔ရဲ႕ လုပ္ရပ္

ထိုင္ဝမ္မွာေနထိုင္တဲ့ Lin အမည္႐ွိတဲ့အမ်ိဳးသမီး နဲ႔ သူမရဲ႕ခ်စ္သူ Xiao အမည္႐ွိတဲ့အမ်ိဳးသားတို႔ဟာ ၿပီးခဲ့တဲ့ January 14 ရက္ေန႔က 2ႏွစ္အရြယ္ကေလးငယ္ကို ႏွိပ္စက္ခဲ့တဲ့အျပင္ အစာအငတ္ထားၿပီး သန္႔စင္ခန္းထဲမွာ 3ရက္ ဆက္တိုက္ ေသဆံုးသြားသည္အထိ ပိတ္ေလွာင္ခဲ့တဲ့အတြက္ တရားစြဲဆိုျခင္းခံခဲ့ၾကရပါတယ္ ။ Lin ဟာ အဆိုပါ အခင္းျဖစ္ေနစဥ္ရက္ေတြတုန္းက ေနအိမ္မွာ႐ွိမေနခဲ့ပဲ ၊ သူမရဲ႕ခ်စ္သူကေတာ့ ကေလးငယ္ဟာ ဆူညံလြန္းေနခဲ့တဲ့အတြက္ အိမ္သာထဲမွာ ပိတ္ေလွာင္ထားခဲ့တာျဖစ္ပါတယ္ ။ စိတ္ပိုင္းဆိုင္ရာ မတည္မၿငိမ္ျဖစ္ေနတဲ့မိခင္ျဖစ္သူဟာ 3ရက္အၾကာေနအိမ္သို႔ ျပန္ေရာက္လာခ်ိန္မွာေတာ့ သန္စင္ခန္းထဲမွာ အာဟာရခ်ိဳ႕တဲ့ၿပီး က်င္ႀကီးက်င္ငယ္အညစ္ေၾကးေတြနဲ႔အတူ လဲက်ေသဆံုးေနခဲ့တဲ့သားကို ေတြ႔႐ွိသြားခဲ့ပါတယ္ ။

ေဆးဖက္ဆိုင္ရာအကူေတြနဲ႔ လူနာတင္ကားေတြေရာက္႐ွိလာခ်ိန္မွာေတာ့ အာဟာရခ်ိဳ႕တဲ့ၿပီးေသဆံုးေနခဲ့တဲ့ 2ႏွစ္အရြယ္ကေလးငယ္ကို ေတြ႔႐ွိခဲ့ရတဲ့အျပင္ ကေလးငယ္ဟာပံုမွန္ထက္ ပိန္ေနခဲ့ၿပီး ကိုယ္အေလးခ်ိန္ 5.7 kg သာ႐ွိခဲ့တဲ့အတြက္ ကေလးငယ္ဟာ အစားအစာမစားေသာက္ရတာ 1ပတ္ဝန္းက်င္ခန္႔ ၾကာသြားၿပီးမွ ေသဆံုးသြားခဲ့ရတာျဖစ္ေၾကာင္း ထြက္ေပၚလာခဲ့ပါတယ္ ။ ရဲအရာ႐ွိေတြရဲ႕ စံုစမ္းစစ္ေဆးမႈအရ Lin ဟာ ကေလးငယ္ကိုေမြးဖြားၿပီးေနာက္မွာေတာ့ ေဆြးမ်ိဳးမ်ား ႏွင့္ သူငယ္ခ်င္းျဖစ္သူေတြက ၾကည့္႐ႈေစာင့္ေ႐ွာက္ေပးခဲ့ၾကေပမဲ့လည္း ေနာက္ဆံုးမေစာင့္ေ႐ွာက္ႏိုင္ၾကေတာ့တဲ့အဆံုး Lin ဟာ သူ၏အစ္ကိုျဖစ္သူေနထိုင္ရာ Taipei သို႔ေျပာင္းေရႊ႔ေနထိုင္ခဲ့ပါတယ္ ။

ထိုအခ်ိန္ကတည္းက ကေလးငယ္ဟာ ဗိုက္ဆာလို႔ငိုယိုတဲ့အခ်ိန္ေတြတိုင္း Lin နဲ႔ အစ္ကိုျဖစ္သူတို႔ဟာ ကေလးကို႐ိုက္ႏွက္ႏွိပ္စက္ၿပီး သန္႔စင္ခဲ့ထဲပိတ္ေလွာင္ထားေလ့႐ွိပါတယ္ ။ ေနာက္ပိုင္း Lin ဟာ online ကေနေတြ႔ဆံုခဲ့တဲ့ခ်စ္သူကို သူမတို႔ရဲ႕တိုက္ခန္းမွာအတူလာေနဖို႔ဖိတ္ေခၚခဲ့ၿပီး လူႀကီး 3ေယာက္လံုးက ကေလးငယ္ကိုအလွည့္ၾကႏွိပ္စက္ခဲ့ပါတယ္ ။ Lin တို႔စံုတြဲဟာ ကေလးဗိုက္ဆာလို႔ငိုယိုတဲ့အခ်ိန္တိုင္း စားႂကြင္းစားက်န္မ်ားကိုသာ ပစ္ေကြၽးေလ့႐ွိၿပီး တစ္ခါတစ္ေလအငတ္ခံထားကာ ၎တို႔စံုတြဲမွာေတာ့ အျပင္မွာသြားေရာက္စားေသာက္ကာ သံုးျဖဳန္းေနေလ့႐ွိၾကပါတယ္ ။ Lin ဟာ ကေလးငယ္ကိုအစာမေကြၽးပဲ ပစ္ထားခဲ့တာကို ခ်စ္သူေကာင္ေလးက သိသိရက္နဲ႔ ကေလးငယ္ကိုလံုးဝမကူညီပဲ ကေလးငိုယိုေနလို႔ ဆူညံလ်ွင္ အိမ္သာထဲမွာ ပိတ္ေလွာင္ထားေလ့႐ွိၾကပါတယ္ ။ ထို႔ေၾကာင့္ အစိုးရေ႐ွ႕ေနေတြက ၎တို႔စံုတြဲကို ကေလးငယ္အာ ႏွိပ္စက္ၿပီး အစာအငတ္ခံကာ ေသသည္အထိပိတ္ေလွာင္ထားမႈႏွင့္ တရားစြဲဆိုထားၿပီး ၊ ျပစ္မႈႏွင့္ဆက္ႏြယ္ေနတဲ့ Lin ၏အစ္ကိုျဖစ္သူကိုလည္း ဖမ္းဆီးႏိုင္ဖို႔႐ွာေဖြေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ထိုင်ဝမ်မှာနေထိုင်တဲ့ Lin အမည်ရှိတဲ့အမျိုးသမီး နဲ့ သူမရဲ့ချစ်သူ Xiao အမည်ရှိတဲ့အမျိုးသားတို့ဟာ ပြီးခဲ့တဲ့ January 14 ရက်နေ့က 2နှစ်အရွယ်ကလေးငယ်ကို နှိပ်စက်ခဲ့တဲ့အပြင် အစာအငတ်ထားပြီး သန့်စင်ခန်းထဲမှာ 3ရက် ဆက်တိုက် သေဆုံးသွားသည်အထိ ပိတ်လှောင်ခဲ့တဲ့အတွက် တရားစွဲဆိုခြင်းခံခဲ့ကြရပါတယ် ။ Lin ဟာ အဆိုပါ အခင်းဖြစ်နေစဉ်ရက်တွေတုန်းက နေအိမ်မှာရှိမနေခဲ့ပဲ ၊ သူမရဲ့ချစ်သူကတော့ ကလေးငယ်ဟာ ဆူညံလွန်းနေခဲ့တဲ့အတွက် အိမ်သာထဲမှာ ပိတ်လှောင်ထားခဲ့တာဖြစ်ပါတယ် ။ စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်နေတဲ့မိခင်ဖြစ်သူဟာ 3ရက်အကြာနေအိမ်သို့ ပြန်ရောက်လာချိန်မှာတော့ သန်စင်ခန်းထဲမှာ အာဟာရချို့တဲ့ပြီး ကျင်ကြီးကျင်ငယ်အညစ်ကြေးတွေနဲ့အတူ လဲကျသေဆုံးနေခဲ့တဲ့သားကို တွေ့ရှိသွားခဲ့ပါတယ် ။

ဆေးဖက်ဆိုင်ရာအကူတွေနဲ့ လူနာတင်ကားတွေရောက်ရှိလာချိန်မှာတော့ အာဟာရချို့တဲ့ပြီးသေဆုံးနေခဲ့တဲ့ 2နှစ်အရွယ်ကလေးငယ်ကို တွေ့ရှိခဲ့ရတဲ့အပြင် ကလေးငယ်ဟာပုံမှန်ထက် ပိန်နေခဲ့ပြီး ကိုယ်အလေးချိန် 5.7 kg သာရှိခဲ့တဲ့အတွက် ကလေးငယ်ဟာ အစားအစာမစားသောက်ရတာ 1ပတ်ဝန်းကျင်ခန့် ကြာသွားပြီးမှ သေဆုံးသွားခဲ့ရတာဖြစ်ကြောင်း ထွက်ပေါ်လာခဲ့ပါတယ် ။ ရဲအရာရှိတွေရဲ့ စုံစမ်းစစ်ဆေးမှုအရ Lin ဟာ ကလေးငယ်ကိုမွေးဖွားပြီးနောက်မှာတော့ ဆွေးမျိုးများ နှင့် သူငယ်ချင်းဖြစ်သူတွေက ကြည့်ရှုစောင့်ရှောက်ပေးခဲ့ကြပေမဲ့လည်း နောက်ဆုံးမစောင့်ရှောက်နိုင်ကြတော့တဲ့အဆုံး Lin ဟာ သူ၏အစ်ကိုဖြစ်သူနေထိုင်ရာ Taipei သို့ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ် ။

ထိုအချိန်ကတည်းက ကလေးငယ်ဟာ ဗိုက်ဆာလို့ငိုယိုတဲ့အချိန်တွေတိုင်း Lin နဲ့ အစ်ကိုဖြစ်သူတို့ဟာ ကလေးကိုရိုက်နှက်နှိပ်စက်ပြီး သန့်စင်ခဲ့ထဲပိတ်လှောင်ထားလေ့ရှိပါတယ် ။ နောက်ပိုင်း Lin ဟာ online ကနေတွေ့ဆုံခဲ့တဲ့ချစ်သူကို သူမတို့ရဲ့တိုက်ခန်းမှာအတူလာနေဖို့ဖိတ်ခေါ်ခဲ့ပြီး လူကြီး 3ယောက်လုံးက ကလေးငယ်ကိုအလှည့်ကြနှိပ်စက်ခဲ့ပါတယ် ။ Lin တို့စုံတွဲဟာ ကလေးဗိုက်ဆာလို့ငိုယိုတဲ့အချိန်တိုင်း စားကြွင်းစားကျန်များကိုသာ ပစ်ကျွေးလေ့ရှိပြီး တစ်ခါတစ်လေအငတ်ခံထားကာ ၎င်းတို့စုံတွဲမှာတော့ အပြင်မှာသွားရောက်စားသောက်ကာ သုံးဖြုန်းနေလေ့ရှိကြပါတယ် ။ Lin ဟာ ကလေးငယ်ကိုအစာမကျွေးပဲ ပစ်ထားခဲ့တာကို ချစ်သူကောင်လေးက သိသိရက်နဲ့ ကလေးငယ်ကိုလုံးဝမကူညီပဲ ကလေးငိုယိုနေလို့ ဆူညံလျှင် အိမ်သာထဲမှာ ပိတ်လှောင်ထားလေ့ရှိကြပါတယ် ။ ထို့ကြောင့် အစိုးရရှေ့နေတွေက ၎င်းတို့စုံတွဲကို ကလေးငယ်အာ နှိပ်စက်ပြီး အစာအငတ်ခံကာ သေသည်အထိပိတ်လှောင်ထားမှုနှင့် တရားစွဲဆိုထားပြီး ၊ ပြစ်မှုနှင့်ဆက်နွယ်နေတဲ့ Lin ၏အစ်ကိုဖြစ်သူကိုလည်း ဖမ်းဆီးနိုင်ဖို့ရှာဖွေနေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment